PK Portfolio

ရေးသားချက်များ

အတွေးအမြင်၊ မှတ်စုနှင့် မျှဝေလိုသော အကြောင်းအရာများ။

စာပိုဒ်ထဲက ဦးဆောင်ဝါကျ

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၂၅ ရက် (သောကြာနေ့) စာပိုဒ်ဖွဲ့ရာတွင် စာပိုဒ်တစ်ပိုဒ်လုံး၏ ဆိုလိုချက်ကို ထင်ထင်ရှားရှား ဖော်ပြနေသော ဝါကျတစ်ခုပါလေ့ ရှိပါသည်။ ထိုဝါကျဖြင့် ဖော်ပြသောဆိုလိုချက်ကို ပေါ်လွင် ထင်ရှားလာအောင် ကျန်ဝါကျများက အသေးစိတ် အချက်အလက်များဖြင့် ဝိုင်းဝန်း ထောက်ကူလေ့ရှိကြပါသည်။ စာပိုဒ်တစ်ပိုဒ်လုံး၏ ဆိုလိုချက်ကို ဖော်ပြသည့် ဝါကျသည် စာပိုဒ်ကို ဦးဆောင်နေသည့်အတွက် ထိုဝါကျကို “ဦးဆောင်ဝါကျ” ဟု ခေါ်လေ့ရှိပါသည်။ဦးဆောင်ဝါကျတွင်ပါသော အဓိက အချက်ကို ကျန်ဝါကျများက အသေးစိတ် ရှင်းလင်း ချဲ့ထွင်ခြင်းဖြင့် စာပိုဒ်တစ်ပိုဒ် ပုံပေါ်လာခြင်း ဖြစ်ပါသည်။ သာဓက ဆောင်ပါမည်။ဦးလတ်သည် ၁၉၁၂ ခုနစ်မှ ၁၉၂၀ ပြည့်နှစ်အထိ ၇ နှစ်အတွင်းတွင် ကာလပေါ် ဝတ္ထုလေးပုဒ် ရေးခဲ့သည်။ ရှေးဦးစွာ စံပယ်ပင်ဝတ္ထုကို ရေးသည်။ […]

ဆက်ဖတ်ရန် →

စာပိုဒ်ဖွဲ့ခြင်း

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၂၃ ရက် (ဗုဒ္ဓဟူးနေ့) အရင်တစ်နေ့က ဂျီတော့မှာ ညီမ မွန်က မြန်မာစာရေးတဲ့အခါမှာ စာပိုဒ်ခွဲတာနဲ့ ပတ်သက်ပြီး သိချင်တယ်လို့ ပြောလာတာကြောင့် မြန်မာစာ ရေးသားနည်းအကြောင်း ရေးထားတဲ့ စာအုပ်တွေကို ပြန်မွှေရင်း ဒီစာအုပ်ကလေးကို ပြန်တွေ့တယ်။ စာအုပ်နာမည်က မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသား ပြဿနာများ ဖြစ်ပါတယ်။ အခု ဒီစာအုပ်ထဲမှာ စာပိုဒ်ခွဲနည်းနဲ့ ပတ်သက်ပြီး ဆောင်းပါးတို လေးပုဒ် ခွဲပြီး တင်ပြထားပါတယ်။ ကျနော်လည်း အဲဒီလေးပုဒ်ကို ပို့စ်လေးခု အနေနဲ့ ခွဲပြီး စာအုပ်ထဲက အတိုင်း ပြန်ရိုက်ပြီး အသိပညာ လက်ဆင့်ကမ်းပေးလိုက်ပါတယ်။စာတစ်မျက်နှာလုံး တစ်ပြင်ကြီးရေးလျှင် ကြည့်မကောင်းသည့်အတွက် အမြင်ရှင်းအောင် ဝါကျလေးခုတစ်ပိုဒ်၊ ငါးခုတစ်ပိုဒ် စသည်ဖြင့် […]

