PK Portfolio

ရေးသားချက်များ

အတွေးအမြင်၊ မှတ်စုနှင့် မျှဝေလိုသော အကြောင်းအရာများ။

စာလုံးပေါင်းတွေ မှန်စေချင် (၁)

မြန်မာတွေ မြန်မာလို ရေးနေကြတာ ဆိုပေမယ့် မြန်မာစာကို အလေးမထားတာ တွေ့ရတော့ အတော်လေး ဝမ်းနည်းမိပါတယ်။ ကိုယ့်ရဲ့ မိခင်ဘာသာကို အသုံးပြုပြီး အတွေ့အကြုံ၊ အတွေးအကြံတွေ ဖြန့်ဝေနေကြတဲ့ လူတွေ ဖြစ်နေပေမယ့် ကိုယ့်ရဲ့ မိခင်ဘာသာကို ဂရုမစိုက် အလေးမထားဘဲ ရေးနေကြတာ တွေ့နေရတယ်။ အဆိုးဝါးဆုံး မြင်နေရတာတော့ စာလုံးပေါင်းမှားခြင်း ပါ။ မြန်မာလို ရေးမယ်ဆိုရင်တော့ အရေးအကြီးဆုံးနဲ့ အနိမ့်ဆုံး အဆင့်အနေနဲ့ စာလုံးပေါင်းတွေ မှန်စေချင်ပါတယ်။ မြန်မာအချင်းချင်း ဖတ်နေတာပဲ၊ မြန်မာတွေ နားလည်ရင် ပြီးရောပေါ့ ဆိုတဲ့ ပြီးစလွယ် အဖြေမျိုး မပေးစေချင်ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ်ကိုယ်တိုင် သားသမီးရလာလို့ ကိုယ့်သားသမီးက ကိုယ့်ရဲ့ (ဖခင်ရဲ့) နာမည်ကို မှားခေါ်ရင် ဘယ်လို ခံစားရမလဲ။ တွေးကြည့်ပါ။ […]

ဆက်ဖတ်ရန် →

Announcement for Seminar

၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော “Socialization on Net” နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။ အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် […]

ဆက်ဖတ်ရန် →

Friendship “A to Z “

Acepts you as you areBelieves in “you”Calls you just to say “HI”Doesn’t give up on youEnvisions the whole of you (even the unfinished parts)Forgives your mistakesGives unconditionallyHelps youInvites you overJust “be” with youKeeps you close at heartLoves you for who you areMakes a difference in your lifeNever JudgesOffer supportPicks you upQuiets your fearsRaises your spiritsSays […]

ဆက်ဖတ်ရန် →

“How to BLOG” was launched !!!

ကျနော်ရဲ့ “ကပ်ပါပေ့ ပီကေရယ်” ဆိုတဲ့ ဘလော့ဂ်လေးကို ဖန်တီးခဲ့တာ အခုဆိုရင် တစ်နှစ်နဲ့ တစ်လ ရှိသွားပါပြီ။ ဒါပေမယ့် တကယ်တမ်း ပို့စ်စတင်ပြီး ရေးဖြစ်တာ စက်တင်ဘာမှပါ။ သူငယ်ချင်း မျက်လုံးနဲ့ မယ်လိုဒီမောင် တို့က လုပ်ပါလား လုပ်ပါလားနဲ့ အားပေးအားမြောက် ပြုခဲ့ကြလို့ ဒီဘလော့ဂ်ကို စပြီး ဖန်တီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ ရေးဖို့ မရည်ရွယ်ခဲ့ပါဘူး။ တကယ့်ကို ဘာမှ မရေးဘူးလို့ ရည်ရွယ်တာပါ။ ဒါဆို ဘာလို့ ဘလော့ဂ်လုပ်လဲ လို့ မေးချင်ကြမယ် ထင်တယ်။ ကျနော် ကွန်ပြူတာ ဆိုတာကို စ နားလည်သိကျွမ်း ကတည်းက Programming ကို စိတ်ဝင်စားခဲ့လို့ Program တွေ ရေးဖို့ပဲ အားသန်ခဲ့ပါတယ်။ Low Level […]

