နတ်ကွန်းထဲက ဆီမီးလျှံ စာညွှန်း
ဒီစာအုပ်ကို မြင်တော့ ပထမဆုံး စိတ်ဝင်စားမိတာက စာအုပ်ခေါင်းစဉ်ပဲ။ နတ်ကွန်းထဲက ဆီမီးလျှံတဲ့။ ဆီမီးလျှံ ဆိုတဲ့ စကားလုံးက သိပ်စိတ်ဝင်စားစရာ မကောင်းဘူး။ စိတ်ဝင်စားဖို့ ကောင်းနေတာက နတ်ကွန်း။ ဘယ့်နှယ်ကြောင့်များ ‘နတ်ကွန်း’ ကို ထည့်သုံးထားပါလိမ့်ပေါ့။ အဲဒီအတွေးနဲ့ ဖတ်လိုက်တာ စာအုပ်တစ်ဝက်လောက် ရောက်တဲ့အထိ အထောက်အထားက ရှာမတွေ့ဘူး။ အဲဒီ တစ်ဝက်လောက်မှာမှ နတ်နန်း ဆိုတဲ့ စကားလုံးကို စတွေ့ရတယ်။ ဒါပေမယ့် ဘာကြောင့် ‘နတ်ကွန်းထဲက ဆီမီးလျှံ’ ဖြစ်နေမှန်း မသိပါဘူး။ နောက်ဆုံး စာအုပ်ဆုံးခါနီးကို ရောက်သွားတဲ့ အထိပဲ။ ကျနော် ဒီစာအုပ်ကို ဖတ်မယ်လို့ လျာထားကတည်းက ပြောရရင် ဒီစာအုပ်နဲ့ ဆိုင်တဲ့ ဘာအညွှန်း၊ ဘာအမှာစာကိုမှ မဖတ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က စာအုပ်တစ်အုပ်ကို၊ […]