ဆက်ဖတ်ရန် →

မြန်မာည နှင့် ပါဠိည

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၂၀ ရက် (တနင်္ဂနွေနေ့) ညအက္ခရာ အရေးအသားနဲ့ စပ်ပြီး မြန်မာညနဲ့ ပါဠိညကို ခွဲခြားသင့်ပါတယ်။ ညအခါ၊ အညာအကြေ၊ ကြေညာ၊ သည်၊ တည်း စတာတွေမှာ ပါတဲ့ ညဟာ မြန်မာအက္ခရာ ဖြစ်တယ်။ ဦးခေါင်းနှစ်လုံး ပါပေမယ့် ညဗျည်းတစ်လုံးသာ ဖြစ်တယ်။ ဉ လို့ မရေးဘဲ ဦးခေါင်းအညွန့်တပ်ပြီး ည လို့ ရေးရတဲ့ အကြောင်းက တင့်တယ်စေချင်လို့ လို့ဆိုပါတယ်။ ညနှစ်လုံးဆင့် သံယုတ်အက္ခရာ မဟုတ်ပါဘူး။ ဝေါဟာရတ္ထပကာသနီ ၁၁၇ မှာ “ယင်းသို့လျှင် သတ်သောဉ ဗျည်းနှိုက်ပင်သော်လည်း ဦးခေါင်းထုတ်ရအံ့ ဟူသည်ကိုထောက်၍ ဦးခေါင်းထုတ်ရေးသော်လည်း မြမ္မာမှုနှိုက် သံယုတ်ဒွေးဘော်မဆိုရ။ သာရုပ္ပမင်္ဂလာ ဖြစ်လို၍သာ ဦးခေါင်းအညွန့် တပ်ပါသည်ဟူ၍ ယူသင့်၏။” […]

ဆက်ဖတ်ရန် →

My Other Half

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၁၂ ရက် (စနေနေ့) ဂရိဒဏ္ဍာရီတစ်ပုဒ် ပြောပြမယ်။ကမ္ဘာဦးလူဟာ မျက်နှာနှစ်ခု၊ လက်လေးဘက်၊ ခြေလေးချောင်းရှိတဲ့ သတ္တဝါဖြစ်တယ်တဲ့ဗျ။အဲသည်လူရဲ့ ခန္ဓာကိုယ်က မတ်မတ်ရှိတယ်။ လုံးတယ်။ မျက်နှာတွေက အချင်းချင်းဆိုင်နေတယ်။ မျက်နှာချင်းဆိုင် ရှိတယ်ပေါ့ဗျာ။လမ်းလျှောက်တဲ့အခါ လူဟာ မတ်မတ်လျှောက်ပေမယ့် ပြေးတဲ့အခါ လက်လေးဘက်ကို ထောက်ထောက်ပြီး သစ်တုံးလိမ့်သလို ပြေးတယ်။အဲသည်လူဟာဗျာ ခွန်အားကြီးသလောက် အလိုရမ္မက်လည်း ကြီးတယ်။ နတ်တွေနေတဲ့ နေရာတက်ပြီး ထိုးစစ်ဆင်ဖို့လည်း ကြိုးစားတယ်။အဲသည်လိုဆိုတော့ …..နတ်တွေရဲ့ အကြီးအမှူးဖြစ်တဲ့ ဇု (Zeus) နတ်မင်းကြီးနဲ့ တခြားနတ်ဒေဝါတွေက လူကို ထိတ်လန့်ကြတယ်။ ကြောက်ကြတယ်။ ဒါနဲ့ နတ်သဘင် အစည်းအဝေးခေါ်ပြီး `လူ´ ကိစ္စကို ဆွေးနွေးပွဲ ကျင်းပကြတယ်။ အဲသည် အစည်းအဝေးမှာ နတ်အများအပြားက ဘယ်လို အကြံပြုသလဲ ဆိုတော့ […]

ဆက်ဖတ်ရန် →

အိန္ဒိယ နှင့် တရုတ်တို့၏ ပညာရေး တူရှုချက်

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၈ ရက် (အင်္ဂါနေ့) ဒီပို့စ်ကို ဖတ်ပြီးရင်တော့ အာရှ အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်လာတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ပညာရေး အခြေအနေတချို့နဲ့ သူတို့ခေါင်းဆောင်တွေရဲ့ ပညာရေးရည်မှန်းချက်တွေကို သိလာပါလိမ့်မယ်။ ဒီပို့စ်ကို ဖတ်ပြီးရင် ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ အစိုးရရဲ့ ပညာရေး ရည်မှန်းချက်က ဘာလဲ။ ဘာတွေကို ရည်ရွယ်ပြီးတော့ကော လုပ်နေတာလဲ ဆိုတာကို ချိန်ထိုးစဉ်းစားနိုင်အောင် တင်ပြပေးလိုက်ပါတယ်။ စာသားအတော်များများဟာ ကျနော် နားလည်သလို ပြန်ရေးထားတာ ဖြစ်ပြီး အချက်အလက်တွေကိုတော့ မဇ္ဈိမ၊ ဂန္ဓာလနှင့် ကမ္ဘာတစ်ခွင် – ကျော်ဝင်း စာအုပ်ကနေ ထုတ်နုတ် ဖော်ပြတာ ဖြစ်ပါတယ်။ ဖတ်ရှုပြီး ဆက်လက် အတွေးပွားနိုင်ကြပါစေ ….. ။အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုမှာ […]

ဆက်ဖတ်ရန် →

မြန်မာ့ကြက်ခြေနီ ဖခင်ကြီး

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၅ ရက် (စနေနေ့) ဒေါက်တာစံစီပိုးဟာ အမေရိကန်နိုင်ငံမှ ဆေးပညာပါရဂူ (MD) ဘွဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ပုသိမ်မြို့မှာ အစိုးရအမှုကို ထမ်းဆောင်နေတယ်။ ရှေးဦးသူနာပြုခြင်း အတတ်ပညာရဲ့ ကျေးဇူးကြီးမားလှပုံကို သိတဲ့အလျောက် ရှေးဦးသူနာပြု အတတ်သင်တန်းတွေ ဖွင့်ပြီး ကိုယ်တိုင်ကိုယ်ကျပ် သင်ကြားပေးတယ်။ ဒါအပြင် ဒေါက်တာစံစီပိုးဟာ `ဒါဏ်ရာရှိသူနာတို့ကို ပဌမကုနည်း´ လို့နာမည်ရတဲ့ `ဂီလာနုပဌက´ ကိုလည်း ရှေးဦးသူနာပြု အတတ်ပညာကျမ်းတစ်စောင် အနေနဲ့ ရေးသားပြုစုခဲ့တယ်။ ၁၉၀၇ ခုနစ် မေလမှာ ပုသိမ်ပုံနှိပ်တိုက်ကနေ ပုံနှိပ်ထုတ်ဝေတယ်။ ကျမ်းစာဟာ ကိုယ်တွေ့ဖြစ်ရပ်များကို အခြေခံထားပြီး ထိုစဉ်က ပလိပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မို့ ပလိပ်ရောဂါအကြောင်းပါ ထည့်သွင်း ဖော်ပြပေးထားတယ်။ကျမ်းစာအုပ်မှာ လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ အရိုးအဆစ်များ၊ အသားပြင်၊ […]

ဆက်ဖတ်ရန် →

မြန်မာအစ ???

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၁ ရက် (အင်္ဂါနေ့) ပုဂံသမိုင်းကို ပြောရင် တုတ်ထမ်းပြီး ပြောရမယ်တဲ့။ ဒါပေမယ့် တကယ်တမ်းတော့ မြန်မာ့သမိုင်းကို တုတ်ထမ်းပြီး ပြောရမယ်ဆိုရင် ပိုမှန်လိမ့်မယ်။ ကျနော်တို့တွေ ငယ်ငယ်ကတည်းက သင်ရိုးညွှန်းတန်းနဲ့ သင်ထားခဲ့တဲ့ မြန်မာရဲ့ အစ သမိုင်းက ဘယ်လောက် မှန်ကန်မှု ရှိနေမလဲ။ ကျနော်တို့ အားလုံး ကြားဖူးကြမယ်။ `မြန်မာအစ တကောင်းက´ တဲ့။ ဒါကို မြန်မာသမိုင်းသုတေသန လောကမှာ ထိတ်ထိတ်ကြဲ ကျော်ကြားခဲ့တဲ့ ဆရာကြီးတွေက လက်မခံကြဘူး။ အခုခေတ် ကျနော်တို့နဲ့ လက်လှမ်းမီခဲ့တဲ့ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း ကိုယ်တိုင်ကလည်း ဒါကို လုံး၀ လက်မခံဘူး။ သူရဲ့ စကားလေးကို ကျနော် နားလည်သလို ပြန်ပြောပြပါ့မယ်။ […]

ဆက်ဖတ်ရန် →

မိတ္ဆက္ပြဲေလးတစ္ပြဲ

ကြွရောက် အားပေးကြသူ အားလုံးကို မင်္ဂလာ အပေါင်းနဲ့ ခညောင်းကြပါစေလို့ ပထမဦးစွာ မေတ္တာ ပို့သလိုက်ရပါတယ်။အခမ်းအနားမှူးအနေနဲ့ ကျနော် ပီကေကနေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားက မိတ်ဆက်ပွဲလေး ဆိုတော့ ပရိသတ်အနေနဲ့ ဘာကို မိတ်ဆက်မှာလဲ ဆိုတာကို အတော်လေး စိတ်ဝင်နေကြမှာပါ။ ဘာကို မိတ်ဆက်မလဲလို့ မပြောခင်မှာ အခမ်းအနား အစီအစဉ်လေး တစ်ချက်လောက်တော့ ပြောပါရစေ။ ဒီအခမ်းအနာမှာ ဘလော့ဂ်တစ်ခုနဲ့ မိတ်ဆက်ပေးမှာပါ။ မိတ်ဆက်ရင်းနဲ့ပဲ ပေါ်လာပုံလေးရယ်၊ ရည်ရွယ်ချက်ကလေးရယ်၊ ရှေ့ဆက်လျှောက်မယ့် ခရီးစဉ်ရယ်၊ ချမှတ်ထားတဲ့ အစီအစဉ်အတွက် အကြံဉာဏ်ကိုပါ တစ်ပါတည်း တောင်းခံသွားမှာ ဖြစ်ပါတယ်။ အခု အခမ်းအနား အစီအစဉ် တစ် အရ မိတ်ဆက်ပွဲလေး စတင်ပါပြီ ခင်ဗျာ။ ကျနော် အခု အားလုံးနဲ့ မိတ်ဆက်ပေးချင်တာကတော့ […]

ဆက်ဖတ်ရန် →

ပိုင်ဆိုင်မှု စားရိတ်

ကျနော်တို့ဟာ နေ့တိုင်း အလဲအထပ်လေးတွေ လုပ်နေကြရတာကို ကျနော်တို့ကိုယ်တိုင် သတိမထားမိကြဘူး။ ဆုံးဖြတ်ချက်တစ်ခုကို ချမယ်လုပ်တိုင်းမှာ ရွေးချယ်စရာ နည်းလမ်းတွေထဲက တစ်ခုချင်းစီရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဝေဖန်ပိုင်းခြားတတ်မှ အန္တရာယ် အကင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ရနိုင်မယ်။ ဒါပေမယ့် အခြေအနေ အတော်များများမှာ ဆုံးဖြတ်ချက်တစ်ခုရဲ့ စားရိတ် (Cost) ကို တွက်ထုတ်နိုင်ဖို့ အတော်လေး ခက်ပါတယ်။ဥပမာတစ်ခုနဲ့ စဉ်းစားကြည့်ရအောင်။ ဆယ်တန်းအောင်ထားတဲ့ လူတစ်ယောက်ဟာ တက္ကသိုလ် ဆက်တက်သင့် မသင့် ဆုံးဖြတ်ချက် ချဖို့ ကြိုးစားနေတယ်။ တက္ကသိုလ် ဘွဲ့ရ တစ်ယောက်အတွက် ဘာတွေ ပို အကျိုးရှိလာမလဲ။ သေချာတာတစ်ခုကတော့ ဘွဲ့ရတစ်ယောက်နဲ့ ဆယ်တန်းအောင် တစ်ယောက်မှာ ဘွဲ့ရတစ်ယောက်ဟာ အလုပ်ရဖို့ ပိုသေချာနိုင်တယ်။ ဒါဆို စားရိတ်စားခ က ဘာတွေ ရှိမလဲ။ ဒါကိုတွက်ဖို့ […]

ဆက်ဖတ်ရန် →

ကိတ်မုန့်လေး သုံးဆောင်သွားပါဦး

ခရစ္စမတ် အကြိုအနေနဲ့ကော ခရစ္စမတ်နေ့ အတွက်ပါ ကျနော့်ဆီ လာလည်ကြတဲ့ သူငယ်ချင်းတွေ အားလုံးကို ကိတ်မုန့် လှလှလေးတွေနဲ့ ဧည့်ခံလိုက်ပါတယ်။ ကျနော့်မှာ ကိတ်မုန့်လေးတွေ လှလွန်းလို့ မစားရက်ဘဲ ဖြစ်နေတယ်ဗျာ။ ပထမဆုံး ကိုယ့်သူငယ်ချင်းတွေကို သတိရမိလို့ အားလုံးကို ဖိတ်ခေါ်ပြီး ကျွေးလိုက်ပါတယ်။ ကိတ်မုန့်က စုစုပေါင်း ၄၂ လုံးတောင် ဆိုတော့ လုစားစရာ မလိုဘူးပေါ့ဗျာ။ နောက်ပြီး အဲဒီ ကိတ်မုန့်မှာ ပါတဲ့ ပစ္စည်းတွေ အားလုံးက တစ်ခုမကျန် စားလို့ ရတယ်နော်။ မစားဘဲ လွှင့်မပစ်နဲ့ဦး။ အကုန်စားသွားနော်။ မသိသေးတဲ့ သူငယ်ချင်းတွေကော လမ်းကြုံရင် ပြောပေးပါဦး။ ကိုယ်စားလေး ဖိတ်ပေးပါဦးနော်။ အကယ်၍ မမြင်ရဘူး ဆိုရင် ဒီမှာ ကလစ်နှိပ်ပြီး သုံးဆောင်ကြပါဗျာ။

ဆက်ဖတ်ရန် →