ပါဠိတော်လာ ဓုတ၊ ဓုတဝါဒ (ဓုတင်)
ဓုတင်ကို မြန်မာတွေက ဓူတင်လို့ အသံထွက်ကြတယ်။ မြန်မာအများစုက မိရိုးဖလာ ဗုဒ္ဓဘာသာတွေ ဖြစ်ကြပေမယ့် (မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်နေတာကြောင့်လည်း ဖြစ်မယ်) ဓုတင်အကြောင်းကို ကြားတောင် မကြားဖူးတဲ့ လူက အတော်များများ ရှိတယ်။ ဓုတင် (၁၃) ပါး ရှိတယ် ဆိုတာကို သိဖို့ ဝေးလို့။ ကျနော်တို့ မြန်မာတွေ နားလည်ထားကြတာက ဓုတင်ဆိုတာ လုပ်နိုင်ခဲတဲ့ အကျင့်၊ ခက်ခဲပင်ပန်းတဲ့ အကျင့်၊ ကျင့်စဉ်တွေလို့ပဲ ယေဘုယျ နားလည်ထားကြတယ်။ အဲဒီဓုတင်တွေကို ရဟန်းတွေကပဲ ကျင့်တာ များလေတော့ လူဝတ်ကြောင်တွေက မသိကြဘူး။ နောက်ပြီး အမှန်တကယ် ကျင့်ကြံကြတဲ့ ဆရာတော် သံဃာတော်တွေကလည်း သိုသိုသိပ်သိပ်ပဲ ကျင့်ကြံကြတယ်။ ဆိုလိုတာက သူတို့ ကျင့်ကြံနေပါတယ် ဆိုတာကို လူသိမခံကြဘူး။ လူမသိအောင်ကို […]

