PK Portfolio

ရေးသားချက်များ

အတွေးအမြင်၊ မှတ်စုနှင့် မျှဝေလိုသော အကြောင်းအရာများ။

ဘန်းမကျော်ဘဲ ကွန်းမန့်ရေးနိုင်အောင်

ကျနော်တို့လို blogspot ကို မသုံးဘဲ သီးခြားဒိုမိန်းနဲ့ သုံးတဲ့ ဘလော့ဂါတွေရဲ့ အဓိက ရည်ရွယ်ချက်ဟာ Access Denied ဆိုတဲ့ ဘန်းကို ကျော်ဖို့ပဲ ဖြစ်ပါတယ်။ ကျနော် အခုသုံးထားတဲ့ myanmarbloggers.org ဆိုတဲ့ ဒိုမိန်းကို သုံးပြီးတဲ့ အခါမှာ ဘန်းကျော်ကြည့်ရတဲ့ ဒုက္ခကနေ လွတ်ကင်းသွားပေမယ့် နောက်ထပ် အခက်အခဲ သုံးခုကို ရင်ဆိုင်ရနေပါသေးတယ်။ သီးခြား ဒိုမိန်းယူတဲ့ လူတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေပါ။ ဒီအခက်အခဲက ဖြေရှင်းလို့ရတဲ့ ပြဿနာတွေပါ။ အခက်အခဲတွေကတော့(၁) အရင် blogger.com မှာ တင်ထားတဲ့ ပုံတွေဟာ ဘန်းမြဲ ဘန်းခံရလို့ မပေါ်ပါဘူး။ Browse လုပ်ပြီး My Computer ထဲက တင်တဲ့ ပုံတွေ မှန်သမျှ blogger.com […]

ဆက်ဖတ်ရန် →

ဘ၀ ဆိုတာ …

“ဘ၀ ဘ၀ ဘဝ၊ ဒီလိုပဲ ဒီလိုအမြဲ” ဆိုတဲ့ သီချင်းစားသားကို ကြားဖူးမှာပါ။ “ဘ၀ ဘ၀ ဘဝ၊ ဒီလိုပဲ့ ဒီလိုရွဲ့” လို့ ပြောင်းဆိုနေတာလဲ ကြားနေရပါတယ်။ ဘဝဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ဖြေဖို့ ပုံပြင်လေးတစ်ပုဒ် အရင် ဖတ်ကြည့်ရအောင်။ပထမဆုံးနေ့မှာ ဘုရားသခင်ဟာ ခွေးသတ္တဝါကို ဖန်ဆင်းတော်မူတယ်။ ပြီး ခွေးကို မိန့်တော်မူတာက “မင်း အိမ်တံခါးမှာ အမြဲထိုင်ပြီး ဖြတ်လျှောက်တဲ့သူ မှန်သမျှကို အကုန်သာ ဟောင်ပေတော့။ မင်းကို ငါကိုယ်တော် အနှစ် နှစ်ဆယ်စာ သက်တမ်း ပေးသနားတော်မူမယ်။”ဒီတော့ ခွေးက “အရှင်ဘုရားသခင်၊ ဒီလောက် အချိန်အကြာကြီးတောင် ဟောင်နေရမှာလားဘုရား။ တပည့်တော်ရဲ့ အသက် ဆယ်နှစ်ကို ဘုရားသခင်အား ပြန်ပေးပါရစေ။ တပည့်တော် ဆယ်နှစ်ပဲ နေပါရစေဘုရား။” […]

ဆက်ဖတ်ရန် →

သစ္သားဇလံုေလး

–Select Language– Myanmar English မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ဝါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။ […]

ဆက်ဖတ်ရန် →

အပြစ်တင်ခြင်း

၂၀၀၈ ခုနစ်၊ ဇူလိုင်လ၊ ၄ ရက် (သောကြာနေ့)အရေးကြီးတဲ့ အလုပ်တစ်ခု လုပ်ဖို့ရှိနေပါတယ်။လူတချို့ လုပ်လိမ့်မယ်လို့ လူတိုင်း က အခိုင်အမာ ယုံကြည်ထားတယ်။တစ်ယောက်ယောက်တော့ လုပ်နိုင်မှာပါ။ဒါပေမယ့် ဘယ်သူမှ မလုပ်ကြဘူး။ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတချို့ စိတ်ဆိုးတယ်။ဒါ လူတိုင်းရဲ့ တာဝန်ပဲ မဟုတ်လား။တစ်ယောက်ယောက် လုပ်နိုင်မယ်လို့ လူတိုင်း ထင်ထားကြတယ်။ဒါပေမယ့် လူတိုင်းတော့ လုပ်မှာ မဟုတ်ဘူးဆိုတာ ဘယ်သူမှ မတွေးဆမိကြဘူး။နောက်ဆုံးတော့ ……တစ်ယောက်ယောက် လုပ်နိုင်တာကိုဘယ်သူမှ မလုပ်တော့လူတိုင်းကလူတချို့ကို အပြစ် ဝိုင်းတင်လိုက်ကြတယ်။ သူ့ကြောင့်ဆိုပြီး အပြစ်ဝိုင်းဖို့လိုက်ကြတယ်။Everybody Was Sure ဆိုတဲ့ မူရင်းစာကိုလည်း ပြန်လည် တင်ပြလိုက်ပါတယ်။There was an important job to be done,and Everybody was sure Somebody would […]