ဆက်ဖတ်ရန် →

တုန့်ပြန်ဖို့တော့ အချိန်ပေးပါ

ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့ စကားလုံးတွေဟာ အတော်လေး တွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး အားလုံးကို မျှေ၀ ပေးလိုက်ပါတယ်။ အတွေးပွားနိုင်ကြပါစေ။ ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့ လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့ တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။ ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကို သတိမမူလိုက်မိတော့ဘူး။ အကောင်းဆုံး သူငယ်ချင်း ဆိုတာ … ထိုင်ခုံလေးပေါ်မှာ အတူထိုင်ရင်း ဘာစကားမှ […]

ဆက်ဖတ်ရန် →

ပို့စ်အတွင်း၌ မာတိကာ ထည့်ခြင်း

မာတိကာ ကျနော်တို့ ပို့စ်ရေးတဲ့ အခါမှာ တချို့ပို့စ်တွေကို ခေါင်းစဉ် ခွဲပြီး ရေးဖို့ လိုအပ်တဲ့ အခါတွေ ရှိပါတယ်။ အကြောင်းအရာ ခပ်များများကို တစ်နေရာတည်း စုရေးမယ်ဆိုရင် တစ်ခုနဲ့တစ်ခု မရောနှောစေချင်တဲ့ ရည်ရွယ်ချက်တဲ့ ခေါင်းစဉ်တွေ ခွဲထားတတ်ပါတယ်။ တခါတလေ စာဖတ်သူဟာ တချို့ ခေါင်းစဉ်ကိုပဲ သီးခြား ရွေးကြည့်ချင်တဲ့ စိတ်ကူးမျိုး ပေါ်လာတတ်ပါတယ်။ ပေါ်လာပေမယ့်လည်း သူ့ခမျာ ပို့စ်တစ်ခုလုံးကို အစကနေ အဲဒီ ခေါင်းစဉ်ရောက်တဲ့ အထိ ဆွဲချပြီး ရှာကြရတယ်။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စာဖတ်သူ လွယ်လင့်တကူ ရှိစေဖို့ ကျနော်တို့ လိုအပ်ရင် ပို့စ်အထဲမှာပဲ မာတိကာ ထည့်ပေးဖို့ လိုအပ်လာပါတယ်။ ကျနော့်ပို့စ်ရဲ့ ညာဘက်ကို ကြည့်ကြည့်ပါ။ ကျနော် မာတိကာလေး တစ်ခု လုပ်ထားတယ်။ […]

ဆက်ဖတ်ရန် →

ခဲတံတစ်ချောင်းရဲ့ ကိုယ်ကျင့်တရား

ဗိုလ်ချုပ်ကြီးတစ်ယောက်က စစ်ထွက်တော့မယ့် တပ်သားတွေကို စစ်ချီစကား မှာနေတဲ့ အလား ခံတံလေးကို ကြည့်ပြီး ဂျပ်ဗူးနဲ့ မထုပ်ခင် အမှာစကား ပါးနေလေရဲ့။ သူက ပြောတယ်။ “ကဲ မင်းတို့လေးတွေ နောက်နေ့ဆိုရင် မင်းတို့ရဲ့ ဘဝကို စတင်ရတော့မယ်။ မင်းတို့ သိဖို့ လိုက်နာဖို့ ကိုယ်ကျင့်တရား (၅) ခုရှိတယ်။ ဒါတွေကို မင်းတို့ အမြဲ မှတ်ထားပါ။ ဘယ်တော့မှ မမေ့ပါနဲ့။ ဒါမှ မင်းတို့ဟာ ခဲတံကောင်းတစ်ချောင်း ဖြစ်လာမယ်။ မင်းတို့ရဲ့ ဘဝဟာ တန်ဖိုးရှိလာမယ်။ နံပါတ် (၁) မင်းတို့ဟာ အင်မတန် ကြီးကျယ်တဲ့ အရာဝတ္ထုတွေကို ဖန်တီးနိုင်မှာပါ။ ဒါပေမယ့် တခြားလူတစ်ဦးဦးက ဆုပ်ကိုင်တာကိုတော့ မင်းတို့ ခွင့်ပြုရလိမ့်မယ်။ တခြား သူတစ်ဦးဦးဟာ မင်းတို့ကို ချယ်လှယ်ကောင်း […]

