PK Portfolio

ရေးသားချက်များ

အတွေးအမြင်၊ မှတ်စုနှင့် မျှဝေလိုသော အကြောင်းအရာများ။

လောကကြီးကို ပြောင်းလဲကြည့်မလား

သားသားကြီးလာရင် ဘာလုပ်မလဲလို့ မိဘတိုင်းက ကိုယ့်သားသမီးကို မေးဖူးကြမယ်။ စဉ်းစားတတ်လာတဲ့ ၁၀ နှစ်သား လောက်မှာလည်း ကိုယ်ပိုင် အိပ်မက်လေးတွေ ကိုယ်စီ မက်ခဲ့ကြမယ်။ လူတိုင်းလူတိုင်းက ကိုယ်တန်ဖိုးထား ကိုးကွယ်နေတဲ့လူပဲ ဖြစ်ချင်ကြတာ။ ထူးဆန်းတာက ဘယ်ကလေးမှ သားကြီးလာရင် လူဆိုးကြီးလုပ်မယ်၊ လူသတ်သမားကြီး လုပ်မယ်လို့ မပြောခဲ့ကြပါဘူး။ တကယ်တမ်း စဉ်းစားတတ်လာတော့ ဘဝရဲ့ အပြစ်အနာအဆာတွေ မြင်တတ်လာပြီ။ ကောင်းခြင်းနဲ့ မကောင်းခြင်းကို ကိုယ်ပိုင် အဘိဓာန်နဲ့ သက်မှတ် တတ်လာပြီ။ ဒီလို ခွဲတတ်လာတာနဲ့ အမျှ ကလေးတွေဟာ ကယ်တင်ရှင်တွေ ဖြစ်ချင်လာကြတယ်။ ဆင်းရဲတဲ့ ကလေးတွေက “အမေ … သား ကြီးလာရင် အမေ့ကို လုပ်ကျွေးမယ်” ဆိုတဲ့ သူရဲ့ အိပ်မက်ကလည်း အမေကို ကယ်တင်ဖို့ ကြံစည်လိုက်ခြင်း […]

ဆက်ဖတ်ရန် →

အရှေ့သို့လားသော်

ကျနော် ဒီခရီးကို စ မထွက်ခင်ကတည်းက မှတ်တမ်း ရေးမယ် မရေးဘူး စဉ်းစားနေမိတယ်။ နောက် ပြန်စဉ်းစားကြည့်တော့ တစ်လနီးပါးလောက် ဘလော့ဂ်မရေးဘဲ ပျောက်နေတာ၊ ဒီကာလတွေအတွင်း ပို့စ်အနေနဲ့ ဘလော့ဂ်ပေါ် မရောက်တောင် အတွေးတွေ၊ ကုန်ကြမ်းတွေ အနေနဲ့ ရှိနေသင့်တယ်၊ အနည်းဆုံး သိသလောက် ပြန်ပြီး ဝေမျှသင့်တယ်လို့ ယူဆမိတာကြောင့် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ပြီး အင်ဖော်မေးရှင်း ခေတ်ကြီးမှာ သတင်းနဲ့ လုပ်စားနေကြတဲ့ သူတွေ အများကြီး ရှိနေကြပေမယ့် ကိုယ့်နိုင်ငံသား အချင်းချင်း လုပ်စားတာ မဟုတ်ဘဲ ဝေမျှနိုင်ရင် ပိုကောင်းမယ်လို့ ခံယူမိတာကြောင့် ခရီးသွား မှတ်တမ်း တစ်ပုဒ် အနေနဲ့ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီ ခရီးသွား မှတ်တမ်းကို မရေးခင်မှာ နိဒါန်းအနေနဲ့ ပြောစရာ ရှိပါတယ်။ […]

