PK Portfolio

Category: ဝတ္ထုတို (ပင်ကို)

သံချေးတက်နေသော ဝိညာဉ်များ

ညချမ်းသည် နီယွန်မီးရောင်များအောက်တွင် အေးစက်လွန်းလှသည်။ မြို့ပြ၏ ကောင်းကင်ယံသည် အမည်းရောင် အမှုန်အစက်ကလေးများနှင့် ပြည့်နှက်နေသည်။ နေဝင်ဖျိုးဖျအချိန်၌ ဂူထဲမှ လင်းနို့များ အစုလိုက် အပြုံလိုက် ထွက်ချလာသည့်နှယ် ကောင်းကင်တစ်ခုလုံး မှောင်မဲကျပ်ခဲနေသည်။ ၎င်းအမည်းစက်ကလေးများသည် သက်ရှိလင်းနို့များ မဟုတ်ကြောင်းကိုမူ မင်းခန့် ကောင်းစွာ သိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လင်းနို့ဆိုသော သက်ရှိမျိုးစိတ်ကို သူသည် မူလတန်းဖတ်စာအုပ်နှင့် VR ဂိမ်းထဲတွင်သာ အရုပ်အနေဖြင့် မြင်ဖူးထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းအရာများသည် ကောင်းကင်ယံကို လွှမ်းမိုးထားကြသော ဒရုန်းအုပ်စုများ ဖြစ်ပြီး လူသားတို့၏ ‘လွတ်လပ်မှု’ ကို လေထုထဲမှ စောင့်ကြပ်နေကြမှန်း သူ သိနေသည်။ မင်းခန့်သည် အသက်ကို ခပ်မှန်မှန်ရှူရင်း သူ၏ လက်ကောက်ဝတ်ကို ငုံ့ကြည့်သည်။ ၈ နာရီထိုးရန် ၅ မိနစ်အလို။ […]

Continue reading →

ခေါင်းကွဲသရဲ

နယ်မြို့လေးတစ်မြို့က ဘော်ဒါဆောင် တစ်ဆောင်မှာပေါ့။ နာမည် အတိအကျတော့ မပြောတော့ပါဘူး။ ထုံးစံအတိုင်း ယောက်ျားလေးအဆောင်တွေကို ဆရာတွေက အဆောင်မှူးအနေနဲ့ ထိန်းကြရတာပေါ့။ ယောက်ျားလေးဆောင်တွေမှာ အဓိက ထိန်းရတာကတော့ ညည ခိုးထွက်တဲ့ ပြဿနာပဲ။ ဒီ ဘော်ဒါဆောင်ကလည်း ညနေ ၆ နာရီနောက်ပိုင်း လုံးဝ အပြင်ထွက်ခွင့် မရှိဘူး။ ကျောင်းသားတချို့ကလည်း မရရတဲ့နည်းနဲ့ ခိုးထွက်ကြတာပဲ။ ဒီအဆောင်က အနောက်ဘက် ခြံစည်းရိုးနဲ့ နီးတော့ အများစုက အဲဒီ ခြံစည်းရိုးကနေပဲ ခိုးထွက်ခဲ့ကြတာ။ ပြီးတော့ အနောက်ဘက် ကပ်လျက်ခြံက ခြံကွက်လပ်ကြီး လူနေအိမ် မရှိဘူး။ သစ်ပင်ကြီးတွေတော့ အများကြီး ရှိတယ်။ ဒါကြောင့်လည်း အဲဒီနေရာက ခိုးထွက်လို့ အကောင်းဆုံးပေါ့။ အဆောင်မှူးဆရာကလည်း ဒါကို သိတယ်။ ဒါကြောင့် အဲဒီ ခြံစည်းရိုးမှာ […]

Continue reading →