မြန်မာ့ကျား
ခေါင်းစဉ်ကို ဖတ်ပြီး မြန်မာ့ကျားဆိုလို့ အကောင်ကြီးကြီး အမြီးရှည်ရှည်နဲ့ သတ္တဝါကို ပြေးမြင်မိကြတော့မယ် ထင်တယ်။ ကျနော် ဆိုလိုချင်တာက အကောင်လည်း မကြီးဘူး၊ အမြီးလည်း မပါတဲ့ ကျားပါ။ ကျားကစားနည်းကို ဆိုလိုတာပါ။ ဒါဆို မျက်လုံးထဲ မြင်ပြီထင်တယ်။ အရောင်တစ်ကွက် ပြောင်တစ်ကွက်နဲ့ ကွက်ကြား ဆွဲထား ဘန်းပြားပေါ်မှာ ဇယ်တွေကို တဇောင်းလေး စောင်းငမ်းစောင်းငမ်း ရွှေ့ရတဲ့ ကစားနည်းပေါ့ဗျာ။ ဒီကစားနည်းက အားလုံး သိနေပြီးသားမို့ ဘာတွေများ ထပ်ရေးစရာ လိုပါလိမ့်မလဲလို့ တွေးနေမိလိမ့်မယ်။ ဟုတ်ပါတယ်။ ရေးစရာ မရှိပါဘူး။ အဲ ဒါပေမယ့် ကျနော် ခေါင်းစဉ်တပ်ထားတာ “မြန်မာ့ကျား” တဲ့။ အဓိပ္ပာယ်က မြန်မာ့ရိုးရာ ကျားကစားနည်းကို ဆိုလိုတာပါ။ ကျနော်တို့ အများစုက ခုနပြောတဲ့ စောင်းငမ်းစောင်းငမ်း သွားနေတဲ့ […]