ဆက်ဖတ်ရန် →

ကျနော် ပီကေ ခရီးမှ ပြန်ရောက်နေပြီ ဖြစ်ကြောင်း

ကျနော် ခရီးထွက်နေတာနဲ့ ဘလော့နဲ့ ကင်းကွာနေတာ ဒီနေ့ဆို တစ်လတင်းတင်း ပြည့်တာပါပဲ။ ဒီရက်ပိုင်းတွေမှာ ပို့စ်အသစ် ရှိမလား ဆိုပြီး လာလာချောင်းကြတဲ့ ဘော်ဘော်တွေကို အားလည်း နာပါတယ်။ စ မသွားခင်ကတည်း ခရီးထွက်နေတုန်း လာလည်တဲ့ လူတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်ရောက်ရင် သူတို့အတွက် အနှစ်သာရ ရှိတဲ့ ပို့စ်တွေ ပိုပိုပြီး ဖတ်ရအောင် ကုန်ကြမ်းရှာမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။အခု တရုတ်ပြည် ခရီးစဉ်က စုစုပေါင်း ၂၃ ရက် ကြာပါတယ်။ ခရီးစဉ်အတွင်းမှာ သိခဲ့ မြင်ခဲ့ တွေးမိခဲ့တဲ့ အရာတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်လည်ပြီး ဖောက်သည်ချမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ခရီးသွား မှတ်တမ်းလေး တစ်ခုပေါ့။ နောက်ပြီး လမ်းတလျှောက် အားတဲ့ အချိန်တွေမှာ ပို့စ် […]

ဆက်ဖတ်ရန် →

ပြည့်ဝနိုင်သော အချစ်

–Select Language–MyanmarEnglish သူတို့ မင်္ဂလာဆောင်ခဲ့တာ အခုဆို နှစ်နှစ်ကျော်ပါပြီ။ ကောင်လေးက စာပေပိုင်းမှာ အားသန်တော့ နက်ပေါ်မှာ စာတွေ ရေးပြီး တင်လေ့ရှိတယ်။ ဒါပေမယ့် သူ့စာကို ဖတ်ဖူးတဲ့လူက ခပ်ရှားရှားရယ်။ ဓါတ်ပုံရိုက်တဲ့ အလုပ်နဲ့လည်း အသက်မွေး ဝမ်းကျောင်းတယ်။ မင်္ဂလာပွဲတွေ လိုက်ရိုက်တာပဲ များတယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်။ ကောင်မလေးလည်း အပြန်အလှန်ပေါ့။ ကောင်မလေးက စိတ်မြန် လက်မြန်နဲ့ ဒေါသလည်း အထွက်မြန်တယ်။ ဒေါကြီးမောကြီးနဲ့ ကောင်လေးကို အမြဲ ဆက်ဆံတတ်ပေမယ့် ကောင်လေးကတော့ အမြဲလိုလို ခွင့်လွှတ်ပေးနိုင်ခဲ့တယ်။ဒီနေ့လည်း ကောင်မလေး ကမူးရှူးတိုး လုပ်ပြန်ပြီ။မ – မင်း ဘာလို့ ငါ့သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ ဓါတ်ပုံ မရိုက်ပေးနိုင်ရတာလဲ။ သူ ပိုက်ဆံပေးမယ်လို့ ငါ့ကို ကတိပေးထားတယ်။က […]