ဆက်ဖတ်ရန် →

နောက်ငါးမိနစ်လောက်

၂၀၀၈ ခုနစ်၊ ဇူလိုင်လ၊ ၂ ရက် (ဗုဒ္ဓဟူးနေ့) ယနေ့သည် ရာသီဥတု အလွန်သာယာသော နေ့တစ်နေ့ဖြစ်သည်။ ပန်းခြံထဲမှ ကစားကွင်းတွင်လည်း ကလေးအသံများဖြင့် သာယာနာပျော်ဖွယ် ကောင်းလှသည်။ ကလေး၊ လူကြီး အရောင်အသွေး စုံလင်စွာဖြင့် ပန်းခြံလေးမှာ အသက်ဝင်နေသည်။ ခုံတန်းလျားတိုင်းတွင်လည်း ကလေးကို စောင့်ကြပ်နေကြသော လူကြီးမိဘများနှင့် ပြည့်ကြပ်၍ နေသည်။ အမျိုးသားတစ်ဦးသာ ထိုင်နေသော ခုံတန်းဆီသို့ အမျိုးသမီးတစ်ဦး ချဉ်းကပ်လာသည်။ ကစားကွင်းထဲမှ ကလေးတစ်ဦးဦးဆီသို့ ပီတိဖြာဝေနေသော မျက်ဝန်းအစုံဖြင့် ခပ်ပြုံးပြုံးကြည့်နေသော ထိုအမျိုးသား၏နားဘေးရှိ နေရာလွတ်ကလေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် အမျိုးသမီးကပင် အမျိုးသားဘက်သို့ လှည့်၍အမျိုးသမီး > “ဟောဟိုမှာ ဒန်းစီးနေတဲ့ အင်္ကျီအနီနဲ့ ကလေးက ကျွန်မသားလေးပါ”အမျိုးသား > “ ကလေးက အတော်ချစ်စရာ ကောင်းတာပဲဗျ။ […]

ဆက်ဖတ်ရန် →

ပြောဖို့ ခက်ပါတယ်

–Select Language–MyanmarEnglish တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့ ပြောရိုးပြောစဉ် နိဒါန်းပါ။ ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို မဟုတ်ပြန်ဘူး။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။ ကဲကဲ … ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့ အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား ခေါ်သွားသတဲ့။တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို […]

ဆက်ဖတ်ရန် →

ခေတ္တ နားခွင့်ပြုပါ

နာဂစ်မုန်တိုင်း၏ နှိပ်စက်မှုကြောင့် အကျွနု်ပ်၏ ကိုးနတ်ရှင်ကြီး ပြိုလဲသွားခဲ့ရပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားထားသော်ငြားလည်း သက်ဆိုင်ရာမှ မသက်ဆိုင်သလို နေနေပါသဖြင့် တစ်လကျော် ကြာလာသော်လည်း အခြေအနေ မထူးခြားဘဲ ဖြစ်နေရပါသည်။ ထို့ကြောင့် အကျွနု်ပ်၏ သူငယ်ချင်းဘော်ဒါ၊ စာဖတ်ပရိသတ်များအား အားနာသမှုဖြင့် ရှေ့မျက်နှာ နောက်ထားပြီး ပြောလိုသည်မှာ “ခေတ္တနားခွင့်ပြုပါ” လို့ ….. ။

ဆက်ဖတ်ရန် →

အယူသီးခြင်း

၂၀၀၈ ခုနစ်၊ မေလ၊ ၂ ရက် (သောကြာနေ့)အယူသီးတယ် ဆိုတာ ဘယ်လို အခြေအနေမျိုးကို ပြောတာလဲ။အယူသီးတဲ့ လူတစ်ယောက်အဖြစ်နဲ့ သတ်မှတ်ခံရတဲ့ လူရဲ့ အပြုအမူကကော ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲ။လူတစ်ဦးတစ်ယောက်ဟာ အယူသီးတဲ့လူလို့ သူ့ပတ်ဝန်းကျင်က သတ်မှတ်ထားရင် အဲဒီလူရဲ့ အပြုအမူဟာ ဘယ်လိုပုံစံ ဖြစ်နေမလဲ ဆိုတာ ကျနော်တို့ အကြမ်းအားဖြင့် နားလည်နိုင်ပါတယ်။ သူ့အပြုအမူဟာ အခြားလူတွေနဲ့ မတူဘဲ တစ်မူ ထူးခြားနေမှာတော့ အမှန်ပဲ။ ဒါပေမယ့် အယူသီးခြင်းရဲ့ အနက်အဓိပ္ပာယ် အတိအကျကို သတ်မှတ်ဖို့ ဆိုရင်တော့ အတော်လေး ခက်လိမ့်မယ်ထင်တယ်။“အယူသီးခြင်းဟူသည် လွန်လွန်ကဲကဲ ပြင်းပြင်းထန်ထန် စွဲမှတ်ယုံကြည်ခြင်း ဖြစ်သည်” လို့ မြန်မာ အဘိဓာန်အကျဉ်းက ပြဆိုထားတယ်။ ဒါဆို နိုင်ငံရေး အယူဝါဒ တစ်ရပ်ကို ပြင်းပြင်းထန်ထန် ယုံကြည်ထားတဲ့ […]

ဆက်ဖတ်ရန် →

အမေ့ကိုယ်စား

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး …. ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။မူလတန်း ကျောင်းသား ဘဝတုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း […]

ဆက်ဖတ်ရန် →