PK Portfolio

ရေးသားချက်များ

အတွေးအမြင်၊ မှတ်စုနှင့် မျှဝေလိုသော အကြောင်းအရာများ။

မြန်မာ့ကျား

ခေါင်းစဉ်ကို ဖတ်ပြီး မြန်မာ့ကျားဆိုလို့ အကောင်ကြီးကြီး အမြီးရှည်ရှည်နဲ့ သတ္တဝါကို ပြေးမြင်မိကြတော့မယ် ထင်တယ်။ ကျနော် ဆိုလိုချင်တာက အကောင်လည်း မကြီးဘူး၊ အမြီးလည်း မပါတဲ့ ကျားပါ။ ကျားကစားနည်းကို ဆိုလိုတာပါ။ ဒါဆို မျက်လုံးထဲ မြင်ပြီထင်တယ်။ အရောင်တစ်ကွက် ပြောင်တစ်ကွက်နဲ့ ကွက်ကြား ဆွဲထား ဘန်းပြားပေါ်မှာ ဇယ်တွေကို တဇောင်းလေး စောင်းငမ်းစောင်းငမ်း ရွှေ့ရတဲ့ ကစားနည်းပေါ့ဗျာ။ ဒီကစားနည်းက အားလုံး သိနေပြီးသားမို့ ဘာတွေများ ထပ်ရေးစရာ လိုပါလိမ့်မလဲလို့ တွေးနေမိလိမ့်မယ်။ ဟုတ်ပါတယ်။ ရေးစရာ မရှိပါဘူး။ အဲ ဒါပေမယ့် ကျနော် ခေါင်းစဉ်တပ်ထားတာ “မြန်မာ့ကျား” တဲ့။ အဓိပ္ပာယ်က မြန်မာ့ရိုးရာ ကျားကစားနည်းကို ဆိုလိုတာပါ။ ကျနော်တို့ အများစုက ခုနပြောတဲ့ စောင်းငမ်းစောင်းငမ်း သွားနေတဲ့ […]

ဆက်ဖတ်ရန် →

တစ်နာရီ နှစ်ထောင်

–Select Language–MyanmarEnglish အဖေလုပ်သူဟာ အလုပ်ကနေ အိမ်ပြန်လာပြီဆို အမြဲ နောက်ကျပြီး၊ ပင်ပန်းနွမ်းချိနေတော့ သားတစ်ယောက်ရဲ့ တည်ရှိမှုကိုတောင် ဂရုမစိုက်နိုင်အားတော့ဘူး။ တစ်နေ့ သူ့ရဲ့ ငါးနှစ်အရွယ် ရှိတဲ့ သူ့ရဲ့သားက ဧည့်ခန်းမှာ ထိုင်ပြီး အဖေကိုတွေ့ဖို့ စောင့်နေလေရဲ့။ သူ့အဖေကို မြင်တယ်ဆိုရင်ပဲသား ။ ။ ဖေဖေ၊ မေးခွန်းတစ်ခုလောက် မေးလို့ ရမလား။ဖေ ။ ။ ပြောပါသားရယ်၊ မေးလို့ရတာပေါ့။သား ။ ။ ဖေဖေ အခုလို အလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်။ဖေ ။ ။ ကလေးက ကလေးနေရာ မနေဘူး။ ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။ ဘာလို့ ဒီမေးခွန်း မေးရတာလဲ။စိတ်တိုတိုနဲ့ပဲ ဆူငေါက်လိုက်တယ်။သား ။ ။ သား သိချင်လို့ပါ။ […]

ဆက်ဖတ်ရန် →

ဟိုးတစ်ခေတ်က ကြေးနန်းရုံများ

၁၉ ရာစု ဝင်လာတယ် ဆိုတာနဲ့ ကမ္ဘာအရပ်ရပ်မှာ သိပ္ပံပညာဟာ အံ့မခန်း တိုးတက်လာလိုက်တာ အရှိန်က အခုထိ မသေသေးပါဘူး။ အထူးသဖြင့်တော့ အနောက်နိုင်ငံမှာပေါ့။ အဲဒီအထဲမှာ အံ့သြစရာ အကောင်းဆုံးနဲ့ လူဆိုတဲ့ ဂုဏ်ဒြပ်ကို ဆွဲတင်ပေးနိုင်ခဲ့တဲ့ တီထွင်မှုကတော့ ဆက်သွယ်ရေးပိုင်းပေါ့။ ဆက်သွယ်ရေးတွေ တဖြည်းဖြည်း ကောင်းလာလို့ သိပ္ပံပညာရဲ့ ကျက်စားရာကလည်း အနောက်နိုင်ငံကနေ ဘက်ပေါင်းစုံကို ပျံ့နှံ့ပြီး ပညာရေးစီးမှာ မျှောလိုက်နေကြတယ်။ တစ်နေရာဆီက တီထွင်မှုဟာ တခြားတစ်နေရာကို အချိန်တိုလေးအတွင်းမှာ ရောက်နိုင်ခဲ့လို့ တီထွင်မှုရဲ့ အကျိုးရလဒ်ကို တစ်ကမ္ဘာလုံးနီးပါး ခံစားကြရတယ်။ ဆက်သွယ်ရေး ကောင်းတာနဲ့အမျှ စီးပွားရေးမှာလည်း သွက်လက်မြန်ဆန်တဲ့ ရောင်းဝယ် ဖောက်ကားမှုတွေနဲ့အတူ ငွေကြေးလည်ပတ်မှုက ကမ္ဘာနိုင်ငံ အသီးသီးကို ဖြတ်သန်းစီးဆင်း နိုင်လာတယ်။ နိုင်ငံ အုပ်ချုပ်ရေးအပိုင်းက ကြည့်ရင်လည်း သတင်းအချက်အလက် […]

ဆက်ဖတ်ရန် →

ဘုရားသခင်သို့ ပေးစာ

–Select Language–MyanmarEnglish စာတိုက်မှာ အလုပ်လုပ်ပြီး အင်မတန်မှ သနားတတ်၊ ကြင်နာတတ်တဲ့ လူတစ်ယောက်ရှိတယ်။ သူ့အလုပ်က တစ်နေ့တစ်နေ့ ပို့ထားတဲ့ စာတွေရဲ့ လိပ်စာကို သေချာစစ်ဆေးပြီး လိပ်စာ အမှားတွေ၊ မပြည့်စုံတာတွေကို မူလ စာရှင်ဆီ ပြန်ပို့ပေးရတယ်။ တစ်နေ့ သူ စစ်ဆေးနေတုန်း တုန်ချိနေတဲ့ လက်ရေးနဲ့ လိပ်စာ ရေးထားတဲ့ စာတစ်စောင် သွားတွေ့တယ်။ လိပ်မူထားတာက ဘုရားသခင်ဆီသို့ တဲ့။ ဒီစာကို သူ ဖောက်ဖတ်ကြည့်မှ ဖြစ်မယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။ သူ ဖောက်ဖတ်လိုက်တော့ အထဲမှာ ရေးထားတာကလေးစားကြည်ညို အားကိုးရပါသော ဘုရားသခင်ရှင့်ကျမဟာ အခုဆိုရင် အသက် (၈၃) နှစ် ရှိတဲ့ မုဆိုးမကြီး တစ်ယောက်ပါ။ အင်မတန် နည်းလှတဲ့ ပင်စင်လစာနဲ့ တစ်လတစ်လ […]

ဆက်ဖတ်ရန် →

ကဗျာ၌ သင့်သော ဒေါသ (၂)

ဝါကျဒေါသဆိုတာ ပုဒ်တစ်ပုဒ်တည်းကိုပဲ ငြိစွန်းတတ်တဲ့ ဒေါသမျိုးမဟုတ်ဘဲ ဝါကျတစ်ခုလုံးမှာ သက်ရောက်သွားစေတဲ့ ဒေါသမျိုး အပြစ်မျိုးကို ဝါကျဒေါသလို့ ခေါ်ပါတယ်။ စုစုပေါင်း (၉) ပါးရှိတယ်။ ဧကတ္ထ ဒေါသအဓိပ္ပာယ် – ဝါကျတစ်ကြောင်းမှာ သဒ္ဒါ အနေနဲ့ ဒါမှမဟုတ် အဓိပ္ပာယ်အနေနဲ့ တူနေပါလျက်နဲ့ အကြိမ်ကြိမ် ခဏခဏ ဆိုသလို သုံးနှုန်းနေခြင်းဥပမာ – မိုးရေပေးတတ်၊ မိုးတိမ်ထပ်သည်၊ …အကြောင်းအရင်း – မိုးတိမ်က ဆိုမှတော့ မိုးရေ ပေးမယ်ဆိုတာ သိလျက်နဲ့ “မိုး” ဆိုတဲ့ စာလုံးကို ထပ်ခါထပ်ခါ သုံးထားတယ်။ဖြေနည်း – ကြောက်ခြင်း၊ အမျက်ထွက်ခြင်း၊ အံ့သြခြင်း စတာ တစ်ခုခုကြောင့် ဒီလို အကြိမ်ကြိမ် အာမေဍိတ် အနေနဲ့ သုံးမယ်ဆိုရင် ဒေါသက လွတ်ပါတယ်။အာမေဍိတ် (၈) […]

ဆက်ဖတ်ရန် →

1.618 (The Golden Number)

ပို့စ်ခေါင်းစဉ်ကို ကြည့်ပြီး ကျနော့ကို ဂဏန်းပေးတယ် ထင်နေဦးမယ်။ လက်မှုပညာလို့ ခေါ်တဲ့ ပန်းချီ၊ ပန်းပုမှာ ဒီဂဏန်းကို မကင်းနိုင်သလိုပဲ၊ ဂီတ ဆိုပြန်ရင်လည်း မပါလို့ မဖြစ်ပြန်ဘူး။ ဒါတင်လား ဆိုတော့ ဗိသုကာ ပညာအပြင် အလှအပနဲ့ သက်ဆိုင်တဲ့ ပညာရပ်မှန်သမျှက အဲဒီ ဂဏန်းနဲ့ ကင်းမနေဘူး။ ဂဏန်းဆိုတာထက် တန်ဖိုးတစ်ခုလို့ ပြောရင် ပိုကောင်းလိမ့်မယ်။ အဲဒီလောက် အဖိုးတန်လှတဲ့ ဂဏန်းမို့ ပညာရှင်တွေက Golden Number တဲ့။ ရွှေရောင်ဂဏန်းပေါ့။ ဒီတန်ဖိုးတစ်ခုက ကြီးကြီးကျယ်ကျယ် ဘာဖြစ်လို့များ အဲဒီလောက် အရာရောက်နေတာလည်း ဆိုတာ စာဖတ်သူအနေနဲ့ အတော်လေး သိချင်နေပြီထင်တယ်။ ခပ်ရှင်းရှင်း ပြောရရင်တော့ ဒီဂဏန်းရဲ့ တန်ဖိုးဟာ အချိုးအစား ကျနခြင်းရဲ့ သင်္ကေတပါ။ ကဲ ခပ်ရှင်းရှင်းနဲ့ […]

ဆက်ဖတ်ရန် →

ဘင်္ဂလားပင်လယ်အော် – လေးဖြူ

ကျနော် သိပ်ကြိုက်တဲ့ ကိုလေးဖြူ အခွေအသစ်ထွက်တော့ ကျနော် ဝယ်နားထောင်လိုက်တယ်။ အားလုံးကိုလည်း မျှဝေမယ် ဆိုတဲ့ စိတ်ကူးနဲ့ Upload လုပ်တာ အတော်လေးတာ ပင်ပန်းသွားတယ်။ အဖြေက နိုး။ တင်လို့ကို မရဘူး။ ကိုးနက်ရှင်ရဲ့ ကောင်းမှုပေါ့ဗျာ။ ဒါနဲ့ ကျနော် အင်တာနက်ထဲ တစ်ပတ် ပတ်ပြီး ရှာပုံတော် ဖွင့်လိုက်ပြီး တကာလ Myanmar MP3 Album မှာ လေးဖြူ သီချင်းခွေ အသစ် “ဘင်္ဂလားပင်လယ်အော်” ကို တွေ့တာနဲ့ စာသားပါ ရိုက်ပြီး ဝေမျှပေးလိုက်ပါတယ်။ တကယ်တမ်းတော့ သီချင်း ဒေါင်းချင်တဲ့ သူတွေကို တောင်းဆိုချင်တာ တစ်ခုက တတ်နိုင်ရင်တော့ အော်ခွေပဲ ဝယ်စေချင်ပါတယ်။ ဒီမှာ ကျနော် လင့်ခ်ထည့်ပေးတယ် ဆိုတာကလည်း သူခိုးနည်းပြ […]

ဆက်ဖတ်ရန် →

ကဗျာ၌ သင့်သော ဒေါသ

ဒေါသမကင်းသောစာ (၁)၊ (၂) ကို တင်ပြပြီးကာမှ ကဗျာရေးတဲ့ သူတွေအတွက်လည်း အသုံးတည့်အောင် အခု ဒီပို့စ်ကို ရေးပြီး ဝေမျှလိုက်ပါတယ်။ တကယ်တမ်း ဆိုရင် ဒီလို အပြစ်အနာတွေက စာမှာဖြစ်ဖြစ်၊ ကဗျာမှာဖြစ်ဖြစ် အတူတူတွေချည်းပါ။ ပို့စ်တစ်ခုအနေနဲ့ သီးခြား ခွဲပြီး ဖော်ပြရတဲ့ အကြောင်းကတော့ ဥပမာ ဥပမေယျတွေ ပေးတာ မတူလို့ပါ။ စာမှာတော့ စာကြောင်း၊ ဝါကျတွေနဲ့ ဥပမာ ပေးပြီး အခု ဒီကဗျာမှာ ဆိုရင်လည်း ကဗျာလေးတွေကို ဥပမာပေးပြီး ရေးသွားမှာပါ။ ဒါဆို ကဗျာသမားတွေအတွက် ပိုပြီး သိသာထင်ရှား မြင်သာထင်သာ ဖြစ်သွားပါလိမ့်မယ်။ ဒေါသတွေရဲ့ နာမည်နဲ့ အဓိပ္ပာယ် သက်မှတ်ချက်တွေကတော့ အတူတူချည်းပါ။ ဒေါသ တစ်ခုချင်းစီအတွက် အဓိပ္ပာယ် သက်မှတ်ချက်၊ ဥပမာ […]

ဆက်ဖတ်ရန် →

သင်ခန်းစာ

အခန်း (၁)ကျနော် ဒီလမ်းအတိုင်း လျှောက်လာခဲ့တယ်။ လမ်းဘေးတစ်ဖက်မှာ အင်မတန် နက်တဲ့ ကျင်းကြီး တစ်ကျင်း ရှိတယ်။ ကျနော် အဲဒီကျင်းထဲ ပြုတ်ကျသွားတယ်။ အောင်မယ်လေး … ပြန်တက်လာနိုင်ဖို့ အတော်လေး ကြိုးစားလိုက်ရတယ်။ ဘာပဲ ဖြစ်ဖြစ် ကျနော့် အမှားပါ။အခန်း (၂)အရင်လမ်းအတိုင်း လမ်းလျှောက်လာခဲ့တယ်။ ကျနော် စောနက ကျင်းထဲ ထပ်ကျတယ်။ ဒီတစ်ခါလည်း အပေါ်ရောက်ဖို့ အတော်လေး ကြိုးစားလိုက်ရတယ်။ ဒါတော့ ကျနော်လည်း မတတ်နိုင်ဘူး။အခန်း (၃)ဒီလမ်းကိုပဲ ထပ်လျှောက်နေမိတယ်။ စောန ကျင်းထဲလည်း နောက်တစ်ခေါက် ထပ်ကျပြန်ရော။ အကျင့်ကြီးကို ဖြစ်လို့။ ကျနော်ကိုက အမှတ်မရှိတာပါ။ ချက်ချင်းပဲ အမြန် ရအောင် တက်လိုက်တယ်။အခန်း (၄) ကျနော် ဒီလမ်းကိုပဲ ထပ်လျှောက်မိပြန်ပြီ။ တွင်းနက်ကြီးကို ကျနော် […]

ဆက်ဖတ်ရန် →

ဒေါသမကင်းသော စာ (၂)

ပြီးခဲ့တဲ့ အပိုင်း (၁) မှာ ဒေါသ အမျိုးအစားထဲက အရေးအသား ရှင်းလင်းမှုနဲ့ ကျစ်လစ်မှုအပိုင်းကို ရှင်းပြခဲ့ပြီးပါပြီ။ မဖတ်ရသေးသူများ ဒီမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။ စာတစ်စောင် ပေတစ်ပြောင် ငါဟဲ့ နင်ဟဲ့ ဆိုပြီး လက်ခမောင်းခပ် ရေးကြတော့မယ်ဆိုရင် ရှင်းလင်းတဲ့ ကျစ်လစ်တဲ့ အရေးအသားတွေ ဖြစ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ စာဖတ်သူအနေနဲ့ ကိုယ်ပေးချင်တဲ့ အနှစ်သာရပိုင်းကို သိနိုင်မယ်။ တွေးနိုင်မယ်။ တချို့ကျတော့လည်း မရှုပ်ရှုပ်အောင် ရေးတတ်ကြတယ်။ သူများ နားမလည်အောင် ရေးနိုင်မှ အဆင့်မြင့်တယ်လို့ ထင်ကြတယ်။ တချို့ကျ အင်မတန် ရှည်လျား ရှုပ်ထွေးတဲ့ စာကြောင်းတွေနဲ့ ကိုယ့်ရဲ့ စာပေလက်ရာကို ကိုယ်ထင်ပြကြတယ်။ စာကြောင်းရေ ၅ ကြောင်းလောက် ဖတ်ပြီးမှ ဝါကျ တစ်ကြောင်းရတယ်။ ဒီတော့ […]

ဆက်ဖတ်ရန် →