PK Portfolio

Posts

Thoughts, notes, and things to share.

ပီကေကပ်သော ဆိုင်းဘုတ်များ

ကျနော် အရင် နှစ်တွေတုန်းက ခရီး သိပ်ထွက်ဖြစ်တယ်။ ခရီးထွက်တိုင်းလည်း ဒေသန္တရ ဗဟုသုတ ရချင်လို့ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ စိတ်ဝင်တစား ပတ်ဝန်းကျင်ကို အမြဲ အကဲခတ်တတ်တယ်။ ဟိုး အရင်က ဘလော့ဂ်တွေ မပေါ်သေးတော့ ကျနော်ရဲ့ ဒိုင်ယာရီထဲမှာပဲ ခရီးသွား မှတ်တမ်းလေးတွေ ရေးမှတ်ထားခဲ့တယ်။ ခရီးစဉ် တလျှောက်လုံးမှာ ကုန်ခဲ့ရတဲ့ အသုံးစားရိတ်တွေ၊ ဖြစ်ခဲ့ရတဲ့ ကမောက်ကမတွေ၊ တက်ခဲ့ရတဲ့ ပြဿနာတွေ၊ ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ ရယ်ခဲ့ရတဲ့ ဟာသတွေ၊ မောခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ဆုံခဲ့ရတဲ့ လူတွေ၊ မြင်ခဲ့ရတဲ့ ကိုးယိုးကားယားတွေ၊ ဒါတွေ ဒါတွေကို အခု ပြန်ဖတ်ကြည့်တော့ အမောပြေ၊ အလွမ်းပြေ၊ အဆာပြေ၊ အညစ်ပြေ အနှစ်တွေ ဖြစ်နေတယ်။ ကျနော် ခရီးသွားရင်း (သို့) […]

Continue reading →

၁၇၇၄ ခုနစ်မှ ရှေးမြန်မာ့ သင်္ချာကျမ်းကြီး

ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်း ( ၁၇၇၄ ) မြန်မာ့သိပ္ပံပညာဆိုင်ရာ ကျမ်းတွေ စာပေတွေဟာ ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် (၁၇၈၂ – ၁၈၁၉) မှာ အခြေတကျ စပြီး ထွန်းကားလာတယ်လို့ ပညာရှင်အများက လက်ခံ ယုံကြည်ထားကြတယ်။ အဲဒီလို လက်ခံရတဲ့ အကြောင်းကတော့ ဗဒုံမင်းဟာ အိန္ဒိယနိုင်ငံနဲ့ သီဟိုဠ်နိုင်ငံကနေ ကျမ်းပေါင်း (၂၀၀) ကျော်ကို မြန်မာနိုင်ငံသို့ ယူဆောင်စေခဲ့တယ်။ အဲဒီလို ယူလာတဲ့ ကျမ်းတွေရဲ့ မြန်မာပြန်မူတွေကို အခုအချိန်အထိ လက်ဆုတ်လက်ကိုင် ပြနိုင်သေးတယ်။မြန်မာ့သင်္ချာ ပညာသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ကျမ်းပြုသူ အစောဆုံး ခြေရာကောက်မိတဲ့ သင်္ချာကျမ်းကတော့ သင်္ချာပကာသက အမည်ရှိတဲ့ ကျမ်းဖြစ်တယ်။ အဲဒီကျမ်းက ၁၄ ရာစု နှစ်ဦးပိုင်းကတည်းက ယိုးဒယားနိုင်ငံက တဆင့် မြန်မာနိုင်ငံကို […]

Continue reading →

သူငယ်ချင်း တစ်ယောက်ထံမှ ….

ဆုလေးက သူငယ်ချင်းအကြောင်း ရေးဖို့ တက်ထားတာ အတော်ကလေးကို ကြာနေပါပြီ။ ရေးမယ်လို့ ချိန်ဆတော့လည်း ဘယ်သူ့အကြောင်းကို ရေးရမလဲ ဆိုတာကလည်း ပြဿနာလေ။ သူငယ်ချင်းတွေက များတော့ ရွေးရတော့ ခက်သား။ နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက်ကို သွားသတိရတယ်။ သူက ကျနော့်ဘဝမှာ သူမတူအောင် မှတ်တမ်းတင်ထိုက်တဲ့ လူတစ်ယောက်ပါ။ အမှန်အတိုင်း ပြောရရင် သူ့အကြောင်း သိပ်မရေးချင်ပါဘူး။ စဉ်းစားမိတိုင်း စိတ်မကောင်း ဖြစ်လို့ပါ။ သူနဲ့ ကျနော်တို့ (၈) တန်း ကျောင်းသား ဘဝကတည်းက တစ်တန်းတည်း အတူနေ အရမ်းခင်လာခဲ့ကြတာပါ။ ကမျင်းဖော် ကမျင်းဖက်၊ သောင်းကျန်းဖော် သောင်းကျန်ဖက်တွေပါ။ အတန်းထဲမှာ အဆိုးဆုံး၊ အဂျစ်ဆုံး၊ အပေဆုံး၊ အကပ်ဆုံးလို့ ပြောလို့ ရသလိုပဲ အတော်ဆုံးလည်း ဖြစ်ပါတယ်။ (၉) တန်းတုန်းက […]

