မာတိကာကြည့်ရန်

အခန်း (၈)

နံနက် ၅ နာရီ ၁၀ မိနစ်။ ပြတင်းပေါက် အပြင်ဘက်မှ ကောင်းကင်ပြင်တွင် ရောင်နီများ ယှက်သန်းနေလေပြီ။

အာကီအိုသည် ထမင်းစားခန်းထဲတွင် ထိုင်နေသည်။ ပြတင်းပေါက် လိုက်ကာမှာ ချထားသော်လည်း အပြင်ဘက် ကောင်းကင်ပြင်တွင် လင်းရောင်ခြည်များ တဖြည်းဖြည်း တိုး၍တိုး၍ တောက်ပလာသည်ကို မြင်နေရသည်။

စား၍ မကုန်သေးသော ဟမ်ဘာဂါပန်းကန်သည် စားပွဲပေါ်တွင် တင်ထားလျက် ရှိသေးသည်။ ဖန်ခွက်ထဲတွင်လည်း ဘီယာတစ်ဝက်မျှ ကျန်နေသေးသည်။ စားချင်သောက်ချင်စိတ်က မရှိ။ ယာအေကိုသည်လည်း မစားချင် စားချင်ဖြင့်
က
ြိ
တ်မှိတ်စားခဲ့ရာ
 သုံးပုံတစ်ပုံပင် မကုန်ချင်။ ဆက်ပြီး မစားတော့ဘဲ နေမကောင်းဟုဆိုကာ အိပ်ခန်းထဲ ဝင်ပြီး အနားယူနေသည်။ ပန်းကန်ထဲမှ ဟမ်ဘာဂါအကုန်လုံးကို ပြောင်စင်အောင် စားခဲ့သူမှာ နာအိုမီ တစ်ယောက်တည်း။ စောစောကမှ စားပြီးသား ပန်းကန်များကို ယာအေကိုက အောက်သို့ ချလာခဲ့သည်။ အာကီအိုသည် ဤသည်တို့ကို မြင်၍ ပွစိပွစိ လုပ်ရန်လည်း စိတ်မပါတော့ချေ။ ယနေ့တစ်နေ့တာ တစ်ချိန်လုံး သူတို့ မည်သို့ နှစ်ပါးသွားရမည်ကိုသာ အပြန်ပြန် အလှန်လှန် စဉ်းစားနေရသောကြောင့် တခြား ကိစ္စများအပေါ် အာရုံ မရောက်နိုင်တော့။

ခြံတံခါးဝမှ
အသံဗလ
ံမျ
ား
 ကြားနေရသည်။ စာတိုက်ပုံးထဲသို့ ပစ္စည်းတစ်ခုခု ထိုးထည့်နေခြင်း ဖြစ်သည်။ ယခုလို အချိန်မျိုး ဆိုလျှင် သတင်းစာ လာပို့တာပဲ ဖြစ်ရမည်။

အာကီအိုသည် သတင်းစာသွားယူမည်ဟု မတ်တပ်ရပ်လိုက်ပြီးကာမှ ပြန်ထိုင်ချလိုက်သည်။ နံနက်စောစောအချိန် သူအပြင်သို့ ထွက်လာသည်ကို တခြားသူများ မြင်လျှင် ယုန်ထင်ကြောင်ထင် ထင်နေကြဦးမည်။ ယနေ့သည် စနေနေ့ဖြစ်သည်။ ပုံမှန်အားဖြင့် စနေနေ့ဆိုလျှင် အာကီအိုတို့ မိသားစုမှာ အိပ်ရာ စောစော ထလေ့မရှိကြ။ ယနေ့မှ သူတို့အား စောစောစီးစီး နိုးနေသည်ကို တွေ့ရလျှင် မူမမှန်ဟုထင်ကာ သံသယ ဝင်နေကြမည်ကိုလည်း သူ စိုးရိမ်သည်။ နံနက်သတင်းစာတွင်လည်း ဘာသတင်းမျှ မယ်မယ်ရရ ပါလိမ့်မည် မထင်။ သူတို့အတွက် အင်မတန် အရေးကြီးသည်ဆိုသော သတင်းများမှာ အစောဆုံးအားဖြင့် ယနေ့ည သတင်းများတွင်သာ ပါနိုင်ပေလိမ့်မည်။

