PK Portfolio

ရေးသားချက်များ

အတွေးအမြင်၊ မှတ်စုနှင့် မျှဝေလိုသော အကြောင်းအရာများ။

ကမ္ဘာပေါ်မှာ အမြင့်ဆုံး တောင်က ဘယ်တောင်လဲ။

ကမ္ဘာပေါ်မှာ အမြင့်ဆုံး တောင်က ဘယ်တောင်လဲလို့ မေးရင် ကလေးကအစ ဧဝရတ်တောင်လို့ ဖြေကြမှာပဲ။ တစ်နေ့က (တစ်နေ့က ဆိုပေမယ့် ဖတ်ထားဖူးတာ ၅ နှစ်လောက်တောင် ရှိပြီ) Quora မှာ အဲဒီ မေးခွန်းကို မေးထားတာ တွေ့တော့ စိတ်ဝင်စားလို့ ဝင်ဖတ်ကြည့်လိုက်တယ်။ စိတ်ဝင်စားလို့ ဆိုတာထက် ထူးဆန်းလို့လို့ ပြောရင် ပိုမှန်မယ်။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်က ဧဝရတ်တောင်လေ။ ဘာထူးဆန်းလို့လဲ။ မေးစရာ လိုသေးလို့လား။ ဖတ်စာအုပ်တွေထဲမှာတောင် ပါတာပဲဟာ။ ဒါပေမယ့် Quora ထဲမှာ မေးထားလို့ ဝင်ဖတ်ကြည့်လိုက်တော့မှ ကိုယ်လည်း သေတ္တာထဲက ထွက်နိုင်တော့တယ်။ အများလက်ခံထားတဲ့အတိုင်း ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်က ဧဝရတ်တောင် မဟုတ်ဘူးလား။ သံသယဝင်စရာ ရှိသေးလို့လား သံသယ ဝင်စရာတော့ မရှိပါဘူး။ ဧဝရတ်တောင်ရဲ့ […]

ဆက်ဖတ်ရန် →

Confessions – Minato Kanae

ကျနော်မှာ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်။ ‘ရှိခဲ့ဖူးတယ်’ လို့ သုံးရတဲ့ အကြောင်းအရင်းက အဲဒီသူငယ်ချင်းက တစ်နေ့မှာ ဆူဆိုက်လုပ်ပြီး သေသွားခဲ့လို့ပဲ။ အဲဒီအချိန်တုန်းကတည်းက စပြီး သေခါနီးလူတစ်ယောက်ရဲ့၊ အတိအကျ ပြောရရင် သေချင်စိတ်ပေါက်နေတဲ့ လူတစ်ယောက်ရဲ့ သေခါနီးအချိန်မှာ ရှိနေတဲ့ စိတ်အခြေအနေ၊ စိတ်အခံကို သိချင် လေ့လာချင်လာခဲ့တယ်။ ကျနော်က ဟိုးငယ်ငယ်ကတည်းက စိတ်ပညာကို စိတ်ဝင်စားခဲ့လို့ စိတ်ပညာစာအုပ်တွေကိုပဲ ဦးစားပေးပြီး ဖတ်ဖြစ်ခဲ့တယ်။ အဲဒီအကြောင်းကြောင့်မို့ပဲ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသွားခဲ့တာ ဖြစ်မယ် ထင်တယ်။ ဘယ်လို စိတ်အခံမျိုး၊ စိတ်အခြေအနေမျိုးက လူတစ်ယောက်ကို သေချင်စိတ် (ချက်ချင်း) ပေါက်သွားအောင် လုပ်နိုင်တာလဲ။ အဲဒါ အတော်ကြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ခေါင်းစဉ်တစ်ခုပဲ။ စောစောက သူငယ်ချင်းအကြောင်းကို ပြန်ပြောရရင် အဲဒီသူငယ်ချင်းက သေခါနီး (သတ်သေခါနီး) […]