ဆက်ဖတ်ရန် →

Blogger Template အကြောင်း (၂)

ဒီပို့စ်ကို မဖတ်ခင် အရင် ဖတ်စေချင်သော ပို့စ်- Blogger Template အကြောင်း (၁) (၂) Body Section ကဲ ကျနော်တို့ Body Section ကို ဆက်ကြည့်ကြစို့။ ဒီအပိုင်းဟာ တန်းပလိတ်ရဲ့ အနှစ်သာရပိုင်းပါ။ တကယ် လုပ်ဆောင်ချက်တွေ ရေးတဲ့ အပိုင်းလည်း ဖြစ်တယ်။ အပေါ်မှာ ကြေငြာထားတဲ့ အရောင်တွေ၊ အရွယ်အစားတွေ၊ ပုံစံတွေကို ဘယ်လို အသုံးချမယ်၊ ဘယ်လို အခြေအနေမှာ ထုတ်သုံးမယ် ဆိုတာတွေဟာ ဒီအပိုင်းမှာ ရေးရတာပါ။ Head အပိုင်းက သတ်မှတ်ပြီး Body အပိုင်းက အကောင်အထည် ဖော်တာပေါ့။                …        …        …      […]

ဆက်ဖတ်ရန် →

Blogger Template အကြောင်း (၁)

တကယ်တမ်းတော့ ဘလော့ဂါရဲ့ တန်းပလိတ်ကို နားလည်ဖို့ သိပ်မခက်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူက ကျနော်တို့ နားလည်လွယ်တဲ့ စကားလုံးတွေကို သုံးထားလို့ပါ။ ဥပမာ b:if ဆိုရင် အခြေအနေ စစ်ဆေးတဲ့နေရာမှာ သုံးတယ်။ b:loop ဆိုရင် ထပ်ခါ ထပ်ခါ လုပ်ရမယ့် နေရာမျိုးတွေမှာ သုံးတယ်။ ဒါ သာမန် အင်္ဂလိပ် အသုံးအနှုန်းနဲ့ သိပ်မကွာဘူး။ တကယ်လို့ စာဖတ်သူဟာ HTML အကြောင်း တီးမိ ခေါက်မိ ရှိရင်တော့ တန်းပလိတ်တစ်ခုကို ပြင်ဖို့ နားလည်ဖို့ မခက်တော့ပါဘူး။ နောက်ပြီး CSS အကြောင်းနဲ့ Javascript အကြောင်း အနည်းအကျဉ်း နားလည်မယ်ဆိုရင်တော့ ဘလော့ဂ် လုပ်ရတာ အတော်လေး အဆင်ပြေ လွယ်ကူသွားမယ်။ ကျနော် ဒီနေရာကနေ […]

ဆက်ဖတ်ရန် →

ဘ၀ဟူသော အိမ်

အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးဟာ သူ့အလုပ်ကနေ ရပ်နားဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး သူ့မိန်းမနဲ့အတူ မိသားစုဘဝကို အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ရှင်ကို အကြောင်းကြားလိုက်တယ်။ အပတ်စဉ် ဝင်ငွေရနေတဲ့ ဒီအလုပ်ကို သူ နှမြောပေမယ့် သူ နားချင်ပြီ။ နားကို နားတော့မယ်လို့ စိတ် ဒုန်းဒုန်းချလိုက်တယ်။အလုပ်ရှင်ဟာ လူတော်တစ်ယောက် ဆုံးရှုံးရမှာကို အရမ်းနှမြောနေတယ်။ သူ့ဆီကနေ အလုပ်ထွက်သွားတာကိုလည်း သူ မလိုလားဘူး။ အရမ်းလည်း ဝမ်းနည်းမိတယ်။ ဒါနဲ့ နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်ပေးပါဦးလို့ တောင်းပန်ပြီး ဆွဲထားလိုက်တယ်။ အလုပ်ရှင်က တောင်းဆိုနေတော့ သူ ခေါင်းညိတ်လိုက်ရပေမယ့် သူ့ရဲ့ စိတ်မပါလှတဲ့ လုပ်ရပ်တွေက အတော်လေးကို သိသာနေတယ်။ သူနားချင်တာ မနားရတော့ […]

ဆက်ဖတ်ရန် →