PK Portfolio

ရေးသားချက်များ

အတွေးအမြင်၊ မှတ်စုနှင့် မျှဝေလိုသော အကြောင်းအရာများ။

ခေါင်းကွဲသရဲ

နယ်မြို့လေးတစ်မြို့က ဘော်ဒါဆောင် တစ်ဆောင်မှာပေါ့။ နာမည် အတိအကျတော့ မပြောတော့ပါဘူး။ ထုံးစံအတိုင်း ယောက်ျားလေးအဆောင်တွေကို ဆရာတွေက အဆောင်မှူးအနေနဲ့ ထိန်းကြရတာပေါ့။ ယောက်ျားလေးဆောင်တွေမှာ အဓိက ထိန်းရတာကတော့ ညည ခိုးထွက်တဲ့ ပြဿနာပဲ။ ဒီ ဘော်ဒါဆောင်ကလည်း ညနေ ၆ နာရီနောက်ပိုင်း လုံးဝ အပြင်ထွက်ခွင့် မရှိဘူး။ ကျောင်းသားတချို့ကလည်း မရရတဲ့နည်းနဲ့ ခိုးထွက်ကြတာပဲ။ ဒီအဆောင်က အနောက်ဘက် ခြံစည်းရိုးနဲ့ နီးတော့ အများစုက အဲဒီ ခြံစည်းရိုးကနေပဲ ခိုးထွက်ခဲ့ကြတာ။ ပြီးတော့ အနောက်ဘက် ကပ်လျက်ခြံက ခြံကွက်လပ်ကြီး လူနေအိမ် မရှိဘူး။ သစ်ပင်ကြီးတွေတော့ အများကြီး ရှိတယ်။ ဒါကြောင့်လည်း အဲဒီနေရာက ခိုးထွက်လို့ အကောင်းဆုံးပေါ့။ အဆောင်မှူးဆရာကလည်း ဒါကို သိတယ်။ ဒါကြောင့် အဲဒီ ခြံစည်းရိုးမှာ […]

ဆက်ဖတ်ရန် →

ဗျိုင်းမှာ အထီးမရှိဘူးတဲ့လား

ဗျိုင်းမှာ အထီးမရှိဘူး ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ခေါင်းစဉ်တစ်ခု ခေါင်းထဲဝင်လာတာနဲ့ အင်တာနက်မှာ ဟိုခေါက်ဒီခေါက် လျှောက်ရှာကြည့်မိတယ်။ သတ္တလောကမှာ လိင်တစ်မျိုးတည်း ရှိတဲ့ သတ္တဝါ ရှိပါ့မလားပေါ့။ တကယ်တော့ ဒါက မဖြစ်နိုင်တဲ့ မေးခွန်းတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သတ္တဝါမျိုးစိတ်တစ်ခု ရှင်သန်ပွားများဖို့ဆိုရင် သတ္တဝါတိုင်းမှာ မျိုးပွားအင်္ဂါ ပါကိုပါရမယ်။ မျိုးပွားအင်္ဂါ ပါလာပြီဆိုရင် Gender ဆိုတဲ့ လိင်ကွဲပြားမှုက ရှိကို ရှိရတော့မှာပေါ့။ ထူးခြားတာတွေ ဘာတွေ တွေ့ရမလဲဆိုပြီး အင်တာနက်မှာ လျှောက်ရှာဖတ်ကြည့်တော့ ဗဟုသုတ ရစရာတွေ အများကြီး သိလာရတယ်။ ဥပမာ – Virgin birth (ပညာရပ်ဝေါဟာရ – Parthenogenesis) လို့ခေါ်တဲ့ အပျိုမီးဖွားတာမျိုး။ အမှန်က အထီးအမ လိင်ဆက်ဆံ မပြုဘဲ အမတိရစ္ဆာန်က […]