ဆက်ဖတ်ရန် →

ဝူဟန်မှာ ဘာတွေ အမှန်တကယ် ဖြစ်ခဲ့သလဲ

CDC ရဲ့ တရားဝင် ထုတ်ပြန်ချက်အရဆိုရင် COVID-19 ကပ်ရောဂါက ၂၀၂၄ ခု ဒီဇင်ဘာလမှာ ၅ နှစ်တင်းတင်း ပြည့်သွားခဲ့ပြီ။ ဘာသာပြန်သူရဲ့ အပြောအရ ဒီစာအုပ်ကလည်း ငါးနှစ်ပြည့်အထိမ်းအမှတ်အတွက် ထုတ်ထားတယ်လို့ ဆိုပါတယ်။ စာအုပ်က ဘာအကြောင်း ရေးထားသလဲ ဆိုတာကို စာအုပ်နာမည် ကြည့်ရုံနဲ့ သိလောက်ပါပြီ။ သူ့ရဲ့ ခေါင်းစဉ်ပွားက ‌“ဗိုင်းရပ်စ်က လင်းနို့က စတာလား၊ ဓာတ်ခွဲခန်းက စတာလား။ COVID-19 မူလအစ၏ လျှို့ဝှက်ချက်ကို စုံစမ်းဖော်ထုတ်ခြင်း” တဲ့။ စာအုပ်အကြောင်း မပြောခင် မူရင်းစာရေးသူအကြောင်းကို အနည်းအကျဉ်းလောက် ပြောဖို့ လိုအပ်မယ် ထင်တယ်။ ဒီစာအုပ်ရေးသူက နှယ်နှယ်ရရ ပုဂ္ဂိုလ်တော့ မဟုတ်ဘူး။ ဂျာနယ်လစ်ဇင်နဲ့ ပတ်သက်ပြီး ဆုတွေ အများကြီး ရထားတဲ့ စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ်တစ်ယောက်ပါ။ […]

ဆက်ဖတ်ရန် →

အသူရာ – ဧက

တကယ်တော့ ဒီအသူရာဝတ္ထုကို ဖတ်ပြီးခဲ့တာ အတော်လေးကြာသွားပြီ။ ပုံမှန်အားဖြင့်တော့ ကျနော်က စာအုပ်ကို ဖတ်ပြီးပြီးချင်းမှာပဲ စာအုပ်အပေါ် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို စာအဖြစ် တန်းရေးလေ့ရှိတယ်။ ဒါပေမယ့် ဒီစာအုပ်မှာကျတော့ အင်တာနက် လိုင်းမကောင်းတာကတစ်ကြောင်း၊ နောက်တစ်ကြောင်းက ဝတ္ထုဖတ်ပြီးပြီးချင်းမှာ ကိုယ့်ရဲ့ mood မု(ဒ်)က အဆိုးမြင်ဘက် ရောက်နေသလားလို့ တွေးမိတာကြောင့် ဒီစာကို တန်းမရေးဖြစ်ဘဲ စာဖတ်ပြီး ၂ လ၊ ၃ လကြာမှ ရေးဖြစ်တော့တယ်။ ဒီတော့ ဖတ်ပြီးပြီးချင်း ဖြစ်ပေါ်လာခဲ့တဲ့ ခံစားချက်တချို့ကတော့ ဒီစာမှာ ပါနိုင်မယ် မထင်တော့ဘူး။ အခု ခံစားချက်တချို့ကို မှတ်မိသလောက်ပဲ ပြန်ရေးတော့မယ်။ အခုလို ဘာသာပြန်ဝတ္ထုတွေအကြောင်း ပြန်ပြောပြတဲ့အခါမှာ (ဒီမှာ ဝေဖန်တယ်လို့ ကျနော် မသုံးချင်ဘူး။ ကျနော်ရဲ့ ခံစားချက်တချို့ကိုပဲ တင်ပြချင်တာပါ) ကျနော်အနေနဲ့ […]

ဆက်ဖတ်ရန် →

တစ္ဆေတန်း – လင်းခန့်

စာအုပ်နာမည်က တစ္ဆေတန်း။ တစ္ဆေတန်း ဆိုလို့ သရဲတစ္ဆေတွေအကြောင်း ရေးထားတယ် လို့တော့ မထင်လိုက်နဲ့ဦး။ တကယ်တော့ ဒီစာအုပ်က စိတ်ကူးယဉ်သိပ္ပံ ဝတ္ထုတွေကို စုစည်းထားတာ။ ပြောရရင် တရုတ်ပြည်ရဲ့ ခေတ်ပြိုင် သိပ္ပံဝတ္ထုရေးဆရာ သုံးယောက်ရဲ့ ဝတ္ထုတွေကို ပေါင်းစုပြီး Ken Liu က ဘာသာပြန်ထားတာပါ။ ဒီစာအုပ်ထဲမှာ ဝတ္ထုတိုပေါင်း (၉) ပုဒ်ပါတယ်။ အဲဒီဝတ္ထုတွေကို ဖတ်ရင်းနဲ့ ကျနော်ရဲ့ ငယ်ဘဝ အမှတ်ရစရာ အပိုင်းအစလေးတွေကို ပြန်ပြီး တွေးမိလာတယ်။ စာတစ်ပုဒ် ဖတ်ရင်း ငယ်ဘဝကို စားမြုံပြန်ရင်းနဲ့ အတော်ကို အရသာ ရှိတာပါ။ အရင်ဆုံး စာအုပ်မှာ နာမည်တပ်ခံထားရတဲ့ ‘တစ္ဆေတန်း’ ဆိုတဲ့ ဝတ္ထုအကြောင်းလေး စားမြုံ့ကြည့်ချင်တယ်။ ဘာသာပြန်သူက အမှာစာထဲမှာ ဘာရေးထားသလဲ ဆိုတော့ တရုတ်တွေနေတဲ့ […]

ဆက်ဖတ်ရန် →

ဇွန်ပန်းရုံဆီ မပြန်ချင်ပါ – မှူး

ကလေးမလေးတစ်ယောက်၊ ခုနစ်နှစ်သမီးကတည်းက စပြီး သန္ဓေတည်လာခဲ့တဲ့ စိတ်ဒဏ်ရာတစ်ခုက နောက်ထပ် အနှစ် ၂၀ ကြာလာခဲ့တဲ့ အထိ သူ့ဘဝကို တအိအိနဲ့ ဒုက္ခပေးလာခဲ့တယ်။ အဲဒီဒဏ်ရာကို တိုက်ရိုက်အနေနဲ့ ဘယ်သူက ပေးခဲ့တာလည်း ဆိုတော့ သူ့အစ်ကိုအရင်းက ပေးခဲ့တာ။ အတိအကျ ပြောရရင် ၇ နှစ်သမီး အရွယ်ကနေ စပြီး နောက်ထပ် ၁၀ နှစ်လောက်အထိ အစ်ကိုအရင်းရဲ့ လိင်အမြတ်ထုတ်ခြင်းကို ခံခဲ့ရတယ်။ အဲဒီလို မတော်တရော် လုပ်နေခဲ့တာကိုလည်း သူ့မိဘတွေက မသိကြဘူး။ သတိမထားမိကြဘူး။ ပိုပြီး တိတိကျကျ ပြောရရင် သတိထားဖို့ မကြိုးစားခဲ့ကြဘူး။ စိတ်မဝင်စားခဲ့ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လိင်အမြတ်ထုတ်နေတဲ့ အဲဒီ အစ်ကိုဆိုတာက အဲဒီမိဘတွေ ဖူးဖူးမှုတ် အလိုလိုက်ခြင်းကို ခံထားရတဲ့ သားကြီးဩရသ ဖြစ်နေလို့ပဲ။ […]

ဆက်ဖတ်ရန် →

မိမိကိုယ်ကို လှည့်စားခြင်း

လှည့်စားတယ် ဆိုတဲ့ မြန်မာဝေါဟာရကို လေ့လာကြည့်ရင် လှည့် – လှည့်ပတ်၍ + စား – အစားထိုခြင်း လို့ နားလည်လို့ ရပါတယ်။ ဘာတွေကို လှည့်ပတ်ပြီး ဘာတွေနဲ့ အစားထိုးတာလည်း ဆိုတော့ များသောအားဖြင့် မကောင်းတာတွေကို မမြင်မတွေ့ရအောင် လှည့်ပတ်ပြီး ကောင်းတာတွေနဲ့ အစားထိုးပါတယ်။ အစားထိုးတယ် ဆိုတာမှာ လုံးဝကြီး လဲလှယ်လိုက်တာမျိုး မဟုတ်ဘဲ အပြင်ပန်း အမြင်အရ အဲဒီလို ထင်သွားအောင် အစားထိုးခြင်းမျိုးကိုသာ ဆိုလိုတာပါ။ ဥပမာ ကုန်သည်တွေ လှည့်စားတဲ့အခါမှာ အတုကို အစစ်လို့ ထင်အောင် လုပ်တယ်။ ဈေးပေါတာကို ဈေးကြီးတယ် ထင်အောင် လုပ်တယ်။ ဒါကို လှည့်စားတယ် ခေါ်တာပေါ့။ အတိအကျ ပြောရရင် သူတပါးကို လှည့်စားတယ်ပေါ့။ ဒါဆို […]

