မာတိကာကြည့်ရန်

Notes

[←1]

[1] ယခင်က အမျိုးသမီးများ၏ ထုပ်စည်းထားသော ခြေဖဝါးငယ်များကို ရွှေရောင်လီလီများဟု တင်စား ခေါ်ဝေါ်ခဲ့ကြသည်။

 

[←2]

[2] လောင်ထုံး – 老同 Old Same – အိုသည်အထိ အေးအတူပူအမျှ ချစ်သွားကြမည့် အချစ်တော် သူငယ်ချင်း။

 

[←3]

[3] ချင်မင်းဆက်၏ ၇ ဆက်မြောက် ဧကရာဇ်ဖြစ်သော ချင်ဝိန်ကျုံးဘုရင် အုပ်စိုးသော ကာလကို ရှန်ဖုန်းကာလ၊ သို့မဟုတ် ရှန်ဖုန်းလက်ထက်ဟု ခေါ်သည်။

 

[←4]

[4] ယွမ်းယန် – 鸳鸯 Mandarin Duck. အောက်ချင်းငှက်ကဲ့သို့ မိမိ၏ မိတ်ဖက်အပေါ် သစ္စာရှိသော ငှက်မျိုး ဖြစ်သည်။ မြန်မာဟင်္သာနှင့် အသွင်တူသည်။

[←5]

[5] ဇာတာအက္ခရာရှစ်လုံး(生辰八字)တရုတ်တို့၏ ရိုးရာဗေဒင်အရ လူတစ်ယောက်ကို ဗေဒင်တွက်ချက်တော့မည် ဆိုလျှင် ထိုသူ၏ ဇာတာအက္ခရာရှစ်လုံးကို တောင်းပြီးမှ တွက်ချက်ယူရသည်။ အက္ခရာရှစ်လုံး ဟူသည်မှာ ကာယကံရှင်၏ မွေးနေ့ (ခုနှစ်၊ လ၊ ရက်)နှင့် မွေးချိန်ကို အက္ခရာများဖြင့် ကိုယ်စားပြု ဖော်ပြထားခြင်း ဖြစ်သည်။

ဥပမာ – ၂၀၀၂ ခု၊ ၁၀ လ၊ ၁၀ ရက်၊ နံနက် ၄ နာရီ ၂၁ မိနစ် ‌မွေးဖွားသူ၏ ဇာတာအက္ခရာရှစ်လုံးမှာ 壬午庚戌辛亥庚寅 ဖြစ်သည်။

 

[←6]

[6] သက်ရှည်ဝတ်စုံ (寿衣 shouyi) သည် ကွယ်လွန်သွားသူများကို ဝတ်ဆင်ပေးရသည့် မသာဝတ်စုံ ဖြစ်သည်။ မြန်မာတို့သည် ရုပ်အလောင်းကို ပြင်ဆင်ရာ၌ အင်္ကျီတစ်ထည်၊ လုံချည်တစ်ထည်တည်းသာ ဝတ်ဆင်ပေးလေ့ ရှိသော်လည်း တရုတ်တို့မှာမူ ရိုးရာဓလေ့အရ အထည်ပေါင်းများစွာ ဝတ်ဆင်ပေးကြသည်။ အင်္ကျီ၊ ဘောင်းဘီ သို့မဟုတ် စကတ်များကို ၃ ထည်မှသည် ၁၅ ထည်အထိ ဝတ်ဆင်ပေးကြသည်။ အသက်ကြီးလျှင် ကြီးသကဲ့သို့ အထည်ရေ များသွားသည်။ သို့သော် ၁၅ ထည်ထက်တော့ ပိုဝတ်မပေးကြပေ။ ဤသို့ အထပ်ပေါင်းများစွာ ဝတ်ပေးရသည့် အကြောင်းအရင်းမှာ ရှေးယခင်က အခြေအ‌နေ အရပ်ရပ်ကြောင့် အလောင်းများကို ချက်ချင်း မသင်္ဂြိုဟ်နိုင်ဘဲ တစ်ခါတစ်ရံ နှစ်ပေါက်သည်အထိ ထားရလေ့ရှိသောကြောင့် အပုပ်နံ့ကို ကာကွယ်နိုင်ရန်အတွက် ရုပ်အလောင်းကို အထပ်ထပ် ဝတ်ဆင်ပေးထားရခြင်း ဖြစ်သည်။