ဆက်ဖတ်ရန် →

သင့်ကို ဘယ်သူက အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်နေသလဲ။

တစ်ချိန်တုန်းက ဖတ်ခဲ့ဖူးတဲ့ သိပ္ပံဆောင်ပါးတစ်ပုဒ်ကို အမှတ်ရမိတယ်။ သုတေသနပညာရှင်တွေက သူတို့ရဲ့ အောင်မြင်မှုတစ်ခုကို ထုတ်ပြန်ကြေညာတယ်။ သူတို့ရဲ့ စမ်းသပ်မှုက ဆေးသိပ္ပံအတွက်လည်း အကျိုးများပြီး အနာဂတ် လူ့လောကကိုလည်း အကြီးအကျယ် ပြောင်းလဲလာနိုင်တဲ့ အောင်မြင်မှု တစ်ခုပါပဲ။ ပထမဆုံး သုတေသန လုပ်ရတဲ့ ရည်ရွယ်ချက်က လေဖြတ်လို့ပဲဖြစ်ဖြစ် ဦးနှောက်တစ်ပိုင်း သေသွားတဲ့ ဝေဒနာရှင်တွေအတွက် ရည်ရွယ်ပြီး သုတေသနပြုကြတာပဲ။ Neuroscience ပေါ့။ လေဖြတ်ပြီး ကိုယ်အင်္ဂါတချို့ လှုပ်ရှားလို့ မရတော့တဲ့ သူတွေဟာ ခြေလက် မသန်စွမ်းတော့လို့ မဟုတ်ဘဲ ဦးနှောက်ရဲ့ အစိတ်အပိုင်းတချို့ ချွတ်ယွင်းသွားလို့သာ ဖြစ်တယ်ပေါ့။ အတိအကျပြောရရင် ဦးနှောက်က အမိန့်ပေးတဲ့ အမိန့်တွေဟာ သက်ဆိုင်ရာ ကိုယ်အင်္ဂါဆီ မရောက်အောင် တားဆီးခံရတယ်၊ ဒါမှမဟုတ် အမိန့်ပေးတဲ့ အစိတ်အပိုင်း ကိုယ်နှိုက်က ချွတ်ယွင်းသွားတာမျိုးလည်း […]

ဆက်ဖတ်ရန် →

လောဟန့် (ရဟန္တာ) ၁၈ ပါး

ဟိုးအရင် သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်။ “ဘာကြောင့် တရုတ်ဘုံကျောင်းက နတ်ရုပ်ဆိုတာတွေက ပြူးပြူးပြဲပြဲ၊ ရှုံ့တွဖုထစ်ပြီး ကြောက်စရာ ကောင်းအောင် ထုထွင်းထားကြတာလဲ” တဲ့။ “တကယ်တမ်း ဘုရားကျောင်းတွေထဲ ဝင်သွားရင် ရင်ထဲ အေးချမ်းနေရမယ်၊ တည်ငြိမ်နေရမယ်၊ ကြည်လင်နေရမယ်။ အခုတော့ သူတို့ မြင်တာနဲ့ လိပ်ပြာတောင် လွင့်မတတ်ဘဲ” လို့ ဆက်ပြောတယ်။ “အမှန်ကတော့ မကောင်းဆိုးဝါးတွေကို နှင်ဖို့ ရုပ်ဆိုးပန်းဆိုး ထုလုပ်ထားကြတာ ဖြစ်မှာပါ” လို့ပဲ ပေါ့ပေါ့လေး ဖြေခဲ့မိတယ်။ တကယ်လည်း အဲ့လို ရည်ရွယ်တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပုထုဇဉ် နတ်ရုပ်တွေကို ရုပ်ဆိုးဆိုး ကြောက်စရာကောင်းအောင် ဆွဲတာ ထုတာတော့ ဘာမှ မပြောလိုပေမယ့် ရဟန္တာအရှင်မြတ်တွေကို ရုပ်ဆိုးပန်းဆိုး ဆွဲထားထုထားတာမြင်ရင် စိတ်ထဲ သိပ် မကျေနပ်ချင်ဘူး။ ဒါပေမယ့် […]

ဆက်ဖတ်ရန် →

အငြင်းသန်တဲ့မဇ္ဈိမသား

အငြင်းသန်တဲ့မဇ္ဈိမသား ဆိုတဲ့ နာမည်မြင်တာနဲ့ ကိုယ်ရဲ့ အတွေးက အဆိုးဘက်ကနေ စတွေးမိတော့တာပဲ။ ကိုယ်ရှင်သန်ကြီးပြင်းရာ မြန်မာလူမှု ပတ်ဝန်းကျင်မှာ “အငြင်းသန်တဲ့ကောင်” “ဖင်ပိတ်ငြင်းတဲ့ကောင်” လို့ ကင်ပွန်းတပ်ခံရရင် ဒီလူဟာ တဇွတ်ထိုးကောင်၊ တစ်ဘက်ပိတ်ကောင်၊ တစ်ယူသန်ကောင် ဆိုတဲ့ သဘောမျိုး သက်ရောက်သွားတယ်။ မြန်မာလူနေမှု စရိုက်သဘာဝက ငြင်းတာကို အားမပေးဘူးလို့ ပြောရမယ်။ မိဘတွေ၊ ဆရာဆရာမတွေကအစ “ဟဲ့ကောင် အတွန့်မတက်နဲ့၊ လျှာမရှည်နဲ့” ဆိုပြီး ပိတ်ပင်တတ်ကြတယ်။ ငြင်းခုန်ဖို့ မပြောနဲ့၊ ထောင့်ပေါင်းစုံကနေ တွေးတောခွင့်တောင် ပိတ်ပင်ချင်ကြတယ်။ ဒါက မြန်မာ့လူမှုစရိုက်။ ကိုယ်က ဒီဘဝထဲမှာ ကြီးပြင်းလာရတော့ အငြင်းသန်တယ်လို့ မြင်တာနဲ့ လူမိုက်တွေပဲ၊ လူဆိုးတွေပဲလို့ စိတ်က အလိုလို ကင်ပွန်းတပ်မိရဲ့။ အတော်မိုက်တဲ့၊ ကတ်သီးကတ်ဖဲ့နိုင်တဲ့ အိန္ဒိယသားတွေအကြောင်း ဖတ်ရတော့မယ်ပေါ့။ ဒါက […]

