PK Portfolio

Category: အရှေးအဟောင်းများ

မြန်မာတို့၏ အချိန်ဝေါဟာရများ

ယနေ့ခေတ်လို နာရီတွေ တွင်တွင်ကြီး မသုံးခင်ကတည်းက မြန်မာလူမျိုးတွေမှာ အချိန်နဲ့ ပတ်သက်ပြီး ဝေါဟာရတွေ ရှိနေခဲ့ပြီးသားပါ။ စက်နာရီတွေ သုံးလာတဲ့ ဒီဘက်ခေတ် ရောက်တဲ့အထိကိုပဲ ဝေါဟာရတချို့ဟာ ဆက်လက် ရှင်သန်နေဆဲပဲ။ ဥပမာ – အရုဏ်တက်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ ညနေစောင်း၊ ညချမ်း၊ သန်းခေါင်။ ဒီဝေါဟာရတွေကို ဒေသအသီးသီးမှာ သုံးစွဲနေကြတုန်းပါ။ ဒါပေမယ့် ဝေါဟာရတွေကို သုံးသာ သုံးနေကြတယ်။ အဓိပ္ပါယ်သက်မှတ်ချက်ကို အတိအကျ သိလားဆိုတော့ မသိတဲ့သူက အများသား။ ဥပမာဗျာ၊ မွန်းတည့်ဆိုတာ နေ့ ၁၂ နာရီလို့ လူသိများပေမယ့် ညနေစောင်း လို့ ပြောရင် ဇဝေဇဝါ ဖြစ်ကြရတယ်။ ညနေ ၄ နာရီလား၊ ၅ နာရီလား မသိသူက ခက်များများ။ ဒါကြောင့် […]

Continue reading →

တို့စိတ်တွေ လေနေတဲ့ မေ (၃၁)

မနက်ဖြန်ဆိုရင် သူ ထွက်ခွာသွားတာ (၁၂) နှစ် တင်းတင်းပြည့်သွားပါပြီ။ သူနဲ့ ပတ်သက်တဲ့အကြောင်းကို ကျနော် တံခါးခေါက်သံများ ဆိုပြီး အပိုင်း (၂၊ ၃၊ ၄) မှာ ရေးခဲ့ဖူးပါတယ်။ ကျနော်တို့ အင်မတန်မှ ခင်မင်ရတဲ့ ခင်မင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်၊ သူငယ်ချင်း အားလုံးအပေါ်မှာ အနွံတာ ခံနိုင်တဲ့ ညီအကိုတစ်ယောက်၊ အမေကို အစွမ်းကုန် စိတ်ချမ်းသာစေချင်တဲ့ သားကောင်း တစ်ယောက်။ အဝေမွှေးပေမယ့် အကြွေစောခဲ့တဲ့ သူငယ်ချင်း။ တကယ် ပြန်တွက်ကြည့်ရင် သူ့အသက်က (၂၁)၊ တစ်ချိန်မှာ အင်မတန်မှ မှည့်ဝင်းရွှန်းစိုမယ့် အသီးတစ်လုံးလို့ အားလုံးက မျှော်လင့်ထားခဲ့ပေမယ့် နုနုနယ်နယ်နဲ့ပဲ အကြွေ စောခဲ့ရတယ်။ သူ အဲဒီတုန်းက ကွန်ပြူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျနော် […]

Continue reading →

ငရဲခွေးကြီး လွတ်နေပြီ

ပုံ – အိုးဝေမဂ္ဂဇင်း စာတည်းအဖွဲ့ (၁၉၃၆) ပုံ – ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်များ (၁၉၃၆) ၁၉၃၆ ခုနစ် ဇန္နဝါရီလထုတ် အိုးဝေမဂ္ဂဇင်းမှာ ရေးသားပုံနှိပ်ခဲ့တဲ့ ငရဲခွေးကြီး လွတ်နေပြီ ဆိုတဲ့ ပေးစာတစ်စောင်နဲ့ ပတ်သက်ပြီး မူရင်းရေးသားသူ (ညိုမြ) ရဲ့ နာမည်ကို မဖော်ထုတ်ပေးတဲ့အတွက် ၁၉၃၆ ခုနစ် ဖေဖော်ဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဦးနုကိုပါ တက္ကသိုလ်ကနေ ထုတ်ပယ်ပစ်လိုက်တယ်။ အိုးဝေမဂ္ဂဇင်းဟာ တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့က ထုတ်ဝေတဲ့ မဂ္ဂဇင်း တစ်စောင်ဖြစ်တယ်။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ အိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာလည်း ဖြစ်တာကြောင့် သူ့မှာ အဓိက တာဝန်ရှိတယ်ဆိုပြီး သူတို့ကို ကျောင်းထုတ်ပစ်ခဲ့ပါတယ်။ အဲဒီလို ကျောင်းထုတ်ပစ်လိုက်လို့ […]

