အိမ်နီးချင်းအသစ်
ဒီနေ့ ရပ်ကွက်ထဲ အင်မတန်မှ စည်ကားနေတယ်။ ဘာလို့လဲဆိုတော့ ကျနော့ ဘေးအိမ်မှာ လူသစ်တစ်ယောက် ပြောင်းလာလို့ပဲ။ သူ ပြောင်းလာဖို့အတွက် ပြင်ဆင်နေကြတာလေ။ လူတော့ အတော်စည်သား။ လူသစ် ပြောင်းလာမယ်ဆိုတာ ကျနော်တို့ ကြိုသိပါတယ်။ အရင်နေ့တွေ ကတည်းက ပြင်ကြဆင်ကြနဲ့ ဆိုတော့ တွက်မိပြီးသား။ လူအသစ် ရောက်လာတော့မယ် ဆိုတာ။ ပုံမှန်အားဖြင့်တော့ ကျနော်တို့ဆီ ပြောင်းလာရင် နေ့ခင်းမှ ရောက်ကြတယ်။ လာရင်လည်း အိမ်ရှင်နဲ့အတူ ဧည့်သည်တွေပါ အတူတူပဲ လာကြတယ်လေ။ ဒါကလည်း ထုံးစံလို ဖြစ်နေပြီ။ တခြားတွေမှာ အိမ်ပြောင်းပြီဆိုရင် အိမ်ရှင်က အရင် ပြောင်းလာပြီး နေသားတကျ ဖြစ်အောင် အရင် လုပ်ကြတယ်။ ပြီးတော့မှ ဧည့်ခံပွဲတွေ ဘာတွေ လုပ်တာပေါ့။ ဒီရပ်ကွက်ကတော့ အဲ့ဒီလို မဟုတ်ပဲ။ […]