ထိုစဉ် တံခါးမှ ‘ဂလုတ်’ ဟူသော အသံမြည်လာ၍ အာကီအို လန့်သွားသည်။ ယာအေကို ဝင်လာခြင်း ဖြစ်သည်။

“ဘယ်လိုဖြစ်ရတာလဲ” တစ်ဘက်မှ အံ့ဩစွာ လှမ်းမေးသည်။

“ဘာ …. ဘာမှ မဟုတ်ပါဘူး။ ဒီတံခါးသံက ဘယ်လိုဖြစ်လို့ ဒီအသံ ထွက်နေတာလဲ”

“တံခါး?” သူက တံခါးကို အဖွင့်အပိတ် နှစ်ခါသုံးခါ လုပ်လိုက်သောအခါ တံခါးရွက်က လှုပ်သွားတိုင်း ‘ဂလုတ်ဂလုတ်၊ ဂလတ်ဂလတ်’ အသံများ ထွက်ပေါ်နေသည်။ “ဪ၊ ရှင်က ဒီအသံကို ပြောတာလား။ အရင်ကတည်းက ဒီအတိုင်းပဲ”

“ဒီလိုလား။ ငါဖြင့် သတိမထားမိပါဘူး”

“တစ်နှစ်ကျော်လောက် ရှိရောပေါ့” ယာအေကိုသည် ထိုသို့ ပြော၍ စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်များကို လှမ်းကြည့်သည်။ “ရှင် စားလို့ ပြီးပြီလား”

“အင်း၊ သိမ်းချင် သိမ်းတော့လေ”

ပန်းကန်များ သိမ်းဆည်း၍ မီးဖိုချောင်ထဲသို့ သယ်ယူသွားသော ယာအေကိုကို အာကီအိုသည် တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် သူ၏ အမြင်အာရုံမှာ တံခါးဆီသို့ ပြန်ရောက်သွားသည်။ သူသည် အိမ်တွင်းရှိ မည်သည့် ပရိဘောဂကို မဆို၊ မည်သည့် ပစ္စည်းကို မဆို စိတ်ဝင်စားမှု မရှိခဲ့ဖူး။ ထို့ကြောင့် အိမ်တွင်း၌ မည်သည့်အရာများ မည်သို့ ဖြစ်ပျက်နေသည်ကိုလည်း လုံးဝ နားလည်သဘောပေါက်သူ မဟုတ်။ ဤအိမ်ကလေးမှာ သူ ငယ်ငယ်ကတည်းက နေသားကျနေခဲ့သော အိမ်ကလေး။ သို့သော် အိမ်တွင်းမှ အရာအားလုံးသည် သူ့အတွက်တော့ ပထမဆုံးအကြိမ် မြင်ရဖူးသော ပစ္စည်းများသဖွယ် အားလုံးမှာ ခပ်စိမ်းစိမ်းသာ။

သူ၏ အကြည့်များသည် ခြံဘက်သို့ မျက်နှာမူထားသော မှန်ပြတင်းတံခါးအရောက်တွင် ရပ်တန့်သွားသည်။ ထိုမှန်ပြတင်းပေါက်၏ အောက်ခြေ ကြမ်းပြင်တွင် ကြမ်းသုတ်အဝတ်ကို တွေ့ရသည်။

“အဲဒီနေရာမှာ သတ်တာပဲ ဖြစ်မယ်” အာကီအို၏ ပါးစပ်မှ အသံထွက်လာသည်။

“…. ဘာ”

“နင် အဲဒီအဝတ်နဲ့ ကြမ်းသုတ်ထားတာမလား” အာကီအိုသည် ကြမ်းပြင်ပေါ်မှ အဝတ်စုတ်ကို မေးဆတ်ပြလိုက်သည်။

“အား … မဖြစ်ဘူး။ အဲဒါကို သေချာဖွက်ထားမှ ဖြစ်မယ်”

ယာအေကိုသည် ကြွပ်ကြွပ်အိတ် အလွတ်တစ်လုံးကို ယူ၍ ကြမ်းတိုက်အဝတ်စုတ်ကို ကောက်ထည့်လိုက်သည်။

