PK Portfolio

ရေးသားချက်များ

အတွေးအမြင်၊ မှတ်စုနှင့် မျှဝေလိုသော အကြောင်းအရာများ။

ပြန်လည်ဆုံတွေ့ကြပါစို့

မင်္ဂလာပါဗျာ ….ကျွန်တော် မနေ့က (၂၈.၁၀) ပြန်ရောက်ပါတယ်။ ပြန်ရောက်ရောက်ချင်းပဲ ဆီပုံးမှာ ဘာတွေ အော်ထားကြသလဲလို့ အပြေးအလွှား အရင်သွားကြည့်မိပါတယ်။ ပါးထားလိုက်တဲ့ အမှာစာ တွေကလည်း မနည်းပါလားနော်။ အစော့မက်တဲ့ ကလေးတွေက သေနတ်မှာကြသဗျာ။ အစားမက်တဲ့ကလေးတွေက မုန့်မှာကြသဗျာ။ စိတ်မပူပါနဲ့။ အားလုံးအတွက် လုံလုံ လောက်လောက် ဝယ်ခြမ်းလာပါတယ်။ မနေ့ကပြန်ရောက်တော့ မောမော၊ ဆာဆာ၊ ညောင်းညောင်းနဲ့ပဲ သူငယ်ချင်းတချို့ဆီ သွားလည်တော့ Chaos ဆီရောက်တော့ သူက လက်နာနေလို့ မရေးနိုင်လို့ ခဏနားမယ်ဆိုတဲ့အကြောင်း တွေ့ရတယ်။ သူ့အတွက်လည်း ဆေးပါလာသဗျာ။သူက လက်နာလို့ဆိုပြီး ပို့စ်အသစ်တင်ဖို့ ခဏနားတယ်လို့ပြောတော့ ကျနော်ကလည်း တောင်တက်လာရတာ ခြေထောက်တွေညောင်းနေလို့ တစ်ရက်နှစ်ရက်လောက် ခဏနားပါ ရစေလို့ ပြောရင်ကောင်းမလား စဉ်းစားနေတာ။ ကျနော့်မှာ ဘာနဲ့တူနေလဲဆိုတော့ အိမ်စာတွေမပြီးလို့ မျက်နှာငယ်လေးနဲ့ […]

ဆက်ဖတ်ရန် →

အားလုံးအတွက် myanmarbloggers.org ဒိုမိန်း

ကျွန်တော် ဒီပို့စ်လေးကို ခရီးမထွက်ခင် အသည်းအသန်ရေးရလို့ အမှားပါရင် ကိုယ့်ဖာသာ ကိုယ် နားလည်မှုနဲ့ ပြင်လိုက်ကြပါဗျာ။ဒီနေ့ပဲ ကုသိုလ်လည်းလုပ်တဲ့အနေနဲ့ အတွေးလေးထဲဝင်လာလို့ ထိရောက်တဲ့အလှူတစ်ခု လုပ်ချင်စိတ်ပေါ်လာပါတယ်။ ကျနော်တို့ ဘလော့ကာတွေအတွက် အနှောက်အယှက်တစ်ခု ဖြစ်တဲ့ ဘန်းကျော်ရတဲ့ဒုက္ခကို ကိုယ်ပိုင်ဒိုမိန်းတစ်ခုဆီကို လွှဲလိုက်ရင် ကြည့်တဲ့သူအားလုံး အတွက် အဆင်ပြေသွားပါတယ်။ ဒီကွက်လပ်ကလေးကို ဖြည့်ပေးချင်လိုက်တာပါ။ ဒါကြောင့် ဒီနေ့ပဲ myanmarbloggers.org ဆိုတဲ့ ဒိုမိန်းတစ်ခု ဝယ်လိုက်ပါတယ်။ အဲဒီဒိုမိန်းမှာ မည်သည့်ဘလော့ကာကိုမဆို ကိုယ်ပိုင်ဆန္ဒအရ (subdomain) ဒိုမိန်းခွဲတစ်ခုစီ လုပ်ပေးချင် ပါတယ်။ ဒါဆိုလူတိုင်းရဲ့ ဘလော့ကိုကြည့်မယ့် ပရိသတ်တိုင်းဟာ အနှောက်ယှက်ကင်းကင်း ကြည့်နိုင်ကြပါလိမ့်မယ်။ဒါကြောင့် စိတ်ဝင်စားတဲ့သူ မည်သူမဆို [email protected] ကို email ပို့ပြီး ကိုယ်နာမည် (nick name)ရယ်၊ ဘလော့လိပ်စာရယ်၊ လိုချင်တဲ့နာမည်ရယ် ကိုထည့်ရေး […]

ဆက်ဖတ်ရန် →

ဒီလို ….. ဒီလို

မီးလေးက Tag လုပ်ထားလို့ ရေးမယ်လို့ အန်ကျိတ်ပြီး Text editor ကို ဖွင့်လိုက်တယ်။ အတော်ကြာတဲ့အထိ ဘာမှ စဉ်းစားမရ။ ပေါ်လာတာက သူများအကြောင်းချည်း။ ဘာပဲဖြစ်ဖြစ် ရေးပစ်မယ်လို့ ကီးဘုတ်ပေါ်လက်တင်ပြီး ဂျောက်ဂျောက်ဂျက်ဂျက် လျှောက်ရိုက်လိုက်တော့မှ …………ငယ်ငယ်က အသားအတော်ဖြူလို့ ရပ်ကွက်ထဲက ဖိုးဖြူလို့ ခေါ်ကြပါတယ်။ ရပ်ကွက်ထဲမှ အဖိုးကြီးအဖွားကြီးများက ကျနော်ကို ချစ်ကြလို့ အမြဲလာလာခေါ်ပါတယ်။ ညပိုင်းဆို ရပ်ကွက်ထဲကကွတ်ပြစ်မှာ အသက် ၆၀၊ ၇၀ ကျော် အဖိုးကြီး အဖွားကြီး (၁၀) ယောက်လောက်နဲ့ ၃ နှစ်သား ကလေးတစ်ယောက် အမြဲဝိုင်းဖွဲ့နေတတ်ကြပါတယ်။ အညာဓလေ့အတိုင်းပဲ လက်ဖက်သုတ်၊ ထန်းလျက်၊ ရေနွေးကြမ်းနဲ့ ကွမ်းအစ်ချပြီး ဝိုင်းဖွဲ့စကားပြောနေကြတယ်။ သူတို့ပြောသမျှ မုန့်စားပြီး ထိုင်နားပေးနေတာ ပီကေပဲပေါ့။ သူတို့ရဲ့ Listening […]

ဆက်ဖတ်ရန် →

အကြည့်

ရွှေရောင်လင်းလဲ့နေသော လမင်း၏အလင်းရောင် …..ကျောက်တောင်တွေပေါ်သို့ လှိုင်းများပုတ်ပုတ်တင်နေသော သက်ရှိပင်လယ် …..အုန်းလက်အရိပ်များ …..သူခပ်တိုးတိုးပြောလိုက်သည်။`ကိုယ့်ရင်ထဲမှာ စကားလုံးတွေ အများကြီးရှိပါတယ်။ ယမင်းကို ပြောချင်ပါတယ်။ ဒါပေမယ့် … ကိုယ်ကြောက်နေတယ် သိလား။ ကိုယ့်ရင်ထဲက စကားလုံးတွေ အားလုံးကို ပြောလို့ပြီးသွားတဲ့အချိန်မှာ အမြင်နိုင်တဲ့တစ်နေရာက တစ်စုံတစ်ယောက်က “Cut” လို့ လှမ်းအော်ပြီး အားလုံးပြီးဆုံးသွားလေမလားလို့ ကိုယ်ကြောက်နေတယ်။ တကယ့်ဘဝထဲအထိ ရုပ်ရှင်ကဝင်လာပြီး ရိုက်နေမှာကို စိုးတာပါ။´သူ ကောင်းကင်ကို ဖြည်းဖြည်းချင်းမော့ကြည့်ရင်း ဆက်ပြောသည်။`ဘဝကိုအစစ်လို့ အကြီးအကျယ် ယုံစားထားပြီးကာမှ တို့အားလုံးကို ဖန်ဆင်းနေတဲ့ ဒါရိုက်တာက “Cut” လို့ လှမ်းအော်လိုက်တာနဲ့ တပြိုင်နက် လမင်းရဲ့အလင်းရောင်မှိန်သွားမှာ၊ ပင်လယ်ကြီးပျောက်သွားမှာကို ကိုယ် … မခံစားရဲဘူး။ ဘဝဆိုတဲ့ရှင်သန်မှုတွေ ခံစားချက်တွေအားလုံးဟာ နောက်ဆုံးကျရင် အဲဒီလို ပြီးဆုံးသွားပစ်လိုက်ရမှာလား။ ကိုယ့်ကို ရူးအောင်မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး […]

ဆက်ဖတ်ရန် →

ဒါလေးတွေ ဖြေကြည့်ပါ

စဉ်းစားပြီး ဒီမေးခွန်းတွေ ဖြေကြည့်ပါဦးဗျာ။၁။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူ (၅) ယောက်ရဲ့ နာမည်၂။ မယ်စင်္ကြာဝဠာ (၅) ယောက်ရဲ့ နာမည်၃။ နိုဘယ်ဆုရှင် (၁၀) ယောက်ရဲ့ နာမည်၄။ အော်စကာဆုရှင် သရုပ်ဆောင် (၁၀) ယောက်ရဲ့ နာမည်မဖြေနိုင်ဘူးလား။ အခက်တွေ့နေတယ် မဟုတ်လား။စိတ်ပူပါနဲ့။ ဒါတွေ အကုန်လုံးကို ဘယ်သူမှ မဖြေနိုင်ပါဘူး။ချီးမွမ်း (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်ပါ။အောင်နိုင်သူတွေကို ကြာတော့လည်း မေ့သွားကြတာပါပဲ။အခု ဒီမေးခွန်းတွေကို ထပ်ဖြေကြည့်ပါဦးလား။၁။ မင်းရဲ့ ပညာရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးခဲ့တဲ့ ဆရာ/မ (၃) ယောက်ရဲ့ နာမည်၂။ မင်းလိုအပ်တဲ့ အချိန်တိုင်းမှာ မင်းနဲ့ အတူရှိခဲ့ဖူးကြတဲ့ သူငယ်ချင်း (၃) ယောက်ရဲ့ နာမည်၃။ မင်းဘဝအတွက် အရေးပါတယ်လို့ […]

ဆက်ဖတ်ရန် →

Lady First တဲ့လား … ။

Lady First ! ဆိုသောစကားကို ကျွန်တော် သိပ်မကြိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ယောက်ျားတစ်ယောက်ဖြစ်၍ပင်။ငယ်စဉ်က နယ်မှာနေသည်။ ကျနော့်စက်ဘီးပေါ်တွင် ထမီလာလွှားလျှင် အလွန်မုန်းသည်။ အဲဒီထမီကို တွေ့ကရာ လွှင့်ပစ်သည်။ အမေကဆဲလျှင် `မလွှင့်စေချင်ရင် ကျနော့ စက်ဘီးပေါ်မတင်နဲ့ပေါ့´ဟု ကျနော်ပြန်ပြောသည်။ ကျနော့်ထက် မည်မျှပင်အသက်ကြီးသော မိန်းမပင်ဖြစ်စေ ကျနော့်ခေါင်းကို ကိုင်လျှင်မကြိုက်။ လက်ကို ရိုက်ချသည်။ ထိုအပြုအမူသည် မည်သို့စွဲဝင်နေသည် ကျွန်တော် မမှတ်မိတော့။ မိန်းမမုန်း၍လည်း မဖြစ်နိုင်။ အဟိ .. ကျွန်တော် မိန်းမ မမုန်းတတ်ပါ။ယောက်ျားကြီးဝါဒ စွဲကိုင်ထား၍ ဟုပြောချင်ပြောကြပါမည်။ ကျွန်တော် မငြင်းချင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စမျိုးမှာ ကိုယ့်ကိုယ်ကို မှတ်ချက်ပေးရသော ကိစ္စမျိုးမဟုတ်ပါ။ ပတ်ဝန်းကျင်မှ သင့်လျော်ရာ ကင်မွန်းတပ်ပါလိမ့်မည်။ သို့သော် Lady First ဆိုသော […]

ဆက်ဖတ်ရန် →

You’ve Got Mail.

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကို ဝင်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာသွားတယ်။ ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး အီးမေးလ်တစ်စောင်ပို့လိုက်တယ်။ ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။ အဲဒီအီးမေးကို ပို့လိုက်ပြီလေ။အဲဒီအချိန် …. ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောကျ်ားရဲ့အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့ အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။ ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာကသို့ … ချစ်ဇနီးအကြောင်းအရာ ။ […]

ဆက်ဖတ်ရန် →

ရှင်းပြပေးကြပါဦး

မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်နားမလည်ပါ။ ကျွန်တော် ဘယ်လိုမှ နားလည်လို့မရသော ဥပဒေဆိုင်ရာ ကို့ယို့ကားယား အဖြစ်အပျက်တစ်ခုကို တင်ပြချင်ပါတယ်။ ဘာလို့ အဲဒီလို ဖြစ်နေသလဲဆိုတာကို စာဖတ်သူက နာလည်မယ်ဆိုရင် တစ်စိတ်လောက် ရှင်းပြပေးခဲ့စေချင်ပါတယ်။ ဒီဇာတ်လမ်းက ကျွန်တော့ ဦးလေးရဲ့အဖြစ်အပျက်ပါ။တစ်နေ့ ကျွန်တော့ဦးလေးက ကျွန်တော့အိမ်ရောက်လာပြီး အမှုတစ်ခုမှာ သက်သေအနေနဲ့ ကျွန်တော်နာ မည်ကို ထည့်ချင်တယ်လို့လာပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း ဘာအတွက်လဲ၊ ဘာကြောင့်လဲ မေးရတော့ တာပေါ့။`ကျွန်တော်က ဘာသက်သေလိုက်ပေးရမှာလဲ။´`တရားရုံးမှာ အုပ်ထိန်းခွင့် လျှောက်ချင်လို့လေ။ အဲဒါ သက်သေနှစ်ယောက်လိုလို့ မင်းကို တစ်ယောက်အနေနဲ့ လုပ်ပေးဖို့ လာပြောတာ။´`ရပါတယ်၊ ဦးလေးရယ်။ ဒါနဲ့နေပါဦး။ ဘယ်သူ့ကို အုပ်ထိန်းဖို့ လျှောက်တာလဲ´`အဖြစ်ကတော့ ပြောရမှာတောင် စိတ်ကုန်တယ်။ ငါ့သမီးကိုလေ။´`ဟေ ……….၊ ကိုယ့်သမီးကို […]

ဆက်ဖတ်ရန် →

မြန်မာနိုင်ငံမှ ငွေစက္ကူများ

ကိုလိုနီခေတ်ကနေစပြီး မြန်မာနိုင်ငံမှာ သုံးဖူးတဲ့ ငွေစက္ကူတွေကို ရနိုင်သလောက် စုစည်းပြီး တင်ပြလိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဖြစ်နေကြပါလျက်နဲ့ ဒီနိုင်ငံမှာ လက်ရှိသုံးစွဲလို့ရနေသေးတဲ့ ငွေစက္ကူတွေအားလုံးကို လူငယ်တချို့ မြင်တောင်မမြင်ဖူးတော့ပါဘူး။ ဒီကွက်လပ်လေးကို ဖြည့်ပေးချင်လို့ ကိုယ့်မှာရှိတဲ့ ငွေစက္ကူရော၊ မရှိတာတွေကို အင်တာနက်မှာ ရှာပြီးတော့ အခုလို တင်ပြလိုက်တာပါ။ ဗဟုသုတရမယ်လို့ ယုံကြည်ပါတယ်။ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်း ထုတ်ဝေတဲ့ ငွေစက္ကူအားလုံးနီးပါး ကျွန်တော်အပြင်မှာ မြင်ဖူးပါတယ်။ ဂျပန်ခေတ်နဲ့ ကိုလိုနီခေတ်က ငွေစက္ကူတွေကိုတော့ အင်တာနက်ကပဲ ရှာထားတာပါ။ကိုယ်ကြည့်ပြီးလို့ရှိရင်လည်း တခြားလူတွေကို ညွန်ပေးစေချင်ပါတယ်။ နောက်ပြီး ဒီမှာရှိတဲ့ ငွေစက္ကူပုံတွေကို ကျွန်တော် အသည်းအသန်ရှာထားတာ ဆိုပေမယ့်လည်း အားလုံးကို သိစေချင်တဲ့ဆန္ဒ အပြည့်နဲ့ပါ။ ဒါကြောင့် ဒီငွေစက္ကူပုံတွေကို ကြိုက်သလို ကူးယူပြန့်ပွါးပေးကြပါ။ အကယ်၍ ကျွန်တော့ဆီမှာ လိုအပ်နေတဲ့ပုံတချို့ ရှိမယ်ဆိုရင်လည်း […]

ဆက်ဖတ်ရန် →

ဝန်ထမ်းအသစ်အလိုရှိသည်။

ဤကုမ္ပဏီတွင် လစ်လပ်နေသော နေရာနှစ်ခုအတွက် ဝန်ထမ်းအသစ်များ လာရောက်လျှောက်ထားနိုင်ပါသည်။ မှတ်ချက်။ ။ ဖောင်ပိတ်ရန် တစ်ပတ်သာလိုတော့သည်။

ဆက်ဖတ်ရန် →