စာပိုဒ်ထဲက ဦးဆောင်ဝါကျ
၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၂၅ ရက် (သောကြာနေ့) စာပိုဒ်ဖွဲ့ရာတွင် စာပိုဒ်တစ်ပိုဒ်လုံး၏ ဆိုလိုချက်ကို ထင်ထင်ရှားရှား ဖော်ပြနေသော ဝါကျတစ်ခုပါလေ့ ရှိပါသည်။ ထိုဝါကျဖြင့် ဖော်ပြသောဆိုလိုချက်ကို ပေါ်လွင် ထင်ရှားလာအောင် ကျန်ဝါကျများက အသေးစိတ် အချက်အလက်များဖြင့် ဝိုင်းဝန်း ထောက်ကူလေ့ရှိကြပါသည်။ စာပိုဒ်တစ်ပိုဒ်လုံး၏ ဆိုလိုချက်ကို ဖော်ပြသည့် ဝါကျသည် စာပိုဒ်ကို ဦးဆောင်နေသည့်အတွက် ထိုဝါကျကို “ဦးဆောင်ဝါကျ” ဟု ခေါ်လေ့ရှိပါသည်။ဦးဆောင်ဝါကျတွင်ပါသော အဓိက အချက်ကို ကျန်ဝါကျများက အသေးစိတ် ရှင်းလင်း ချဲ့ထွင်ခြင်းဖြင့် စာပိုဒ်တစ်ပိုဒ် ပုံပေါ်လာခြင်း ဖြစ်ပါသည်။ သာဓက ဆောင်ပါမည်။ဦးလတ်သည် ၁၉၁၂ ခုနစ်မှ ၁၉၂၀ ပြည့်နှစ်အထိ ၇ နှစ်အတွင်းတွင် ကာလပေါ် ဝတ္ထုလေးပုဒ် ရေးခဲ့သည်။ ရှေးဦးစွာ စံပယ်ပင်ဝတ္ထုကို ရေးသည်။ […]