မာတိကာကြည့်ရန်

အခန်း (၂၈)

မာကျုမီယာသည် ကာဂါနှင့် မိုင်ဟာရာ အာကီအိုတို့၏ အပြန်အလှန် ပြောနေကြသည့် စကားများကို နားထောင်လျက် ဆွံ့အစွာ လျှောက်လမ်းပေါ်တွင် ငူငူကြီး ရပ်နေမိသည်။

အင်မတန် ဆိုးယုတ်ပြီး လူမဆန်သော ပြစ်မှုကြီးပါတကားဟု သူ တွေးနေမိသည်။ မိမိ၏ သားတစ်ယောက်ကို ကယ်တင်လိုခြင်း ဟူသော အကြောင်းကြောင့်ပဲ
ဖြစ်ပါစေ။
 အဘယ်ကြောင့် မိမိ၏ အမေအိုကို ဓားစားခံအဖြစ် အသုံးချခဲ့ရသနည်း။ ဤသည်ကို မာကျုမီယာက နားမလည်နိုင်အောင် ဖြစ်နေသည်။ သို့သော် အချိန်မလွန်ခင် အမှန်အတိုင်း ဝန်ခံလိုက်ခြင်းသည် မိုင်ဟာရာအဖို့ရာ သူ့ကိုယ်သူ ကယ်ထုတ်လိုက်နိုင်ခြင်းပင် ဖြစ်တော့သည်။

ကာဂါသည် ထိုလက်ချောင်းနီနီများနှင့် ပတ်သက်၍ သင်္ကာမရှင်း ဖြစ်ခဲ့လျှင် အဘယ်ကြောင့် ထိုအချိန်က ချက်ချင်း မဖော်ထုတ်ခဲ့ရသနည်း။ အကယ်၍ ထိုသို့ လုပ်ခဲ့လျှင် အဖြစ်မှန်ကို စောစောစီးစီး သိကြရမည် ဖြစ်သည်။

“ဘာဖြစ်ပြန်တာလဲ။ အမေတို့
ပြောတော့
 ကျွန်တော့်ကို ရဲစခန်း သွားစရာ မလိုတော့ဘူးဆို” အပေါ်ထပ်မှ နာအိုမီ၏ အသံများ ထွက်ပေါ်လာသည်။

“အခု မရတော့လို့ပေါ့ သားရယ်။ သူတို့ အားလုံး သိကုန်ကြပြီ” ယာအေကိုက ငိုလျက် ပြောနေသည်။

“မသိဘူးဗျာ။ ဘာလို့ အဲဒီလို ဖြစ်ကုန်ရတာလဲ။ အမေတို့ ပြောတဲ့အတိုင်း ကျွန်တော် အကုန် လိုက်လုပ်ခဲ့တာပဲ”

ထို့နောက် ပစ္စည်းများကို ကိုင်ပေါက်သောကြောင့် ကြမ်းပြင်ပေါ်သို့
ပြုတ်
ကျ
သည့်
 အသံများ ထွက်ပေါ်လာသည်။

“အဲဒါ ခင်ဗျားတို့ အသုံးမကျလို့ပဲဗျ။ ခင်ဗျားတို့ အသုံးမကျတာ” နာအိုမီက အော်ဟစ်နေသည်။

“တောင်းပန်ပါတယ် သားရယ်။ အမေ တောင်းပန်ပါတယ်”

မာကျုမီယာသည် မည်သို့ ပြုလုပ်သင့်သည်ကို စဉ်းစားနေစဉ်မှာပင် ကာဂါသည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လမ်းမှ ဖြတ်ကာ အပေါ်ထပ်သို့ တက်သွားလေသည်။

မကြာခင်မှာပင် နာအိုမီထံမှ အာခေါင်ခြစ်၍ အော်သံများ ထွက်ပေါ်လာသည်။ “ခင်ဗျားကြီး ဘာလုပ်မလို့လဲ” ဟု အော်နေဟန် တူသည်။ ထို့နောက် မကြာခင် ကာဂါသည် ကောင်လေး၏
ကု
ပ်
ပိုးကို
 ကိုင်ဆုပ်လျက် အောက်ထပ်သို့ ပြန်ရောက်လာသည်။ အောက်ထပ်သို့ ရောက်သောအခါမှ သူ့လက်ကို လွှတ်ပေးလိုက်ရာ နာအိုမီမှာ ကြမ်းပြင်ပေါ် ပုံလျက် လဲကျသွားတော့သည်။

“ရဲဘော်မာကျုမီယာ၊ ဒီသူတောင်းစားလေးကို ခေါ်သွားတော့”

“ဟုတ်” မာကျုမီယာသည် ပြောပြီး နာအိုမီ၏ လက်မောင်းကို ဖမ်းကိုင်ထားလိုက်သည်။ နာအိုမီသည် ပြင်းထန်စွာ ငိုကြွေးနေလေပြီ။ မူကြိုကလေးတစ်ယောက် ကဲ့သို့ တစ်မျက်နှာလုံး မျက်ရည်နှာရည်များဖြင့် ရွှဲစိုလျက် အသံထွက်အောင် ရှိုက်၍ ရှိုက်၍ ငိုကြွေးနေသည်။

