ဘန်းမကျော်ဘဲ ကွန်းမန့်ရေးနိုင်အောင်
ကျနော်တို့လို blogspot ကို မသုံးဘဲ သီးခြားဒိုမိန်းနဲ့ သုံးတဲ့ ဘလော့ဂါတွေရဲ့ အဓိက ရည်ရွယ်ချက်ဟာ Access Denied ဆိုတဲ့ ဘန်းကို ကျော်ဖို့ပဲ ဖြစ်ပါတယ်။ ကျနော် အခုသုံးထားတဲ့ myanmarbloggers.org ဆိုတဲ့ ဒိုမိန်းကို သုံးပြီးတဲ့ အခါမှာ ဘန်းကျော်ကြည့်ရတဲ့ ဒုက္ခကနေ လွတ်ကင်းသွားပေမယ့် နောက်ထပ် အခက်အခဲ သုံးခုကို ရင်ဆိုင်ရနေပါသေးတယ်။ သီးခြား ဒိုမိန်းယူတဲ့ လူတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေပါ။ ဒီအခက်အခဲက ဖြေရှင်းလို့ရတဲ့ ပြဿနာတွေပါ။ အခက်အခဲတွေကတော့(၁) အရင် blogger.com မှာ တင်ထားတဲ့ ပုံတွေဟာ ဘန်းမြဲ ဘန်းခံရလို့ မပေါ်ပါဘူး။ Browse လုပ်ပြီး My Computer ထဲက တင်တဲ့ ပုံတွေ မှန်သမျှ blogger.com […]