PK Portfolio

Category: သရဲ၊ တစ္ဆေ၊ ဂမ္ဘီရ

ခေါင်းကွဲသရဲ

နယ်မြို့လေးတစ်မြို့က ဘော်ဒါဆောင် တစ်ဆောင်မှာပေါ့။ နာမည် အတိအကျတော့ မပြောတော့ပါဘူး။ ထုံးစံအတိုင်း ယောက်ျားလေးအဆောင်တွေကို ဆရာတွေက အဆောင်မှူးအနေနဲ့ ထိန်းကြရတာပေါ့။ ယောက်ျားလေးဆောင်တွေမှာ အဓိက ထိန်းရတာကတော့ ညည ခိုးထွက်တဲ့ ပြဿနာပဲ။ ဒီ ဘော်ဒါဆောင်ကလည်း ညနေ ၆ နာရီနောက်ပိုင်း လုံးဝ အပြင်ထွက်ခွင့် မရှိဘူး။ ကျောင်းသားတချို့ကလည်း မရရတဲ့နည်းနဲ့ ခိုးထွက်ကြတာပဲ။ ဒီအဆောင်က အနောက်ဘက် ခြံစည်းရိုးနဲ့ နီးတော့ အများစုက အဲဒီ ခြံစည်းရိုးကနေပဲ ခိုးထွက်ခဲ့ကြတာ။ ပြီးတော့ အနောက်ဘက် ကပ်လျက်ခြံက ခြံကွက်လပ်ကြီး လူနေအိမ် မရှိဘူး။ သစ်ပင်ကြီးတွေတော့ အများကြီး ရှိတယ်။ ဒါကြောင့်လည်း အဲဒီနေရာက ခိုးထွက်လို့ အကောင်းဆုံးပေါ့။ အဆောင်မှူးဆရာကလည်း ဒါကို သိတယ်။ ဒါကြောင့် အဲဒီ ခြံစည်းရိုးမှာ […]

Continue reading →