အစေ့ဥပဒေသ
နျူတန်ဆိုတာနဲ့ မသိတဲ့သူ မရှိသလောက်ပါပဲ။ သိပ္ပံပညာကို တစ်ခေတ်ဆန်းစေခဲ့သူ၊ မဟာပုဂ္ဂိုလ်ကြီးတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ သူရဲ့ တွေ့ရှိချက်တွေထဲက လူသိများတာကတော့ ကမ္ဘာမြေရဲ့ ဆွဲအားကို တွေ့ရှိခြင်းပါပဲ။ တွေ့တာက ပန်းသီးပင်အောက်မှာ ထိုင်ရင်းနဲ့ ဆိုတာလည်း အားလုံးသိကြတယ်။ ကျနော် ငယ်ငယ်က သရက်ပင်အောက် ခဏခဏ ရောက်ဖြစ်တယ်။ သရက်သီး သွားဆွတ်တာပေါ့။ သူ့ဖာသာ ကြွေကျရင်လည်း ကောက်လိုက်တယ်၊ မကြွေကျရင် တမင် ချွေချတယ်။ သရက်သီးတွေ အလုံး အရာအထောင် ကောက်ခဲ့ဖူးတယ်၊ သူ့လို ဘာလို့ အသီးဟာ ကြွေရင် ဘာလို့ အောက်ကိုပဲဆင်းပြီး အပေါ် ပြန်တက်မသွားတာလဲ လို့တော့ တစ်ခါမှ မစဉ်းစားဖူးဘူး။ အဲဒီ စဉ်းစားဖော်ရတာ နျူတန်ရဲ့ ထူးခြားချက်ပေါ့။ နေ့စဉ်တော့ တွေ့နေတာပဲ သတိမမူမိဘူး။ ဒါပေမယ့် […]