PK Portfolio

Posts

Thoughts, notes, and things to share.

ဘတ်စ် စီး မှတ်တမ်း

ကျနော် ရေးတဲ့ ပို့စ်တွေ အတော်များများ ဖတ်ထားရင် ကျနော် မန်းက လာတယ်ဆိုတာ သိနှင့်ပြီး ဖြစ်မှာပါ။ ဆယ်တန်းဖြေပြီးတော့ အဖေက ရန်ကုန်မှာ ကွန်ပူတာ သွားတတ်ချေ လို့ အမိန့်တော် ချတာနဲ့ ကျွန်တော်မျိုး ကျေးတော်မျိုး သားတော်မောင်လေးခမျာ မျက်လုံးကလည် နားသူငယ်နဲ့ ဘာမှန်း မသိတဲ့ ကွန်ပူတာကြီးကို တွေးကြောက်ရင်း အမျက်မာန် ရှမှာလည်း စိုးလှတာမို့ ရန်ကုန်ရွှေမြို့တော်သို့ အပြေးလေး ရောက်လာခဲ့ရတယ်။ အဖေကို မေးမိတယ်။ “အဖေ ကွန်ပူတာက ဘာလို့ ဖို့တုန်း၊ ဘာကြီးတုန်း” လို့ မေးလိုက်မိတယ်။ မေးရမယ်လေ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မန်းမှာ ကွန်ပူတာဆိုလို့ ဓါတ်ပုံတောင် မရှိဘူး။ အဖေက ဖြေတယ်။ ကွန်ပူတာနဲ့ အိမ်သာတက် (အင်တာနက်တက်) […]

Continue reading →

ဒေါသမကင်းသော စာ

ဒေါသ ဆိုတာ အပြစ်အနာကို ခေါ်ပါတယ်။ ဒေါသသင့်တဲ့ စာ ဆိုတာကတော့ အပြစ်အနာ မကင်းတဲ့ စာပေါ့။ အပြစ်အနာကို သိလို့ ဖြေဖျောက်နိုင်မယ်၊ ရှောင်ရှားနိုင်မယ် ဆိုရင် ဒေါသကင်းတဲ့ စာ ရလာပါလိမ့်မယ်။ ဒါဆို ကျနော်တို့အနေနဲ့ ဒေါသတွေက ဘာတွေလဲဆိုတာကို သိဖို့ လိုလာတာပေါ့။ ဒေါသတွေအကြောင်းကို အလင်္ကာကျမ်းတွေမှာ အကျယ်တဝံ့ ရေးထားပါတယ်။ အလင်္ကာကျမ်း အများစုရဲ့ မြစ်ဖျားခံရာ မူလဘူတ ကျမ်းကတော့ သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) က အရှင်သင်္ဃရက္ခိတမဟာသာမိမထေရ် ပါဠိလို ရေးဖွဲ့ထားတဲ့ သုဗောဓာလင်္ကာရကျမ်းပဲ ဖြစ်ပါတယ်။ အဲဒီကျမ်းဟာ ပုဂံခေတ်လောက်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မြန်မာဘာသာနဲ့ ခေတ်အဆက်ဆက်က ပြန်ဆိုရေးသားခဲ့ကြတယ်။စာဖတ်သူ တချို့ဟာ မြန်မာစာပေနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ဖတ်ရမှာ အင်မတန်မှ ပျင်းရိကြတာ […]

Continue reading →

ဉာဏ်ကြီးရှင်ရဲ့ ပဲကြီးလှော်တစ်ဆုပ်

ကျနော် မန်းကို ပြန်တဲ့ တစ်ခေါက်ကပေါ့။ အောင်မင်္ဂလာကားကွင်းကို ညီက ကားနဲ့ လိုက်ပို့ပေးတယ်။ အချိန်စောနေသေးလို့ နှစ်ယောက်သား အအေးဆိုင် တစ်ဆိုင်မှာ ထိုင်ရင်း စကားပြောနေဖြစ်ကြတယ်။ သူနဲ့ စကားပြောနေရင်း ကျနော် စိတ်ဝင်စားနေတာ သူ့ရဲ့ တော်ကီ မဟုတ်ဘဲ သူ့ နောက်ကျော၊ ကျနော့် မျက်နှာချင်းဆိုင်က အဖြစ်အပျက်ကလေး ဖြစ်နေတယ်။ အထူးအဆန်းတော့ မဟုတ်ပေမယ့် သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဦးမလဲ၊ ဘယ်လိုများ လုပ်မလဲလို့ စိတ်ဝင်စားနေမိတယ်။ လေးဘီးကားလေး တစ်စီးပေါ်ကို လက်တွန်းလှည်း ဝိုင်းတင်နေကြတယ်။ တင်ဖို့ ကြိုးစားနေကြတာ လူသုံးယောက်။ အဆင်မပြေတော့ သူတို့ ခေါင်းခြောက်နေကြတယ်။ သိတဲ့ အတိုင်းပဲလေ။ လေးဘီးကားက အမိုးနဲ့ဆိုတော့ ခပ်ပုပု၊ အနံက ခပ်ကျဉ်းကျဉ်း။ တကယ်တန်း အရွယ်အစား တိုင်းကြည့်ရင်တော့ […]

Continue reading →

သူငယ်ချင်းကောင်း ယောက်ဖတို့ရေ …

ကျနော်တို့ သိပ်ကိုခင်တဲ့ သူငယ်ချင်း အချင်းချင်း ခေါ်ကြတဲ့အခါမှာ ယောက်ဖရေလို့ ခေါ်တယ်။ တချို့ကျ နှမချောလေး ရှိလို့ပေါ့။ တချို့ကျ မရှိပေမယ့် ခေါ်ရတာ ခံတွင်းတွေ့သလိုပဲ။ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် ခေါ်ကြပုံချင်း မတူကြဘူး။ တစ်ယောက်တည်းကိုပဲ တခြားသူတွေက တစ်မျိုးစီ ခေါ်ကြတယ်လေ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရာမှာ “ဘယ်သူရေ”၊ “ဘယ်ဝါရေ” ဆိုပြီး ရည်ညွှန်းခေါ်တဲ့ စကားလုံး အသုံးအနှုန်းတွေ အများကြီး ရှိပါတယ်။ အဲဒီလို စကားလုံးတွေကို ပါဠိလို အာလပန လို့ ခေါ်တယ်။ အာလုပ်စကားလို့ မြန်မာမှု ပြုထားကြတယ်။ ဘာသာဗေဒက Address Term လို့ ခေါ်ပါတယ်။လူတိုင်းလူတိုင်း နေ့တိုင်းလိုလို အာလုပ်စကားတွေ သုံးပြီး ဆက်ဆံနေကြတာကို မြင်နိုင်ပါတယ်။ လူတစ်ယောက်က […]

Continue reading →

ဘဝမှာ ရပ်ကြည့်မိသော အခါ

–Select Language–MyanmarEnglish အသက်ကငယ်ငယ်နဲ့ စီးပွားရှာကောင်းတဲ့ မောင်ဇော်တစ်ယောက် ညပိုင်းတွေ အားပြီဆိုရင် ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ် စိတ်ပြေလက်ပျောက် အလည်ထွက်တတ်တယ်။ သူဝယ်ထားတဲ့ အသစ်စက်စက် ကားနဲ့ ရန်ကုန်လမ်းတွေပေါ် အတင်းကို ဒရဇက် မောင်းလေ့ရှိတယ်။ ဝယ်ထားတာ နှစ်လပဲ ရှိသေးတော့ ထုံးစံအတိုင်း တသသပေါ့။ တစ်နေရာအရောက် လမ်းဘေးမှာ ကစားနေကြတဲ့ ကလေးတွေအပေါ် အာရုံအပြည့် ရောက်နေတဲ့အချိန် ရုတ်တရက် မျက်စိထဲမှာ အရိပ်တစ်ခု ဖြတ်သွားတာ မြင်လိုက်လို့ ကားကို အရှိန်လျှော့ပစ်လိုက်တယ်။ သူ့ကားကို ဖြည်းဖြည်းလေး သတိနဲ့ မောင်းနေတယ်။ ဒါပေမယ့် ကလေးရဲ့ အရိပ်အခြေ မတွေ့ဘူး။ အဲဒီအခိုက်အတန့်မှာပဲ အုတ်နီခဲတစ်ခဲ ပျံကျလာတယ်။ ဒုန်းးးးးးးးးးးဘရိတ်ကို အတင်း ဖမ်းအုပ်ပစ်လိုက်တယ်။ ထိသွားတာက သူ့ကားရဲ့ ညာဘက် တံခါး။ ကားကို […]

Continue reading →

အရှေ့သို့လားသော် (၃)

ပြီးခဲ့ပို့စ် အပိုင်း (၂) မှာ လေးရောင်ခြယ် အဝေးပြေး လမ်းမကြီးအကြောင်း ရှင်းပြခဲ့ပေမယ့် အနက်ရောင်ကုန်စည်ကို ကျနော် မပြောဘဲ တမင် ချန်ထားခဲ့တယ်။ အဲဒီ အနက်ရောင် ကုန်စည်ဟာ ဘာလဲ ဆိုတာ ကျနော့်ကို မေးတုန်းကလည်း ကျနော် မဖြေနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော်လည်း လက်စားချေတဲ့အနေနဲ့ ပြန်မေးကြည့်တာ ;P ။ အစိမ်းရောင်က ကျောက်စိမ်းကို ကိုယ်စားပြုတယ်။ အဝါရောင်က ရွှေကို ကိုယ်စားပြုတယ်။ အဖြူရောင်က ဘိန်းဖြူကို ကိုယ်စားပြုပြီး အနက်ရောက်ကတော့ တရားမဝင် ကုန်စည်တစ်ခုကို ကိုယ်စားပြုနေပြန်တယ်။ အဲဒီ ပစ္စည်းက မြန်မာနိုင်ငံအနေနဲ့ သွင်းခွင့် မပြုတဲ့အပြင် အများပြည်သူတွေ အနေနဲ့လည်း သုံးစွဲခွင့် မပြုပြန်ဘူး။ ဒါပေမယ့် အစိုးရအနေနဲ့ လူတန်းစားတစ်ရပ်ကို တရားဝင် ခွင့်ပြုထားပြန်တယ်။ […]

Continue reading →

စနည်းနာခြင်း

စနည်း / စနီး၊ စနဲ / နာမ် – ရှေ့ပြေးနိမိတ်အနေဖြင့် ကြားရသောအသံ။စနည်းနာ / စနဲနာ / ကြိယာ – လူအများ ပြောသံဆိုသံကို ထောက်လှမ်းသည်။ ဒါ မြန်မာစာဌာနက ထုတ်တဲ့ မြန်မာအဘိဓာန်မှာ ဖော်ပြထားချက်ပါ။ ကျနော်တို့ စနည်းနာတယ်လို့ သုံးလေ့ရှိတယ်။ မလုပ်ခင် ထောက်လှမ်းတယ်လို့ ကျနော်တို့ နားလည်ထားကြတယ်။ အဓိပ္ပာယ်ကို ပိုပြီး ရှင်းလင်း နားလည်ချင်တာနဲ့ အဘိဓာန်စာအုပ်ကို လှန်ပြီး ဖတ်ကြည့်မိတယ်။ အဲဒီစာအုပ်နဲ့ အတူ တခြား စာအုပ်တစ်အုပ်ကိုလည်း သွားသတိရမိတယ်။ စနည်းနာခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တင်ပြထားတဲ့ သမိုင်းစာအုပ်ပါ။ စနည်းနာတာနဲ့ သမိုင်းနဲ့ ဘာပတ်သက်သလဲလို့ တွေးမိပါလိမ့်မယ်။ ဘယ်လို ပတ်သက်သလဲ ဆိုတာသိရအောင် ဆက်ဖတ်ကြည့်စေချင်တယ်။ အခု […]

Continue reading →

Yahoo Pipe ဖြင့် Blog list တစ်ခု ဖန်တီးခြင်း

Acknowledgement : တစ်နေ့က မျက်လုံးနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ကြရင်း ဘလော့ဂ်အကြောင်း ပြောကြရင်းနဲ့က Blog List အကြောင်း ရောက်သွားခဲ့တယ်။ ကျနော် Blogger ရဲ့ Blog List လုပ်ရတာ သိပ်ဘဝင်မကျတဲ့အကြောင်း ပြောပြတော့ မျက်လုံးက Blog List ကို စိတ်တိုင်းကျ လုပ်ချင်သလို လုပ်လို့ရကြောင်း နည်းလမ်း ဖတ်ဖူးကြောင်း ပြောတော့ ကျနော် အရမ်း ဝမ်းသာသွားတယ်။ ဒါနဲ့ သူ့ကို မေးကြည့်တော့ အတိအကျတော့ သူလည်း မေ့နေပြီ။ WeSheMe ရေးထားတာကို DeGoLar က ပြန်ညွှန်းရေးထားတာတော့ မှတ်မိတယ်လို့ ပြောပါတယ်။ WeSheMe ရေးထားတာတော့ ကြာပြီ။ DeGoLar ရေးထားတာတော့ နှစ်လလောက်ပဲ ရှိသေးတယ်တဲ့။ ဒါနဲ့ ကျနော်လည်း […]

Continue reading →

အရှေ့သို့လားသော် (၂)

အပိုင်း (၁) မဖတ်ရသေးသူများ အတွက် ဒီမှာ ကလစ်နှိပ်ပြီး ဖတ်ပါ။လေယာဉ်လက်မှတ်အတွက် စီစဉ်ပြီးပြီ ဆိုတော့ လုပ်စရာ နှစ်ခု ကျန်နေတာက VISA နဲ့ D-Form လျှောက်ဖို့ပါ။ D-Form က အခု အွန်လိုင်း D-Form ဆိုတော့ အရင်ထပ် အများကြီး လွယ်ကူသွားပါပြီ။ တစ်ခါတစ်လေ D-Form က အချိန်ကြာတတ်တော့ ကျနော်တို့အနေနဲ့ VISA ကို အရင်မလုပ်ဘဲ D-Form ကို လျှောက်လိုက်ပါတယ်။ D-Form ထဲမှာ VISA No ဆိုတာ ထည့်ဖို့နေရာ ပါပေမယ့် မထည့်ဘဲလည်း ရပါတယ်။ အဲတော့ ကျနော်တို့ VISA မရသေးဘဲ D-Form အရင် လျှောက်လိုက်တော့တယ်။ D-Form Program က […]

Continue reading →

Template Changed !!!

ဆောင်းဦး ဝင်တယ်ဆိုရင်ပဲ မိုးရာသီက တိုက်စား ခံလိုက်ရတဲ့ ဆေးရောင်တွေကို သစ်လွင်လာအောင် အိမ်တွေ တိုက်တွေ ဆေးအသစ် ပြန်သုတ်ကြတယ်။ အခု ဆောင်းဝင်ပြီ ဆိုတော့ ကျနော်ရဲ့ အိမ်လေးကိုလည်း ပြန်ရွှိုင်းချင်စိတ် ပေါက်လာပါတယ်။ နောက်ပြီး အခုတလော ကိုးနတ်ရှင်ရဲ့ နှိပ်စက်မှုကြောင့် ကျနော်ရဲ့ ဘလော့ဂ်လေးဟာ အတက်နှေးနေပါတယ်။ ကျနော် လျှောက်ကလိထားတဲ့ Widget တွေကလည်း မနည်းတော့ ကော်နက်ရှင် ကောင်းရင်တောင် နည်းနည်း ကြာပါတယ်။ အခုတော့ ပိုဆိုးပြီပေါ့။ နယ်က သယ်ရင်းတွေက တင်မရဘူးချည်း လှမ်းလှမ်း အော်ဆဲနေကြတယ်လေ။ကျနော်ရဲ့ အရင် တန်းပလိတ်လေးကို တင်ခါစက အတော်လေး ရိုးရှင်းတယ်လို့ ထင်ထားပေမယ့် မြင်ပါများလို့လား မသိ။ ကြည့်ရင်းနဲ့ ရှုပ်ရှုပ်လာတယ်။ Sidebar မှာ ထည့်ထားတဲ့ Widget […]

Continue reading →