သက်ရှည်ဝတ်စုံအတွက် တကူးတက အသစ်ချုပ်သူများလည်း ရှိသည်။ အသက် ၆၀ ကျော်လျှင် သူတို့၏ သားသမီးများက သူတို့အတွက် သက်ရှည်ဝတ်စုံများ ကြိုတင် ပြင်ဆင်ပေးထားတတ်သည်လည်း ရှိသည်။ ယခုခေတ်အခါတွင် အပြင်ဆိုင်မှလည်း အလွယ်တကူ ဝယ်ယူနိုင်သည်။ ပိုက်ဆံ မတတ်နိုင်သူများ အဖို့မူ ယခင် ဝတ်ဆင်ခဲ့ဖူးသော အင်္ကျီ၊ ဘောင်းဘီ အဟောင်းများကိုလည်း သက်ရှည်ဝတ်စုံအဖြစ် ပြင်ဆင်ချုပ်လုပ်ကာ ဝတ်ဆင်ပေးတတ်ကြသည်။ သက်ရှည်ဝတ်စုံတွင် သတ်မှတ်ချက်တချို့ ရှိသည်။

၁။ ဝတ်စုံအရေအတွက်ကို မဂဏန်းသာ ဝတ်ဆင်ပေးကြသည်။ (၃၊ ၅၊ ၇ စသည်) တချို့ဒေသများတွင် ၉ ဂဏန်း၏ အသံထွက်သည် ခွေး၏ အသံထွက်နှင့် တူနေသောကြောင့် ထိုဒေသများ၌ ၉ ထည် ဝတ်ပေးလေ့ မရှိပေ။

၂။ အင်္ကျီနှင့် ဘောင်းဘီကို အရေအတွက် အတူတူ ဝတ်ပေးလေ့ မရှိဘဲ ၂ ထည်လျှော့၍ ဝတ်ပေးကြသည်။ ဥပမာ အင်္ကျီ ၅ ထည် ဝတ်ပေးလျှင် ဘောင်းဘီကို ၃ ထည် ဝတ်ပေးကြသည်။

၃။ သက်ရှည်ဝတ်စုံကို ချုပ်လုပ်ရာတွင် ဖဲသားနှင့် သားရေကို ရှောင်ကြဉ်ကြသည်။

၄။ သက်ရှည်ဝတ်စုံအတွက် ကိုယ်ကျပ်အင်္ကျီ၊ ဘောင်းဘီများကို ဝတ်ဆင်ပေးခွင့် မရှိပေ။ နောင်လာနောက်သားများ ကျပ်တည်းလိမ့်မည်ဟု အယူရှိသည်။

၅။ သက်ရှည်ဝတ်စုံ၏ အင်္ကျီကို လက်ရှည်သာ ဝတ်ဆင်ပေးလေ့ရှိပြီး လက်ရှည်ကိုလည်း လက်ဖဝါးနှစ်ဘက် ဖုံးသည်အထိ ချုပ်လုပ်ကြသည်။ လက်ပေါ်နေလျှင် သားမြေးများ သူတောင်းစားဖြစ်မည်ဟု အယူရှိကြသောကြောင့် ဖြစ်သည်။

၆။ သက်ရှည်ဝတ်စုံတွင် အိတ်ကပ်ထည့်လေ့ မရှိပေ။ လူ့ဘဝမှ ဓနဥစ္စာများကို သယ်ဆောင်သွားမည် စိုးသောကြောင့် ဖြစ်သည်။

[←7]

[7] စန်းချောင်စာအုပ် – (三朝书) စန်းချောင်၏ တိုက်ရိုက်အဓိပ္ပာယ်မှာ သုံးရက်မြောက်နေ့ ဖြစ်သည်။ ဤနေရာ၌ စကားလုံး၏ ဆိုလိုရင်း အဓိပ္ပာယ်မှာ မင်္ဂလာဆောင်ပြီး တတိယမြောက်နေ့ ဖြစ်သည်။ ထိုနေ့တွင် ဖတ်ပြရသော စာအုပ်ဖြစ်သောကြောင့် စန်းချောင်စာအုပ်ဟု ခေါ်သည်။ ဤစာအုပ်အကြောင်းကို ဝတ္ထု၏ နေရာတစ်နေရာ၌ အသေးစိတ် ရှင်းပြပါလိမ့်ဦးမည်။

[←8]

[8] ကုန်းစိန်း (贡生) နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ဘုရင်မင်းမြတ်၏ ရာထူးခန့် စာမေးပွဲသို့ ဝင်ရောက် ဖြေဆိုနိုင်ရန်အတွက် ပြည်နယ်အစိုးရ၏ ထောက်ခံချက်ကို ရရှိထားသူ။

 

[←9]

[9] ကျင့်စစ် (进士) နေပြည်တော်တွင်ကျင်းပပြုလုပ်သည့်ဘုရင်မင်းမြတ်၏ရာထူးခန့်စာမေးပွဲကိုဖြေဆိုအောင်မြင်သူ။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *