ဇာတ်လမ်းက တကယ်တော့ အညတရရဲဘော်တွေရဲ့ အညတရ အဖြစ်အပျက်လေး တစ်ခုပါ။ ဒါပေမယ့် နာရီတစ်လုံးမှာတောင် ပင်နယန်တွေက အကြီးအသေး အမျိုးမျိုး ရှိပြီး ကြီးတာကမှ ပိုအရေးကြီးတယ်၊ သေးတာက အရေးမကြီးဘူးရယ်လို့ သတ်မှတ်လို့ ရတာမျိုး မဟုတ်ဘူး။ ပင်နယန်အသေးကလည်း သေးသာသေး၊ ငယ်သာငယ်ပေမယ့် နာရီဆိုတဲ့ ယန္တရားတစ်ခု ပုံမှန်လည်ပတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ကို ယူထားရတာမို့ သူ့မှာလည်း သီးသန့်အရေးပါမှုတစ်ခု ပိုင်ဆိုင်ထားတယ်။ အဲဒီ ပင်နယန်သေးသေးလေးကသာ သူ့တာဝန်ကို သူ မကျေပွန်ခဲ့ရင် နာရီဆိုတဲ့ ယန္တရားကြီးတစ်ခုလုံး ရပ်တန့်သွားမယ်။ ဒါမှမဟုတ် နှောင့်နှေးသွားမယ်။ အဲဒီလိုပါပဲ။ ဖက်ဆစ်တော်လှန်ရေး ဆိုတဲ့ ယန္တရားကြီးတစ်ခုမှာလည်း မြေအောက်ရဲဘော် ဆိုတဲ့ အဲဒီ အညတရ ပင်နယန်လေးတစ်ခုသာ လွဲချော်သွားခဲ့ရင် …
ကြမ်းကြားလေ
Share this book
Continue reading