ဆက်ဖတ်ရန် →

ပုံပျက်သွားသော ပါဠိသက် ဝေါဟာရများ – ကုဋီ

မြန်မာတွေရဲ့ ပါးစပ်ဖျားမှာ ‘ကုဋီ’ လို့ ပြောလိုက်တာနဲ့ အားလုံးက အိမ်သာ toilet ကို ပြေးမြင်ကြတာပဲ။ ကုဋီ ဆိုတဲ့ စကားလုံးက ပါဠိစကားလုံး ‘ကုဋိ’ ကနေ ဆင်းသက်လာတယ်။ ကုဋိ ဆိုတာ တကယ်တော့ အိမ်သာလို့ အဓိပ္ပာယ် မထွက်ဘူး။ မြန်မာတွေ ပါးစပ်ထဲမှာ ပြောရင်း ပြောရင်းနဲ့ ကုဋီကို အိမ်သာ လို့ပဲ မြင်ကြတော့တယ်။ အတိအကျ ပြောရရင်တော့ သံဃာသုံးအိမ်သာကို ကုဋီလို့ ခေါ်ကြတယ်။ လူဝတ်ကြောင်တွေတင် မကဘဲ ပါဠိစာတတ်တဲ့ ဘုန်းကြီးတွေကအစ ကုဋီ ဆိုရင် သံဃာသုံးအိမ်သာကိုပဲ ရည်ညွှန်းကြတယ်။ ‘ကုဋိ’ အကြောင်းကို မပြောခင် လမ်းကြုံလို့ ဋသန်လျင်းချိတ် (ဋ) ရဲ့ အသံထွက်ကို ပြောပြချင်သေးတယ်။ ဋ နဲ့ […]

ဆက်ဖတ်ရန် →

လူတွေအားလုံးက ဘဝကို သုညကချည်း စကြရတာလား

“လူတွေအားလုံးက ဘဝကို သုညကချည်း စကြရတာပါ” လို့ လူအများစုက မှတ်ထင်ကြတယ်။ တကယ်တော့ အဲဒီလို မဟုတ်ဘူး။ ကျနော်တို့ အားလုံးက တကယ်တော့ စမှတ်တွေ မတူကြဘူး။ အားကစားပြိုင်ပွဲတွေမှာ တရားမျှတအောင် ဆိုပြီး စမှတ်ကို တစ်သမတ်တည်း သတ်မှတ်ထားတယ်။ ဥပမာ အပြေးပြိုင်ပွဲပေါ့။ ပြိုင်ပွဲဝင်သူ အားလုံးက စမှတ်တစ်ခုတည်းကနေ စပြေးရတယ်။ ဒါပေမယ့် ဘဝက အဲဒီလောက် တရားမျှတမနေဘူး။ လူ့ဘဝတင် မကဘူး။ သတ္တလောကကြီး တစ်ခုလုံးက တရားမျှတ မနေဘူး။ အဲဒါကို ဗုဒ္ဓဘာသာက ကံတရားလို့ ခေါ်တယ်။ တခြားဘာသာတွေက ဘုရားသခင်ရဲ့ အလိုတော်ကျတဲ့။ ဘယ်လိုပဲ ခေါ်ခေါ် သေချာတာကတော့ စမှတ်မတူဘူး။ တချို့က ကုန်းကောက်စရာ မရှိအောင် ဆင်းရဲတဲ့ မိသားစုမှာ လူဖြစ်လာကြတယ်။ တချို့က […]

ဆက်ဖတ်ရန် →

သာဓုအင်ဆန်းစ်

ဤစာအုပ်ကို ဖတ်သင့်သူများ – စာရေးဝါသနာပါသူ၊ စာပေဝေဖန်ရေးကို စိတ်ဝင်စားသူ။ စာအုပ်နာမည်က သာဓုအင်ဆန်းစ် (Thardu and Sons)၊ မြန်မာလိုတော့ သာဓုနှင့်သားများပေါ့။ သာဓု ဆိုတာက သူ့ခေတ်သူ့အခါမှာ နာမည်သိပ်ကြီးခဲ့တဲ့ ပုဂ္ဂိုလ်။ စာရေးဆရာအဖြစ်နဲ့လည်း နာမည်ကြီးခဲ့သလို ရုပ်ရှင်ဒါရိုက်တာ အဖြစ်နဲ့လည်း နာမည်ကြီးခဲ့တယ်။ သူ့မှာ သားငါးယောက် ရှိတယ်။ ငါးယောက်စလုံးက နှယ်နှယ်ရရတွေ မဟုတ်ဘူး။ အဲဒီအထဲမှာ သုံးယောက်ကတော့ နိုင်ငံကျော်တွေ ဖြစ်ခဲ့ကြတယ်။ ‘ခဲ့’ လို့ သုံးလိုက်ရပေမယ့် ပြောရရင် အခုထိ နာမည်ကြီးနေတုန်းပဲ။ တစ်ယောက်က ရုပ်ရှင်လောကမှာ နာမည်ကြီးတယ်။ တစ်ယောက်က စာပေလောကမှာ နာမည်ကြီးတယ်။ နောက်တစ်ယောက်ကတော့ စွယ်စုံရပုဂ္ဂိုလ်အဖြစ်နဲ့ နာမည်ကြီးတယ်။ သူတို့သုံးယောက်ရဲ့ နာမည်တွေက ဝဏ္ဏ၊ ဗလ၊ နဲ့ ဉာဏ်ပေါ်။ ဝဏ္ဏ […]

ဆက်ဖတ်ရန် →