ဆက်ဖတ်ရန် →

သွားလာလှုပ်ရှား …

ကျနော်တို့ မြန်မာနိုင်ငံမှာ ကြီးပြင်းပြီး မြန်မာရေသောက်၊ မြန်မာစကား ပြောနေကြတော့ တချို့ အသုံးအနှုန်းတွေကို ဘာလို့ ဒီလိုသုံးတာလဲလို့ မေးလာရင် မဖြေတတ်တဲ့သူ များပါတယ်။ ခက်တာက မြန်မာအချင်းချင်း ဘာလို့ ဒီလိုသုံးတာလဲလို့ ဘယ်သူမှ မေးမှာ မဟုတ်ဘူး။ နိုင်ငံခြားသားတစ်ယောက် (သို့) မြန်မာစကားပြောနဲ့ စိမ်းနေတဲ့ သူတွေကပဲ မေးကြလိမ့်မယ်။ မေးလာရင်ကော တိတိကျကျ မဖြေနိုင်တဲ့ သူက များပါတယ်။ ‘သွား’ နဲ့ ‘လာ’ ဟာ မြန်မာစကားမှာ အခြေခံကျတဲ့ လှုပ်ရှားမှုပြ ကြိယာဖြစ်တယ်။ ဘယ်လိုအချိန်မှာ ‘သွား’ ကိုထည့်သုံးပြီး ဘယ်လိုအခြေအနေမှာ ‘လာ’ ဆိုတဲ့ စကားလုံးကို ထည့်သုံးမလဲလို့ အတိအကျ မေးလိုက်ရင် ပါးစပ်အဟောင်းသားနဲ့ ငေးငိုင်သွားမယ်။ ‘သွား’ နဲ့ ‘လာ’ ကို […]

ဆက်ဖတ်ရန် →

နှုတ်ဆိတ်နေသော အချစ်

–Select Language–MyanmarEnglish ဟိုး အစောကြီးကတည်းက ကောင်မလေးရဲ့ မိဘတွေက သူ့ ကောင်လေးနဲ့ကို လုံး၀ သဘောမတူတာပါ။ မိဘအသိုင်းအဝိုင်းရဲ့ အခြေအနေတွေ မတူကြတော့ အမြင်မတူတာတွေဟာ နောက်နောင် တစ်သက်လုံး ဒုက္ခ ရောက်စရာတွေချည်းလို့ လူကြီးတွေက အကြောင်းပြကြတယ်။မိဘတွေရဲ့ ဖိအားတွေကြောင့် သူတို့ စုံတွဲ အမြဲလိုလို စကားများကြတယ်။ ကောင်မလေးဟာ ကောင်လေးကို အသက်ထက်ဆုံး ချစ်နေလေတော့ သူ့ကောင်လေးကို ဘယ်လောက် ချစ်သလဲ ဆိုပြီး အမြဲ မေးလေ့ရှိတယ်။ဒီမေးခွန်းအတွက် ကောင်လေးမှာ ဖြေပြစရာ စကားလုံးတွေ ရှားနေတော့ တခါတလေ ကောင်မလေးက အတော်လေး စိတ်ပျက်မိတယ်။ သူ့လောက် မချစ်လို့လား ဆိုပြီးတော့လည်း တခါတခါ သံသယ ဝင်မိတော့တယ်။ နောက်ပြီး မိဘတွေ သဘောမတူလို့ ထွက်လာတဲ့ စကားလုံး အပြင်းစားတွေကြောင့်လည်း […]

ဆက်ဖတ်ရန် →

မြန်မာစာပေ ကောက်ကြောင်းများ (၁)

ကျနော် မန်းကို ပြန်တုန်းက အိမ်မှာ ဟိုးအရင်က ဝယ်ထားတဲ့ စာအုပ်တစ်အုပ်ကို ပြန်ဖတ်ရအောင် ဆိုပြီး ရန်ကုန်ကို ယူလာခဲ့လိုက်တယ်။ ဆရာမောင်သာနိုး ရေးတဲ့ မြန်မာ့စကားနဲ့ စာပေ ဆိုတဲ့ စာအုပ်ပါ။ ပြန်ဖတ်ကြည့်လိုက်တော့ ဝေမျှပေးချင်တာတွေ တအား များနေတယ်။ အဲဒီအထဲကမှ မြန်မာစာကို ချစ်တဲ့ လူတိုင်း သိထားသင့်တဲ့ ဗဟုသုတတွေကို မျှဝေပေးမယ်လို့ အခု ဒီခေါင်းစဉ်နဲ့ အခန်းဆက်ဆောင်းပါး ရေးမယ်လို့ စိတ်ကူးလိုက်မိတယ်။ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျနော့်အတွက်တော့ အနည်းဆုံး မပျောက်မပျက်အောင် ထိန်းသိမ်းပေးလိုက် နိုင်တာပေါ့ဗျာ။ ဆရာမောင်သာနိုးရဲ့ အာဘော်နဲ့ နီးနီးစပ်စပ် ဖြစ်အောင် ကောက်နှုတ် တင်ပြလိုက်ရပါတယ်။ သင်္ကြန်ပွဲတော်နား နီးလာပြီ ဆိုရင်ပဲ အမြို့မြို့ အနယ်နယ်မှာ သင်္ကြန်သီချင်းတွေ ဖွင့်လာကြတယ်။ အခုခေတ်ပေါ် ဟစ်ဟော့ […]

