သေရွာပြန်အတွေ့အကြုံနှင့် အာရုံကြောသိပ္ပံရှုထောင့်
ဆရာဦးအေးမောင် ရေးတဲ့ “သေသည်၏ အခြားမဲ့၌” ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးကြမယ် ထင်ပါတယ်။ အဲဒီစာအုပ်ထဲမှာ သေရွာပြန်တွေရဲ့ အတွေ့အကြုံတွေကို ထည့်ရေးထားတယ်။ သေရွာပြန် ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို အများစုကတော့ သိပြီးသား နေမှာပါပဲ။ ဒါပေမယ့် သေချာအောင် ထပ်ပြောပြရရင် သေပြီလို့ ယူဆခံထားတဲ့ လူက သေရာကနေ (မြောနေရာကနေ) ပြန်နိုးလာတယ်။ အဲဒီလူကို သေရွာပြန်လို့ ခေါ်ကြတာပေါ့။ ဒီနေရာမှာ သေပြီလို့ ယူဆရတဲ့ အကြောင်းအရင်းက အဲဒီလူဟာ အသက်မရှူတော့တာလည်း ဖြစ်ရမယ်၊ ဒါမှမဟုတ် နှလုံးမခုန်တော့တာလည်း ဖြစ်ရမယ်။ အဲဒီလို လူကို သေပြီလို့ သတ်မှတ်ကြတာပေါ့။ အခုနောက်ပိုင်း သိပ္ပံပညာတွေ တိုတက်လာတဲ့ အခါမှာ အဲဒီသတ်မှတ်ချက် နှစ်ခုနဲ့တင် မလုံလောက်တော့မှန်း သိလာရတယ်။ သဘောက ယာယီ […]