Continue reading →

ပီကေရဲ့ ဧည့်ခံပွဲလေး

လည်လည်လာကြတဲ့ သယ်ရင်းများ အားလုံး အတွက် ဟိုဟာကို ဂုဏ်ပြုသောအားဖြင့် ကော်ကော်တိုက်ချင်စိတ်လေး ပေါက်လာတယ်ဗျာ။ အားလုံး ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်နဲ့ သောက်ချင်သလောက် သောက်လို့ရအောင် Vending Machine လေး ထားပေး ထားပါတယ်။ ကြိုက်သလောက် သောက်လို့ရအောင် အကြွေလည်း လိုသလောက် ပေးထားတယ်နော်။ ဧည့်သည်များတော့ ကိုယ်တိုင် ဧည့်မခံနိုင်တာ ခွင့်လွတ်ပါနော်။ ကိုယ်တိုင်ယူ စနစ် (Self-service) လေးနဲ့ ကော်ဖီကို အပူကြိုက်ကြိုက် အအေးကြိုက်ကြိုက် ရွေးသောက်သွားကြပါ။ ဒီကော်ဖီစပ်တဲ့ ဖော်မြူလာကို တောင်အမေရိက ကနေသယ်လာတာဆိုတော့ အရင်သောက်ဖူးတဲ့ ကော်ဖီနဲ့ မတူတာတော့ အမှန်ပဲဗျို့။ သောက်ပြီးရင် ကြိုက်မကြိုက် မိုက်မမိုက် ပြောခဲ့ဦးနော်။ ကောင်းရင်လည်း နေ့တိုင်း လာသောက်ပါ။ အဖော်လည်း အများကြီး ခေါ်လာလို့ ရတယ်လေ။ ကဲကဲ […]

Continue reading →

စကားလုံး အသုံးအနှုန်းများ ( မျှ၊ မဆို )

အသုံးအနှုန်း အစဉ်အလာအရ ဆိုလျှင် `မည်သည်´ `မည်သူ´ တို့ကို `မျှ´ နှင့်တွဲလျှင် ဆိုင်ရာကြိယာ၌ `မ´ ထည့်၍ သုံးတတ်ကြသည်။ပုံစံများမှာ -မည်သူကိုမျှ မပြောကြနှင့်။မည်သည့် လက်ထက်တွင်မျှ မကြားစဖူး။မည်သည့်အခါမျှ တိမ်းစောင်းခြင်းမရှိ။မည်သူမျှ မအောင်မြင်။မည်သည့်ဆရာထံသို့မျှ မဆည်းကပ်။အကယ်၍ `မျှ´ ကို မသုံးဘဲ၊ `မဆို´ ကို သုံးလျှင် `မဆို´ ၌ `မ´ ပါပြီး ဖြစ်၍ ဆိုင်ရာ ကြိယာ၌ `မ´ ထည့်ရန်မလို။ပုံစံများမှာ -မည်သူမဆို ထီးနန်းနှင်းလေ။မည်သူမဆို အလိုရှိသမျှ ပေးလော့။မည်သည့်အချိန်တွင်မဆို ထွက်နိုင်ဝင်နိုင်သည်။ အရေးရောတတ်သော အသုံးအနှုန်းမှာ `မဝင်ရ´ ဟူသော အသုံးအနှုန်းမျိုးဖြစ်သည်။အချို့က `မည်သူမဆို မဝင်ရ´ ဟု ရေးတတ်ကြသည်။ မသင့်ပါ။ သုံးရိုးသုံးစဉ်မှာ `မည်သူမျှ မဝင်ရ´ ဟု သုံးရပါသည်။အကယ်၍ အတားအမြစ်မရှိ၊ […]

Continue reading →

ယိုင္တုိင္တုိင္ အေတြးမ်ား

လျော့ရဲရဲ အပြုံးတွေနဲ့ ခပ်ရိရိ လောကကြီး။ (ငိုပြနေဦးမယ်)ချိနဲ့နဲ့ ခြေလှမ်းတွေနဲ့ အလည်လွန်တဲ့ မျှော်လင့်ချက်။ (ပျံသန်းပစ်လိုက်မယ်)စိမ်းရွှင်ရွှင် အကြည့်တွေနဲ့ ခပ်ကျဲကျဲ ခွင့်လွှတ်ခြင်း။ (လက်စားချေနေတယ်)စပ်ဖြီးဖြီး အမုန်းတွေနဲ့ ခပ်တည်တည် ဖော်ရွေမှု။ (ကျင့်သုံးကြမယ်လေ)စင်းလုံးချော အပြစ်တွေနဲ့ ရောင်စုံခြယ် ကိုယ်ချင်းစာတရား။ (ကြင်နာကြပါစို့လား)အရှုံးပြ နှလုံးသားနဲ့ ခပ်ပေါပေါ သစ္စာ။ (ရယ်မောနေလိုက်တယ်)ခပ်ပျစ်ပျစ် ဟန်ဆောင်မှုနဲ့ အဖာတစ်ရာ ကရုဏာ။ (သနားပါတယ်နော်)ဆန်းသစ်တဲ့ မနက်ဖြန်နဲ့ ခေါက်ရိုးကျိုးနေတဲ့ အချိန်တွေ။ (အား မွေးထားတယ်)ပျိုမျစ်တဲ့ အရှုံးနဲ့ တိုက်စစ်မှူးလေး နောင်တ။ (ယစ်မူးကြဦးစို့)ရိုးတိုးရိပ်တိတ် ပွင့်လင်းမှုနဲ့ မုံယိုနေတဲ့ သမာဓိ။ (အပို ဆောင်ထားကြပါ)ပေါ့ပျက်ပျက် ဒေါသနဲ့ ခက်ထန်တဲ့ အကြင်နာတရား။ (ယမယ်မရှာပါနဲ့)မှုန်ဝါးဝါး အနာဂတ်နဲ့ စူးရှနေတဲ့ ထိုင်းမှိုင်းမှု။ (ခဏ နားသွားပါဦး)ဖျော့တော့တော့ စေတနာနဲ့ ရင့်မာနေတဲ့ နူးညံ့မှု။ […]

Continue reading →

Fair And Justice တရားမျှတခြင်း

တရားတယ် နဲ့ မျှတတယ် ဆိုတဲ့ မြန်မာစာလုံးကို ကျနော်တို့ သာမန်ကာရှန်ကာပဲ ဖတ်လိုက်ကြတယ်။ လွယ်လွယ်လေးပဲ တွေးလိုက်ကြတယ်။ တရားမျှတခြင်း လို့ တွဲပြီး ဖတ်လိုက်တယ်။ တွဲပြီး မှတ်လိုက်တယ်။ ကျနော်တို့ အဲဒီ စကားလုံး နှစ်လုံးကို အဓိပ္ပါယ် ဆင်တူတယ်လို့ပဲ ယူဆလိုက်ကြတယ်။ တကယ်တော့ အဲဒီ စကားလုံး နှစ်လုံးဟာ ဝိရောဓိသဘောတွေ ပါနေတယ်။ တစ်ခုကို ပြည့်စုံအောင် ကြိုးစားကြရင်း ကျန်တဲ့တစ်ခုက အမြဲတမ်း လစ်ဟင်းသွားတတ်တယ်လေ။ တရားတာနဲ့ မျှတတာ အဓိပ္ပါယ်အနေနဲ့ စာဖတ်သူကကော ဘယ်လို နားလည်လဲ။ အောက်ကို ဆက်မဖတ်ခင် တစ်ချက်လောက် စဉ်းစားကြည့်ပါဦးလား။Fair ဆိုတာကို free from bias, dishonesty, or injustice လို့ အဓိပ္ပါယ် ဖွင့်ထားတယ်။ […]

Continue reading →

စကားသံနှင့် အနက် ဆက်သွယ်ချက်

မြန်မာစကားလုံးတွေကို လေ့လာကြည့်ရင် စကားသံတချို့နဲ့ အနက်အဓိပ္ပါယ်တွေ ဆက်သွယ်နေတာကို စိတ်ဝင်စားဖွယ် တွေ့ရလိမ့်မယ်။ အချို့ ဗျည်းသံတွေက အနက်အဓိပ္ပါယ်ကို ပြုပြင်ပေးနိုင်စွမ်း ရှိကြတယ်။ မြန်မာစကားမှာ ဗျည်းသံတူသလို အနက်အဓိပ္ပါယ်ချင်းလည်း တူညီ နီးစပ်မှုရှိတဲ့ စကားလုံးတွေ ရှိပါတယ်။ သံညင်း၊ သံပြင်း ကွဲပြားမှု သဘောကလည်း အနက်အဓိပ္ပါယ်နဲ့ ဆက်စပ်မှု ရှိပါတယ်။စကားသံနဲ့ အနက်အဓိပ္ပါယ် ဆက်သွယ်ပုံကို ပြတဲ့နေရာမှာ `ဟ´ ဗျည်းသံက အရေးပါလှတယ်လို့ ဆိုနိုင်တယ်။ `ဟ´ ဗျည်းသံက ဖြစ်ခြင်းပြ အနက် ကို ပြုခြင်းပြ အနက် ဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိတယ်။ ဖြစ်ခြင်းပြ အနက်ရှိတဲ့ စကားလုံးကို `ဟ´ ဗျည်းသံ ပေါင်းလိုက်တဲ့ အခါမှာ ပြုလုပ်ခြင်း အနက်ရှိတဲ့ စကားလုံးအဖြစ် ပြောင်းသွားတယ်။ ဖြစ်ခြင်းပြ […]

Continue reading →

မချစ်တတ်သေးပါ

အချစ်အကြောင်း ပြောပြဖို့ မေပျို က တက် (TAG) ထားတယ်လေ။ သူ့အကိုရဲ့ ဇာတ်လမ်းတွေ ကြားချင်ပုံ ရတယ်။ ဒါပေမယ့် စိတ်မကောင်းပါဘူး သဲရယ်။ အချစ်အကြောင်း ရေးမယ်လို့ အပီအပြင် အားတင်းပြီး ညစ်ထုတ် ကြိုးစားပေမယ့်လည်း တစ်လုံးမှ ထွက်မလာဘူးလေ။ သူငယ်ချင်း တစ်ယောက်က အကို့ကို “Intellectual Robot” လို့ သမုတ်ဖူးတယ်။ အသိတရား ရှိတဲ့ စက်ရုပ်ပေါ့။ လူလို ကောင်းကောင်း မခံစား တတ်ဘူးတဲ့လေ။ ၅ တန်းကတည်းက ခင်လာတဲ့ သူငယ်ချင်းဆိုတော့ သူပြောတဲ့ စကားကို ငြင်းဖို့ အတော် ခက်နေတယ်။ ဒါပေမယ့် ဟုတ်ပါတယ်လို့ ဝန်မခံခဲ့ဘူး။ ငါ ခံစားတတ်ပါတယ် လို့ပဲ ယုံကြည်ခဲ့တာလေ။ သူပြောတဲ့ စကားကို အတော်ကြာကြာ […]

Continue reading →

ဘောဂဗေဒ၏ ဥပဒေသ (၁၀)ခု – အပိုင်း (၁)

Economy ဆိုတာ ဂရိဘာသာရဲ့ စကားလုံး တစ်လုံးပါ။ အိမ်ထောင်စု တစ်ခုကို စီမံခန့်ခွဲသူလို့ အဓိပ္ပါယ်ရတယ်။ မြင်မြင်ချင်း ကျနော်တို့ ဒီမူရင်း အဓိပ္ပါယ်ကို နားလည်ရ အတော်ခက်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းတော့ အီကိုနော်မီ (Economy) နဲ့ အိမ်ထောင်စုတွေနဲ့ တူညီတဲ့ အချက်တွေ အများကြီးပါ။အိမ်ထောင်စု တစ်ခုမှာ ဆုံးဖြတ်ချက်တွေ အများကြီး ချရတယ်။ အိမ်ထောင်စုထဲမှာ ပါတဲ့ ဘယ်သူတွေကတော့ဖြင့် ဘာတွေ လုပ်ကြမလဲ။ အဲဒီအလုပ်အတွက် ဘာတွေတော့ ပြန်ပေးမယ် ဆိုတာတွေကို ဆုံးဖြတ်ချက် ချရတယ်။ ဥပမာ အနေနဲ့ ညစာကို ဘယ်သူ ချက်မလဲ။ အဝတ် ဘယ်သူ လျှော်မလဲ။ ဒီည ဘယ်လိုင်းက ရုပ်ရှင်ဇာတ်ကားကို ကြည့်မလဲ။ ဒါကို ဘယ်သူ ရွေးပိုင်ခွင့် ရှိမလဲ။ […]

Continue reading →