ဆက်ဖတ်ရန် →

ကြွက်ထောင်ချောက်

–Select Language– Myanmar English ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက […]

ဆက်ဖတ်ရန် →

ရေးတော့အမှန် ဖတ်တော့အသံ (ဖတ်ထုံး)

Table of Contents ၁။ အက္ခရာ ခွဲတမ်း ၂။ အနက်တူရာ အက္ခရာများ ၃။ အသံပြောင်းလဲခြင်း အကြောင်းရင်း ၄။ အသံပြောင်းလဲခြင်း စည်းမျဉ်း ၅။ အသံမပြောင်းလဲခြင်း စည်းမျဉ်း ကျနော်တို့ မြန်မာစာမှာ “ရေးတော့အမှန် ဖတ်တော့အသံ” ဆိုတဲ့ ဆိုရိုးလေး ရှိပါတယ်။ ဘာလို့ ဒီစကားရပ် ပေါ်လာသလဲလို့ ပြန်စမ်းစစ်ကြည့်ရင် ကျနော်တို့ မြန်မာစာမှာ ရေးတဲ့ အတိုင်း ဖတ်လို့ မရတာကြောင့်ပါ။ ဥပမာ ရန်ကုန် ဆိုတဲ့ စကားလုံးကို ကျနော်တို့ ဘယ်လို ဖတ်မလဲ။ ဆင်ကြီး ဆိုတာကိုကော ဘယ်လို ဖတ်မလဲ။ ကလေးက အစ ဖတ်တတ်ပါတယ်။ ရန်ဂုန်၊ ဆင်ဂျီး လို့ ဖတ်ကြတယ်။ ကျနော် သိသလောက် […]

ဆက်ဖတ်ရန် →

ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး

–Select Language–MyanmarEnglish ဟိုး ရှေးရှေးတုန်းက ယုန် နဲ့ လိပ်ဟာ ဘယ်သူ အပြေးပိုသန်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြသတဲ့။ အဲဒီ ငြင်းခုန်မှုကို ပြိုင်ပွဲတစ်ပွဲနဲ့ အဖြေရှာဖို့ နှစ်ဦးလုံး သဘောတူလိုက်ကြတယ်။ အပြေးပြိုင်ဖို့ လမ်းကြောင်းတစ်ကြောင်းကို နှစ်ဦးသဘောတူ ရွေးချယ်ပြီး ပြိုင်ပွဲကို စတင်လိုက်တယ်။ စလိုက်တယ် ဆိုရင်ပဲ ယုန်ဟာ အားကုန် ရှိသမျှ ခွန်အားနဲ့ တဟုန်ထိုး ပြေးတော့တယ်။ လှုပ်ပဲ့လှုပ်ပဲ့ ရွေ့လာနေတဲ့ ကိုရွှေလိပ်နဲ့ အပြတ်အသတ် ကွာနေတော့ ကိုယုန်က သစ်ပင်တစ်ပင်အောက်မှာ အေးဆေး အနားယူတော့တာပေါ့။ မကြာခင်မှာပဲ အိပ်ပျော်သွားလေရဲ့။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး လာနေတဲ့ ကိုရွှေလိပ်က ပန်းတိုင်ကို ရောက်မှ ကိုယုန်ခမျာ နိုးလာတော့ ဘာတတ်နိုင်ဦးမှာလဲ။ ရှုံးရောပေါ့။ အနှစ်သာရ – […]

ဆက်ဖတ်ရန် →