“တခြား အမှိုက်တွေနဲ့ သေသေချာချာ ရောထားလိုက်။ အမှိုက်ပစ်တဲ့အခါမှာလည်း မမြင်စေနဲ့ဦး”

“ကျွန်မ သိပါတယ်”

ယာအေကိုသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး တစ်ခဏအကြာတွင် အမှိုက်ပုံးထဲ တစ်စုံတစ်ခု ပစ်ထည့်လိုက်သံကို ကြားရသည်။

အာကီအိုသည် အဝတ်စုတ်ချထားခဲ့သော ကြမ်းပြင်ကို စိုက်ကြည့်နေပြီး ကလေးမလေး၏ ရုပ်အလောင်း ထိုနေရာ၌ လဲကျနေသော မြင်ကွင်းကို မြင်ယောင်ကြည့်နေမိသည်။

“ယာအေကို” အာကီအိုက ယာအေကိုကို လှမ်းခေါ်လိုက်သည်။

“ဘာဖြစ်ပြန်ရတာလဲ” တစ်ဘက်မှ စိတ်မရှည်တော့သော လေသံဖြင့် မျက်မှောင်ကြုတ်လျက် ကြည့်နေသည်ကို မြင်လိုက်ရသည်။

“ကလေးမလေးက တို့အိမ်ထဲကို ဝင်တယ် မဟုတ်လား”

“အင်းလေ။ ဒါကြောင့် နာအိုမီက သူ့ကို အဓမ္မ ဖမ်းခေါ်လာတာ မဟုတ်ဘူးလို့ ပြောနေတာပေါ့။ သူကိုယ်တိုင်မှာလည်း အနည်းနဲ့အများ တာဝန်ရှိတာပဲ”

“သူက အိမ်ထဲ ဝင်တယ်ဆိုရင် ဘာဖြစ်လို့ ခြေနင်းစီးထားရတာလဲ”

“ခြေနင်း?”

“အဲဒီကောင်မလေးက ခြေနင်းတစ်ဘက် စီးထားတယ်လေ။ ဒါမှမဟုတ် ခြေနင်းတစ်ဘက်ပဲ ချွတ်တာ ဖြစ်ချင်ဖြစ်မှာပေါ့။ အိမ်ထဲဝင်တယ်ဆိုပြီး ခြေနင်းစီးထားတာ ထူးဆန်းမနေဘူးလား”

အာကီအို မေးခွန်း၏ ဆိုလိုရင်း အဓိပ္ပာယ်ကို နားမလည်သောကြောင့် ယာအေကိုမှာ
မျက်စိကလ
ယ်
ကလ
ယ်
ဖြင့်
 အတော် စဉ်းစားယူနေရသည်။ အနည်းငယ်ကြာတော့မှ နားလည်သွားသော ဟန်အမူအရာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ဪ … ရှင်ပြောတာ ဟိုအားကစားဖိနပ်ကို ပြောတာလား။ အဲဒါ ကျွန်မ ဝတ်ပေးလိုက်တာ”

“နင်က?”

“အဲဒီအတုန်းက ခြေနင်းနှစ်ဘက်စလုံး တံခါးဝမှာ။ နောက်တော့ ကျွန်မ
စဉ်းစားမိတယ်။
 သူ့ကို ခြေဗလာနဲ့ ထားလို့လည်း မဖြစ်ဘူးလေ။ ဒါနဲ့ ကျွန်မ ဝတ်ပေးလိုက်တာ။”

“ဒါဆို ဘာဖြစ်လို့ တစ်ဘက်တည်း ဝတ်ပေးရတာလဲ”

“အမယ်လေး၊ တစ်ဘက်တည်း ဝတ်ပေးရတာတောင် ကျွန်မမှာ ဆယ်ကမ္ဘာလောက် ကြာသွားတယ် မှတ်တာ။ လူမြင်သွားရင်လည်း ဒုက္ခရောက်ဦးမယ်။ နောက်တော့ ကျန်တဲ့တစ်ဘက်ကို ပလတ်စတစ်အိတ်ထဲပဲ ပစ်ထည့်လိုက်တယ်။ ရှင် မတွေ့ဘဲတော့ မနေလောက်ပါဘူး” ယာအေကိုက သူ့ကို ပြူးပြီး ကြည့်နေသည်။

“တွေ့သားပဲ။ ဒါကြောင့် ငါလည်း ကျန်တဲ့တစ်ဘက် သူ့ကို ဝတ်ပေးလိုက်တာပေါ့”

“အမလေး တော်ပါသေးရဲ့”

“နင် ငါ့ကို ညာနေတာ မဟုတ်ပါဘူးနော်” အာကီအိုက မသင်္ကာသော အကြည့်ဖြင့် ယာအေကိုကို ကြည့်နေသည်။

“ဘာ”

“သူ အစကတည်းက ဖိနပ်တစ်ဘက်တည်း စီးထားတာ မဟုတ်ဘူးလား။ နာအိုမီက အိမ်ထဲကို အတင်းအဓမ္မ ဆွဲခေါ်လာတုန်း လမ်းမှာ ဖိနပ်တစ်ဘက် ကျွတ်ကျန်နေခဲ့တာ မဟုတ်လား”

ထိုစကားများကို ကြားပြီးနောက် အံ့အားသင့်သွားကာ “ကျွန်မက ဘာလုပ်ဖို့ ညာနေရမှာလဲ။ ကျွန်မကိုယ်တိုင် ဝတ်ပေးလိုက်တာ အမှန်ပဲ”

“ပြီးတာပဲလေ” အာကီအိုသည် သူ့ဇနီး၏ မျက်နှာကို မကြည့်တော့ဘဲ စဉ်းစားနေသည်။ ယခုအချိန်ရောက်မှ ဒါတွေ ငြင်းနေရလျှင်လည်း အပိုတွေပဲ ဖြစ်နေတော့မည်။

“ဒီမယ်” ယာအေကိုက မေးလိုက်သည်။ “ဟာရုမိကို ဘယ်လို လုပ်မလဲ”

“ဟာရုမိ?”

“မနေ့က သူ့ကို မလာနဲ့လို့ ရှင် ပြောထားတယ် မဟုတ်လား။ ဒီနေ့ရော ဘယ်လိုလုပ်မှာလဲ”

သူ ထိုကိစ္စကို လုံးဝ မေ့နေပြီ။ အာကီအို မျက်မှောင်ကြုတ်လိုက်သည်။

“ဒီနေ့လည်း သူ့ကို မလာနဲ့လို့ပဲ ပြောရတော့မှာပဲ။ ဒီနေ့ စနေနေ့ ဖြစ်နေတာနဲ့ အတော်ပဲ။ ကို အိမ်မှာ အားနေလို့ ကိုပဲ စောင့်ရှောက်လိုက်မယ်လို့ ပြောရတော့မှာပေါ့”

“သူက သံသယဝင်မှာပေါ့”

“ဘာ သံသယဝင်စရာ ရှိမလဲ။ သူက ဘာမှမှ မသိတာ”

“……. ဟုတ်တာပဲ”

ယာအေကိုသည် မီးဖိုချောင်ထဲတွင် ရပ်နေပြီး ကော်ဖီဖျော်ဖို့ ပြင်ဆင်နေသည်။ တစ်ခုခု လုပ်နေသည်ကမှ စိတ်သက်သာရာ ရနိုင်မည် မဟုတ်လား။ ယခုလို အချိန်မျိုးတွင် အာကီအိုအတွက်မူ လုပ်စရာ ဘာတစ်ခုမျှ ရှာမတွေ့သည်ကို သူ သတိထားမိသည်။ အိမ်တွင်းရှိ ကိစ္စကြီးငယ် အားလုံးကို ယာအေကိုကချည်း တာဝန်ယူခဲ့သည်။ ထို့ကြောင့်လည်း သူ့အတွက် ဤအိမ်တွင်း၌ ဘယ်ကဘယ်လို စပြီး လုပ်ရမည်ကိုပင် သူ မစဉ်းစားတတ်။ ယာအေကို အိမ်တွင် မရှိသော နေ့ဆိုလျှင် သူ့နက်တိုင် ဘယ်နားမှာ ရှိနေသည်ကိုပင် သူ မရှာတတ်ခဲ့။

