PK Portfolio

Category: အာရုံကြောသိပ္ပံ

သေရွာပြန်အတွေ့အကြုံနှင့် အာရုံကြောသိပ္ပံရှုထောင့်

ဆရာဦးအေးမောင် ရေးတဲ့ “သေသည်၏ အခြားမဲ့၌” ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးကြမယ် ထင်ပါတယ်။ အဲဒီစာအုပ်ထဲမှာ သေရွာပြန်တွေရဲ့ အတွေ့အကြုံတွေကို ထည့်ရေးထားတယ်။ သေရွာပြန် ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို အများစုကတော့ သိပြီးသား နေမှာပါပဲ။ ဒါပေမယ့် သေချာအောင် ထပ်ပြောပြရရင် သေပြီလို့ ယူဆခံထားတဲ့ လူက သေရာကနေ (မြောနေရာကနေ) ပြန်နိုးလာတယ်။ အဲဒီလူကို သေရွာပြန်လို့ ခေါ်ကြတာပေါ့။ ဒီနေရာမှာ သေပြီလို့ ယူဆရတဲ့ အကြောင်းအရင်းက အဲဒီလူဟာ အသက်မရှူတော့တာလည်း ဖြစ်ရမယ်၊ ဒါမှမဟုတ် နှလုံးမခုန်တော့တာလည်း ဖြစ်ရမယ်။ အဲဒီလို လူကို သေပြီလို့ သတ်မှတ်ကြတာပေါ့။ အခုနောက်ပိုင်း သိပ္ပံပညာတွေ တိုတက်လာတဲ့ အခါမှာ အဲဒီသတ်မှတ်ချက် နှစ်ခုနဲ့တင် မလုံလောက်တော့မှန်း သိလာရတယ်။ သဘောက ယာယီ […]

Continue reading →

When Animals Dream & The Mind of a Bee

ဒီရက်ပိုင်း ဖတ်ဖြစ်တဲ့အထဲမှာ ထူးခြားတဲ့ စာအုပ်နှစ်အုပ်ပါပဲ။ နှစ်အုပ်စလုံးက Neuroscience နဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေတယ်။ ဒီစာအုပ်နှစ်အုပ်ကို ဖတ်ပြီးတဲ့အခါမှာ ပိုပြီး သဘောကျမိတာက Neuroscience ကြောင့် မဟုတ်ဘဲ သူတို့ရဲ့ သုတေသနလုပ်တဲ့ research methodology တွေပဲ။ ပြောရရင် သူတို့တွေက လူမဟုတ်တော့ သူတို့ရဲ့ ခံစားချက်၊ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေကို ဘာသာစကား တစ်ခုခုနဲ့ ဖော်ပြနိုင်စွမ်း မရှိကြဘူး။ ဒီတော့ လူက အဲဒါကို သိအောင် ဘယ်လို လုပ်မလဲ။ ဒါက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ဥပမာ ပြောရရင် ပျားတွေက စိတ်ဆိုးတတ်သလား၊ စိတ်လှုပ်ရှားတတ်သလား ဆိုတာမျိုးပေါ့။ တိရစ္ဆာန်တွေရဲ့ subjective experience ပုဂ္ဂလိကအတွေ့အကြုံကို တိုက်ရိုက် မလေ့လာနိုင်တော့ […]

Continue reading →

သင့်ကို ဘယ်သူက အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်နေသလဲ။

တစ်ချိန်တုန်းက ဖတ်ခဲ့ဖူးတဲ့ သိပ္ပံဆောင်ပါးတစ်ပုဒ်ကို အမှတ်ရမိတယ်။ သုတေသနပညာရှင်တွေက သူတို့ရဲ့ အောင်မြင်မှုတစ်ခုကို ထုတ်ပြန်ကြေညာတယ်။ သူတို့ရဲ့ စမ်းသပ်မှုက ဆေးသိပ္ပံအတွက်လည်း အကျိုးများပြီး အနာဂတ် လူ့လောကကိုလည်း အကြီးအကျယ် ပြောင်းလဲလာနိုင်တဲ့ အောင်မြင်မှု တစ်ခုပါပဲ။ ပထမဆုံး သုတေသန လုပ်ရတဲ့ ရည်ရွယ်ချက်က လေဖြတ်လို့ပဲဖြစ်ဖြစ် ဦးနှောက်တစ်ပိုင်း သေသွားတဲ့ ဝေဒနာရှင်တွေအတွက် ရည်ရွယ်ပြီး သုတေသနပြုကြတာပဲ။ Neuroscience ပေါ့။ လေဖြတ်ပြီး ကိုယ်အင်္ဂါတချို့ လှုပ်ရှားလို့ မရတော့တဲ့ သူတွေဟာ ခြေလက် မသန်စွမ်းတော့လို့ မဟုတ်ဘဲ ဦးနှောက်ရဲ့ အစိတ်အပိုင်းတချို့ ချွတ်ယွင်းသွားလို့သာ ဖြစ်တယ်ပေါ့။ အတိအကျပြောရရင် ဦးနှောက်က အမိန့်ပေးတဲ့ အမိန့်တွေဟာ သက်ဆိုင်ရာ ကိုယ်အင်္ဂါဆီ မရောက်အောင် တားဆီးခံရတယ်၊ ဒါမှမဟုတ် အမိန့်ပေးတဲ့ အစိတ်အပိုင်း ကိုယ်နှိုက်က ချွတ်ယွင်းသွားတာမျိုးလည်း […]

Continue reading →