လက်ထပ်ခွင့် ပြုပါ
ပထမဆုံး အကြိမ် ကျနော် သူ့ကို လက်ထပ်ခွင့်တောင်းခဲ့တာ ခြောက်နှစ်သား အရွယ်ကပေါ့။“ငါ မင်း ယောကျ်ား လုပ်မယ်။ ဒါဆို နင်က ငါ့ မိန်းမဖြစ်ပြီ။” လို့ ပြောတော့“ဟင့်အင်း” လို့ပဲ ရိုးရိုး ပြန်ငြင်းလိုက်တယ်။“ဟုတ်တယ်”“ဟုတ်ဘူးပဲ” လို့ ပြောပြီး အိမ်ထဲက ပြေးထွက်သွားတယ်။ခဏလေး ကြာတော့ ကျနော်လည်း ထွက်လာခဲ့လိုက်တယ်။ အိမ်ထဲမှာ တစ်ယောက်တည်း ကစားရတာ အတော် ပျင်းစရာ ကောင်းတာပါကလား။ဒုတိယအကြိမ် လက်ထပ်ခွင့် တောင်းခဲ့တာ ကျနော်တို့ (၁၄) နှစ်သားလောက်ကပေါ့။ နှစ်စဉ် လုပ်နေကျဖြစ်တဲ့ ကျောင်း ကပွဲတစ်ပွဲမှာ ကျနော်တို့ နှစ်ယောက် တွဲ က ရတယ်လေ။ အဝတ်လဲခန်းကနေ သူ ထွက်အလာကို ကျနော် စောင့်နေခဲ့တယ်။ အဝတ်လဲခန်းကနေ ထွက်လာတော့ ပန်းရောင်ဝတ်စုံလေးနဲ့ သူ့ကို […]