ဆက်ဖတ်ရန် →

မြေစာပင်များ

တောင်းရမ်းစားသောက်ခြင်းသည် ဒီနိုင်ငံတွင် စီးပွားဖြစ်လွယ်သော လုပ်ငန်းတစ်ခုဖြစ်၏။ သူတို့လောကထဲတွင် တစ်နှစ်ဝန်းကျင် ကလေးတစ်ယောက် ငှားရမ်းခသည်ပင် တစ်ရက်ကို ၅ ထောင်ခန့် ဖြစ်သွားပြီ။ ထိုကလေးများကို အိပ်ဆေးကျွေး၍ အနှီးထုပ်ထဲတွင် ထည့်ကာ လိုက်လံတောင်းရမ်းသော မိန်းမကြီးများ၏ ဝင်ငွေသည် မသေးလှ။ ထိုပြင် သက်ကြီးရွယ်အို ဘိုးဘွားတစ်ဦး၏ တစ်ရက်တာ တောင်းရမ်းရငွေသည် ၂ သောင်းနှင့် ၃ သောင်းကြား ရှိသောကြောင့် သက်ကြီးဘိုးဘွားတစ်ဦး ရှိသောအိမ်သည် တစ်မိသားစုလုံး ချောင်ချောင်လည်လည်ဖြင့် နေထိုင်စားသောက်နိုင်ပါသည်။ …. မိဘမဲ့ဂေဟာမှ ဘုန်းကြီးက သူတို့ထမင်းစားနေသည်ကို လာကြည့်ပြီး – ‘စားနိုင်တယ်နော်၊ အလှူခံလို့ရတာနဲ့ ကာမိပါ့မလားတောင် မသိဘူး’ ဟု မျက်နှာကို ရှုံ့မဲ့ကာ ပြော၏။ နန်းမိုးတို့ကို ခေါ်လာသည့် ဘုန်းကြီးက – ‘သိပ်စဉ်းစားမနေနဲ့ ဟေ့လူ။ […]

ဆက်ဖတ်ရန် →

ပုံပျက်သွားသော ပါဠိသက် ဝေါဟာရများ – ဝေဒနာ

မြန်မာတွေက သုံးကြတယ်။ “ဝေဒနာခံစားနေရတယ်” တို့၊ “ဒီဝေဒနာကို မခံစားချင်တော့ဘူး” တို့ အပြောများ အသုံးများကြတယ်။ မြန်မာ အများစုက ဝေဒနာဆိုတဲ့ စကားလုံးကို ဒုက္ခဆိုတဲ့ စကားလုံးအစား ဖလှယ်ပြီး သုံးကြတယ်။ ဥပမာ “ဒုက္ခခံစားနေရတယ်” အစား “ဝေဒနာခံစားနေရတယ်” လို့ သုံးတယ်။ “ဒီဒုက္ခကို မခံစားချင်တော့ဘူး” အစား “ဒီဝေဒနာကို မခံစားချင်တော့ဘူး” လို့ ရေးကြတယ်။ ဒါကြောင့် မြန်မာစာမှာ ဝေဒနာ လို့ ရေးတာနဲ့ နာကျင်ခံခက်တဲ့ အတွေ့အကြုံပဲ ဆိုတာ တန်းသိနိုင်တယ်။ တစ်ခါတလေကျတော့ ဝေဒနာ ဆိုတာ ရောဂါကို ကိုယ်စားပြုပြန်တယ်။ အနာတရကိုလည်း ဝေဒနာလို့ သုံးပြန်တယ်။ ကင်ဆာဝေဒနာ၊ ခေါင်းကိုက်ဝေဒနာ စသဖြင့်ပေါ့။ ဒါကြောင့် ဝေဒနာ ဆိုတာနဲ့ ဆိုးရွားတဲ့ အခြေအနေကို […]

ဆက်ဖတ်ရန် →