“ငါနဲ့ လိုက်ခဲ့” မာကျုမီယာသည် သူ့ကို လက်မောင်းမှ ဆွဲထူပြီး ခြံတံခါးဝဆီသို့ ခေါ်သွားလေသည်။

“ကျွန်မလည်း အတူလိုက်မယ်” ယာအေကိုက အနောက်မှ ပြေးလိုက်လာသည်။

ခြံတံခါး၏ အရှေ့တွင် ကိုဘာယာရှိနှင့် ဆာကာဂါမိတို့ စောင့်နေကြသည်။ သူတို့သည် မာကျုမီယာတို့ကို မြင်လိုက်သောအခါ တံခါးကို တွန်းဖွင့်ပြီး အထဲသို့ ဝင်လာကြသည်။

“အဲ … အဖြစ်မှန်က ဒီလိုပါ …..”

ကိုဘာယာရှိက လက်ကာပြပြီး “ရဲဘော်ကာဂါက တို့ကို ပြောပြီးပါပြီ။ မင်းတို့လည်း ပင်ပန်းသွားကြပြီ”

ကိုဘာယာရှိသည် ရဲသားတချို့ကို လက်ပြ၍ လှမ်းခေါ်ပြီး နာအိုမီနှင့် ယာအေကိုတို့ကို သူတို့လက်သို့ အပ်လိုက်လေသည်။ သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေပြီး မာကျုမီယာဘက်သို့ ပြန်လှည့်လာသည်။

“ငါတို့ ကာဆုဂါအိအိမ်က ကွန်ပျူတာကို စစ်ကြည့်တဲ့အခါ သူတို့ အီးမေးလ်ထဲက အမှိုက်ပုံးထဲမှာ သံသယဖြစ်စရာ စာတစ်စောင်တွေ့တယ်။ အခင်းဖြစ်တဲ့နေ့က ပို့ထားတာ။ အဲဒီစာကို ကလေးမလေးရဲ့ အဖေကလည်း မသိဘူးလို့ ပြောတယ်။ ကြည့်ရတာ ကလေးမလေးကိုယ်တိုင် ဖတ်ပြီး ဖျက်ပစ်ထားတာ ဖြစ်မယ်။ အဲဒီစာထဲမှာ ဓာတ်ပုံတစ်ပုံပဲ ပါတယ်။ Super Princess ကာတွန်းကားထဲက ဇာတ်ကောင်တွေရဲ့ ပုံတူအရုပ်ကို ရိုက်ထားတာတဲ့ ပုံတစ်ပုံပဲ”

“မေးလ်ပို့တဲ့ သူက ဘယ်သူလဲဆိုတာကိုရော သိပြီလား ဆရာ”

“အခမဲ့အီးမေးလ် ဝန်ဆောင်မှုတစ်ခုကို သုံးထားတာပဲ။ နာမည်အစစ်ကိုတော့ စုံစမ်းလို့ မရနိုင်ဘူး။ ဒါပေမယ့် ငါတို့ တိုက်ဆိုင် စစ်ဆေးကြည့်လို့ ရတာပဲ ဥစ္စာ” ကိုဘာယာရှိသည် မိုင်ဟာရာတို့ အိမ်၏ အပေါ်ထပ်သို့ လက်ညှိုးထိုးပြနေသည်။

“မိုင်ဟာရာ နာအိုမီဆီမှာတော့ ကွန်ပျူတာတစ်လုံး ရှိတာပဲ”

“အီးမေးလ်ထဲက ပုံကို မြင်ပြီးတာနဲ့ အိမ်ပြင် ထွက်သွားတာဆိုတော့ သူကတော့ ဘယ်သူ ပို့သလဲဆိုတာ ကောင်းကောင်း သိမှာပဲ။ ဒါကြောင့်လည်း အဲဒီလူကို သွားတွေ့တာပေါ့”

“ကျွန်တော်တို့ နာအိုမီရဲ့ ကွန်ပျူတာကို သိမ်းလိုက်ရမလား”

“လိုအပ်တာပေါ့။ ဒါပေမယ့် မလောပါနဲ့လေ။ အိမ်ထဲမှာ ငါတို့ ဖမ်းချုပ်ရမယ့်လူ တစ်ယောက် ကျန်သေးတယ် မဟုတ်လား”

“အလောင်းပစ်တဲ့ အဓိက တရားခံက မိုင်ဟာရာ အာကီအိုပါ။ အခု ရဲဘော်ကာဂါက သူနဲ့ စကားပြောနေပါတယ်”

“ဒါဆိုလည်း ဒီမှာ ရပ်မနေနဲ့တော့။ အထဲကို အမြန်သွား။ ကာဂါ ဘာတွေ ပြောနေသလဲဆိုတာ သေချာ နားထောင်ခဲ့”

“သူပြောတာ နားထောင်ရမယ်?”

“အခုမှ ကောင်းခန်းရောက်မှာကွ” ကိုဘာယာရှိသည် မာကျုမီယာ၏ ပခုံးပေါ်သို့ လက်တင်လိုက်ပြီး “တစ်နည်းပြောရမယ်ဆိုရင် အခုဟာက လူသတ်မှုထက် ပိုအရေးကြီးလိမ့်မယ်”

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *