ကပ်ပါပေ့ မြို့စားရယ် (၅)
အရှင်၊ ဖမ်းမိထားတဲ့ သူခိုးတစ်ယောက်ကို ကျွနု်ပ် ဘယ်လို စီရင်ပြီး ကျွန်ုပ်ရဲ့ ဝါဒအတွက် အထောက်အကူ ယူခဲ့တယ်လို့ အသင် ထင်ပါသလဲ။ အဲဒီ သူခိုးကို ဒဏ်ရာမပေါ်အောင် အရိုက်ခိုင်းပြီး အသက် ဘယ်က ထွက်လာလိမ့်မလဲလို့ ကျွန်ုပ်တို့ ဝိုင်းကြည့်ကြတယ်။ အဲဒီလူ အသက်ထွက်ခါနီးလောက်ပြီ ဆိုရင် ပက်လက် အလှန်ခိုင်းပြီး အသက်ထွက်ရာကို စောင့်ကြည့်ကြပေမယ့် တစ်ယောက်မှ မမြင်ပါ။ အဲဒီနောက် သူ့ကို မှောက်ခိုင်းပြီး ရိုက်တယ်။ ဘေးစောင်းထားပြီး ထုတယ်။ ဇောက်ထိုးဆွဲပြီး နှက်တယ်။ ဒဏ်ရာမပေါ်အောင် အမျိုးမျိုး နှိပ်စက်ပြီး အသက်ထွက်မှာကို ဂရုတစိုက် စောင့်ကြည့်ခဲ့ကြတယ်။ ကျွနု်ပ်လိုပဲ အသက်ထွက်သွားတာကို ဘယ်သူမှ မမြင်လိုက်ရ။ သူကတော့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ချက်အောက်မှာ တုတ်တုတ်မျှတောင် လှုပ်ဖော်မရတော့။ မျက်စိရှိပေမယ့်လည်း မမြင်နိုင်တော့။ […]