နောက်ဆုံး ကြံရာမရဘဲ သတင်းစာ ထွက်ယူမည်ဟု ဟန်ပြင်ကာ မတ်တပ်ရပ်လိုက်စဉ်မှာပင် အဝေးတစ်နေရာမှ ရဲကားများ၏ ဥဩသံကို ကြားလိုက်ရသည်။ အာကီအိုသည်
ကြောင်အ
မ်း
အ
မ်
းဖြင့်
 သူ့ ဇနီးသည်ကို ကြည့်နေမိသည်။ ယာအေကိုမှာလည်း ကော်ဖီပန်းကန်ကို ကိုင်လျက် ထိုနေရာမှာပင် တောင့်တောင့်ကြီး။

“လာပြီ” အာကီအိုက ရေရွတ်လိုက်သည်။

“အတော် မြန်တာပဲ” ယာအေကို၏ အသံမှာ တုန်ယင်နေသည်။

“နာအိုမီ ဘာလုပ်နေလဲ”

“မသိဘူး”

“အိပ်နေတာလား”

“မသိဘူးလို့ ပြောနေတာကို။ ရှင် သွားကြည့်လိုက်ပေါ့”

“ဟင့်အင်း၊ မလိုပါဘူး”

အာကီအိုသည် ကော်ဖီတစ်ခွက်လုံး ကုန်သွားအောင် မော့သောက်ပစ်လိုက်သည်။ အိပ်၍ လုံးဝ မရတော့မည့် အတူတူ အာရုံများ လန်းဆန်းသွားအောင် တတ်နိုင်သလောက် ပြုလုပ်ထားရမည် မဟုတ်လား။ ယခုကဲ့သို့ မရေရာ မသေချာသော ဘဝမျိုးကို မည်မျှကြာအောင် ကြောက်ကြောက်ဖြင့် တောင့်ခံသွားရမည်နည်းဟု စဉ်းစားမိသောအခါ သူ့အမြင်အာရုံ တစ်ခုလုံး မိုက်မှောင်သွားသည်။ ရုပ်အလောင်းတွင် မည်သည့် သက်သေ အထောက်အထားမျှ ရှာမတွေ့လျှင်လည်း မှုခင်းရဲများကတော့ လွယ်လွယ်နှင့် လက်လျှော့ကြမည် မဟုတ်။ ယခုတလောတွင် ရဲများ၏ တရားခံ ဖော်ထုတ်နိုင်မှု အရေအတွက်မှာ
လျ
ော့
ကျသွားသော်လည်း
 ထိုအချက်ကို ကြည့်ပြီး ရဲများ၏ ဝီရိယ
လျ
ော့
နည်းသွားပြီဟု
 မဆိုနိုင်ချေ။

“နင် ခဏလောက်ဖြစ်ဖြစ် အိပ်လိုက်ပါလား”

“ရှင်ရော မအိပ်ဘူးလား။ ပန်းခြံကို သွားကြည့်ကြည့်ပါလား”

“ဘာသွား ရှုပ်ရမှာလဲ”

“အဲဒါဆို ……”

“ဒီမှာပဲ ခဏနေဦးမယ်။ အိပ်ချင်မှ တက်လာခဲ့တော့မယ်”

“အင်း၊ ကျွန်မလည်း အိပ်ချင်စိတ်ကို မရှိတာ” ယာအေကိုသည် ပြောရင်း တံခါးကို ဆွဲဖွင့်လိုက်သည်။ သူ တံခါးအပြင်သို့ ရောက်သွားပြီးကာမှ နောက်လှည့်ကာ သူ့ယောက်ျားကို စိုက်ကြည့်ပြီး “ရှင် မဟုတ်တာတွေ ကြံစည်နေသေးတာလား”

“ဘာမဟုတ်တာတွေလဲ”

“ဥပမာ ရဲစခန်း ဖုန်းဆက်ပြီး ……”

“မစဉ်းစားပါဘူးကွာ”

“တကယ်? ညာနေတာ မဟုတ်ပါဘူးနော်”

“ဒီအခြေအနေ ရောက်မှ ရဲကို ငါက ဘာသွား ပြောနေရဦးမှာလဲ”

“ဒါလည်း ဟုတ်တာပဲ”

ယာအေကိုသည် သက်ပြင်းတစ်ချက်ချကာ အာကီအိုကို နှုတ်ဆက်ပြီး ထမင်းစားခန်းထဲမှ ထွက်သွားတော့သည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *