ကျွန်တော် ဒီပို့စ်လေးကို ခရီးမထွက်ခင် အသည်းအသန်ရေးရလို့ အမှားပါရင် ကိုယ့်ဖာသာ ကိုယ် နားလည်မှုနဲ့ ပြင်လိုက်ကြပါဗျာ။ဒီနေ့ပဲ ကုသိုလ်လည်းလုပ်တဲ့အနေနဲ့ အတွေးလေးထဲဝင်လာလို့ ထိရောက်တဲ့အလှူတစ်ခု လုပ်ချင်စိတ်ပေါ်လာပါတယ်။ ကျနော်တို့ ဘလော့ကာတွေအတွက် အနှောက်အယှက်တစ်ခု ဖြစ်တဲ့ ဘန်းကျော်ရတဲ့ဒုက္ခကို ကိုယ်ပိုင်ဒိုမိန်းတစ်ခုဆီကို လွှဲလိုက်ရင် ကြည့်တဲ့သူအားလုံး အတွက် အဆင်ပြေသွားပါတယ်။ ဒီကွက်လပ်ကလေးကို ဖြည့်ပေးချင်လိုက်တာပါ။ ဒါကြောင့် ဒီနေ့ပဲ myanmarbloggers.org ဆိုတဲ့ ဒိုမိန်းတစ်ခု ဝယ်လိုက်ပါတယ်။ အဲဒီဒိုမိန်းမှာ မည်သည့်ဘလော့ကာကိုမဆို ကိုယ်ပိုင်ဆန္ဒအရ (subdomain) ဒိုမိန်းခွဲတစ်ခုစီ လုပ်ပေးချင် ပါတယ်။ ဒါဆိုလူတိုင်းရဲ့ ဘလော့ကိုကြည့်မယ့် ပရိသတ်တိုင်းဟာ အနှောက်ယှက်ကင်းကင်း ကြည့်နိုင်ကြပါလိမ့်မယ်။ဒါကြောင့် စိတ်ဝင်စားတဲ့သူ မည်သူမဆို [email protected] ကို email ပို့ပြီး ကိုယ်နာမည် (nick name)ရယ်၊ ဘလော့လိပ်စာရယ်၊ လိုချင်တဲ့နာမည်ရယ် ကိုထည့်ရေး ပေးစေချင်ပါတယ်။ လိုချင်တဲ့နာမည်ဆိုတာ ဥပမာ http://pikay.myanmarbloggers.org ဆိုရင် pikay က ကျနော်ကြိုက်တဲ့နာမည်ပါ။ အဲဒီနာမည်ကို ကိုယ်တိုင်ရွေးစေချင်တာပါ။ အမှန်တော့ ဘလော့လိပ်စာက ဒိုမိန်းခွဲ လုပ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် http://directory.myanmarbloggers.org လို့ရိုက်ထည့်လိုက်ရင် ဒီဒိုမိန်းကြီးထဲမှာ ထည့် ထားတဲ့ ဘလော့ဂ်တွေ အားလုံးရဲ့လိပ်စာနဲ့ နာမည်တွေကို ပြချင်လို့ တောင်းရတာပါ။အခု အီးမေးပို့ပြီး နာမည်ပေးလို့ရှိရင် ကျနော့်ဘက်က ဒိုမိန်းမှာ သွားရပါမယ်။ အီးမေးပို့တဲ့ လိပ်စာပိုင်ရှင်ဘက်ကလည်း ဒီ Setting လေးတွေ ဝင်ပြင်ရပါဦးမယ်။ ဒါလေးတွေ ပြင်ပြီး ၁၅ မိနစ် ကနေ ၁ နာရီ အကြာမှာ http://yourname.myanmarbloggers.org လို့ ရိုက်ထည့်ပြီး စမ်းကြည့်လိုက်ပါ။ အရေးကြီးတာက ကျနော့်ဘက်က နာမည်ဖြည့်ပြီးပြီဆိုရင် ဖြည့်ပြီးတဲ့ အကြောင်းကို ပို့လာတဲ့အီးမေးနဲ့ ပြန်ပြီး အကြောင်းကြားပေးပါ့မယ်။ Blogger.com ထဲက Setting ကို အဲဒီ အီးမေးရမှ ပြင်စေချင်ပါတယ်။ အကြောင်းကြားစာရပြီဆိုရင် အောက်မှာ ပြထားတဲ့အတိုင်း ပြင်လိုက်ပါ။Blogger.com မှာ Log in လုပ်လိုက်ပါ။ကိုယ် နာမည်ပြောင်းချင်တဲ့ ဘလော့ဂ်ရဲ့ Setting ကို ဝင်လိုက်ပါ။

အပေါ်ပုံမှာ တွေ့တဲ့အတိုင်း Publishing ဆိုတဲ့ Tab ကိုရွေးပါ။ နောက်ပြီး အဲဒီအထဲမှာ Switch to: Custom Domain (Point your own …..) ကိုတွေ့အောင်ရှာပါ။ တွေ့ရင် Custom Domain ကို ကလစ်နှိုတ်ပါ။

အပေါ်ပုံရဲ့ ညာဘက်အောက်ထောင့်မှာ Already own a domain? Switch to Advanced settings ကို တွေ့ပါလိမ့်မယ်။ တကယ့် page မှာတော့ ညာဘက်အောက်ထောင့် မဟုတ်ပါ။ တွေ့ရင် Switch to advanced settings ကို ကလစ်နှိုတ်ပါ။

ဒါဆို အပေါ်ပုံကို တွေ့ရပါမယ်။ အဲဒီအထဲက Your Domain http:// ဆိုပြီး ကွက်လပ်တွေ့ပါလိမ့်မယ်။ အဲဒီကွက်လပ်မှာ ကျနော့ကို တောင်းဆိုထားတဲ့နာမည်နဲ့ ဒိုမိန်းနာမည်ကို ထည့်ပါ။ yourname.myanmarbloggers.org ပေါ့။
ကျနော့နာမည်နဲ့ဆိုရင် အဲဒီနေရာမှာ pikay.myanmarbloggers.org လို့ ထည့်ရမှာပါ။ ဒါဆိုပြီးပါပဲ။ သူတို့ (Blogger.com) လွှဲလို့ အပြီးကို စောင့်ရုံပါပဲ။ လုပ်ကြည့်ပါ။ အဆင်မပြေတာရှိရင် [email protected] ကို အီးမေးပို့ပြီး ပြောနိုင်ပါတယ်။နောက်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အကူအညီတောင်းချင်ရင် ကျနော့်သူငယ်ချင်း မျက်လုံး နဲ့ မယ်လိုဒီမောင်ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ ကျနော်ကိုလည်း အချိန်မရွေး မေးမြန်း နိုင်ပါတယ်။ဒီလို ဘလော့ဂ်ကို blogspot.com မှ myanmarbloggers.org သို့ ပြောင်းလိုက်ရင် စာဖတ်သူတွေအတွက် အတော် အဆင်ပြေပါမယ်။ ဘလော့ဂ်ရေးတဲ့လူ အဖို့တော့ ကျော်လွှားပြီး ရေးနေရဦးမှာပါ။ ဒါပေမယ့် စာဖတ်သူအဆင်ပြေတာ ကျနော်တို့စာရေးသူ တွေကိုလည်း တဖက်တလမ်းက အဆင်ပြေစေပါတယ်။အားလုံးကို အဆင်ပြေစေချင်တဲ့ ဆန္ဒအပြည့်နဲ့ဖြစ်လို့ အနှောက်အယှက်တစုံတရာ မဖြစ်ရလေအောင် ဝိုင်းဝန်းပြီး ကူညီဖေးမ ပေးစေချင်ပါတယ်။ ဒီသတင်းကို စိတ်ဝင်စားသူ အားလုံးကို ဖြန့်ချီပေးပါ။ ကျနော့ ကူညီမှုဟာ အခမဲ့ပါ။ ဒါပေမယ့် တန်ဖိုးရှိမယ်လို့ ယုံကြည်ပါတယ်။