Continue reading →

မြန်မာ့ကျား

ခေါင်းစဉ်ကို ဖတ်ပြီး မြန်မာ့ကျားဆိုလို့ အကောင်ကြီးကြီး အမြီးရှည်ရှည်နဲ့ သတ္တဝါကို ပြေးမြင်မိကြတော့မယ် ထင်တယ်။ ကျနော် ဆိုလိုချင်တာက အကောင်လည်း မကြီးဘူး၊ အမြီးလည်း မပါတဲ့ ကျားပါ။ ကျားကစားနည်းကို ဆိုလိုတာပါ။ ဒါဆို မျက်လုံးထဲ မြင်ပြီထင်တယ်။ အရောင်တစ်ကွက် ပြောင်တစ်ကွက်နဲ့ ကွက်ကြား ဆွဲထား ဘန်းပြားပေါ်မှာ ဇယ်တွေကို တဇောင်းလေး စောင်းငမ်းစောင်းငမ်း ရွှေ့ရတဲ့ ကစားနည်းပေါ့ဗျာ။ ဒီကစားနည်းက အားလုံး သိနေပြီးသားမို့ ဘာတွေများ ထပ်ရေးစရာ လိုပါလိမ့်မလဲလို့ တွေးနေမိလိမ့်မယ်။ ဟုတ်ပါတယ်။ ရေးစရာ မရှိပါဘူး။ အဲ ဒါပေမယ့် ကျနော် ခေါင်းစဉ်တပ်ထားတာ “မြန်မာ့ကျား” တဲ့။ အဓိပ္ပာယ်က မြန်မာ့ရိုးရာ ကျားကစားနည်းကို ဆိုလိုတာပါ။ ကျနော်တို့ အများစုက ခုနပြောတဲ့ စောင်းငမ်းစောင်းငမ်း သွားနေတဲ့ […]

Continue reading →

ဟိုးတစ်ခေတ်က ကြေးနန်းရုံများ

၁၉ ရာစု ဝင်လာတယ် ဆိုတာနဲ့ ကမ္ဘာအရပ်ရပ်မှာ သိပ္ပံပညာဟာ အံ့မခန်း တိုးတက်လာလိုက်တာ အရှိန်က အခုထိ မသေသေးပါဘူး။ အထူးသဖြင့်တော့ အနောက်နိုင်ငံမှာပေါ့။ အဲဒီအထဲမှာ အံ့သြစရာ အကောင်းဆုံးနဲ့ လူဆိုတဲ့ ဂုဏ်ဒြပ်ကို ဆွဲတင်ပေးနိုင်ခဲ့တဲ့ တီထွင်မှုကတော့ ဆက်သွယ်ရေးပိုင်းပေါ့။ ဆက်သွယ်ရေးတွေ တဖြည်းဖြည်း ကောင်းလာလို့ သိပ္ပံပညာရဲ့ ကျက်စားရာကလည်း အနောက်နိုင်ငံကနေ ဘက်ပေါင်းစုံကို ပျံ့နှံ့ပြီး ပညာရေးစီးမှာ မျှောလိုက်နေကြတယ်။ တစ်နေရာဆီက တီထွင်မှုဟာ တခြားတစ်နေရာကို အချိန်တိုလေးအတွင်းမှာ ရောက်နိုင်ခဲ့လို့ တီထွင်မှုရဲ့ အကျိုးရလဒ်ကို တစ်ကမ္ဘာလုံးနီးပါး ခံစားကြရတယ်။ ဆက်သွယ်ရေး ကောင်းတာနဲ့အမျှ စီးပွားရေးမှာလည်း သွက်လက်မြန်ဆန်တဲ့ ရောင်းဝယ် ဖောက်ကားမှုတွေနဲ့အတူ ငွေကြေးလည်ပတ်မှုက ကမ္ဘာနိုင်ငံ အသီးသီးကို ဖြတ်သန်းစီးဆင်း နိုင်လာတယ်။ နိုင်ငံ အုပ်ချုပ်ရေးအပိုင်းက ကြည့်ရင်လည်း သတင်းအချက်အလက် […]

Continue reading →

စနည်းနာခြင်း

စနည်း / စနီး၊ စနဲ / နာမ် – ရှေ့ပြေးနိမိတ်အနေဖြင့် ကြားရသောအသံ။စနည်းနာ / စနဲနာ / ကြိယာ – လူအများ ပြောသံဆိုသံကို ထောက်လှမ်းသည်။ ဒါ မြန်မာစာဌာနက ထုတ်တဲ့ မြန်မာအဘိဓာန်မှာ ဖော်ပြထားချက်ပါ။ ကျနော်တို့ စနည်းနာတယ်လို့ သုံးလေ့ရှိတယ်။ မလုပ်ခင် ထောက်လှမ်းတယ်လို့ ကျနော်တို့ နားလည်ထားကြတယ်။ အဓိပ္ပာယ်ကို ပိုပြီး ရှင်းလင်း နားလည်ချင်တာနဲ့ အဘိဓာန်စာအုပ်ကို လှန်ပြီး ဖတ်ကြည့်မိတယ်။ အဲဒီစာအုပ်နဲ့ အတူ တခြား စာအုပ်တစ်အုပ်ကိုလည်း သွားသတိရမိတယ်။ စနည်းနာခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တင်ပြထားတဲ့ သမိုင်းစာအုပ်ပါ။ စနည်းနာတာနဲ့ သမိုင်းနဲ့ ဘာပတ်သက်သလဲလို့ တွေးမိပါလိမ့်မယ်။ ဘယ်လို ပတ်သက်သလဲ ဆိုတာသိရအောင် ဆက်ဖတ်ကြည့်စေချင်တယ်။ အခု […]

Continue reading →