လက်ကိုင်ဖုန်းနဲ့ ဘလော့ဂ် ဖတ်လို့ရအောင် (Mobile Blogging)
ဘလော့ဂင်းနဲ့ ပတ်သက်ပြီး ပို့စ်တွေ မရေးဖြစ်တာလည်း အတော်လေးကို ကြာသွားပါပြီ။ အဓိက အကြောင်းအရင်းကတော့ ကျနော် စာမဖတ်နိုင်တဲ့ ပြဿနာပါ။ ဒီမနက် နည်းနည်း အားနေတာနဲ့ နိုင်ငံခြား ဘလော့ဂ်တွေ လိုက်ဖတ် လိုက်လေ့လာရင်း လုပ်ချင်တာလေး တစ်ခု သွားတွေ့လို့ စမ်းသပ်ရင်း ပို့စ်တင်မယ်လို့ စိတ်ကူးရသွားပါတယ်။ အဲဒါ ကျနော်တို့ရဲ့ ဘလော့ဂ်ပို့စ်တွေကို လက်ကိုင်ဖုန်းကနေ ဖတ်လို့ ရအောင် လုပ်ခြင်းပါ။ လက်ရှိ ဘလော့ဂ် စာမျက်နှာအတိုင်း ဆိုရင် လက်ကိုင်ဖုန်းကနေ ဖတ်လို့ မရပါဘူး။ ဒါကြောင့် မျက်နှာပြင်ကျဉ်းတဲ့ လက်ကိုင်ဖုန်းကနေ ဖတ်လို့ရအောင် လုပ်ပေးဖို့ လိုပါတယ်။ ဟို အရင်ကတော့ အဲဒီလို လုပ်ဖို့အတွက် သီးသန့် တစ်ခုချင်းစီ ပြန်ပြင်ရမယ်လို့ ထင်ထားခဲ့တာပါ။ ဒီနေ့ Tech Dreams […]