PK Portfolio

Posts

Thoughts, notes, and things to share.

ကူညီချင်စိတ်

အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်း နေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အား မရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။ သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့ မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင် သူ့သားစီ စာတစ်စောင် ရေးလိုက်တယ်။ ချစ်သား အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလို မလုပ်နိုင်လို့ ကိုယ့်ကိုယ်ကို နားကျည်းမိတယ် သားရယ်။ ဘာလို့လဲဆိုတော့ မင်းမေမေ ဆိုရင် ဒါမျိုး သစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ။ ဒီစိုက်ခင်းမှာ မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် […]

Continue reading →

တပါးသူအား ကူညီတတ်ခြင်း

တစ်နေ့မှာ ဘုရားသခင်နဲ့ သူတော်စင်တစ်ပါး စကားလက်စုံ ကျကြရင်း သူတော်စင်က ဘုရားသခင်ကို တစ်ခု တောင်းဆိုလိုက်တယ်။”အရှင်ဘုရား နိဗ္ဗာန်နဲ့ ငရဲပြည် ဘယ်လိုကွာသလဲဆိုတာ သိလို မြင်လိုပါတယ်။ တပည့်တော်ကို ပြတော်မူပါ ဘုရား။”ဒါနဲ့ ဘုရားသခင်ဟာ သူတော်စင်ကို တံခါးနှစ်ပေါက်ဆီ ဦးတည်ပြီး ခေါ်သွားတယ်။ တံခါးတစ်ပေါက်ကို ဖွင့်ပြလိုက်တော့ သူတော်စင်က အထဲကို လှမ်းကြည့်လိုက်တယ်။ အခန်းရဲ့ အလယ်မှာ စားပွဲဝိုင်း အကြီးကြီး တစ်လုံး ချထားတယ်။ စားပွဲရဲ့ အလယ်ခေါင်မှာ ရှိတဲ့ ဟင်းအိုး အကြီးကြီးကနေ ခုန်ထွက်လာတဲ့ အမွှေးနံ့ဟာ သူတော်စင်ကိုတောင် မနေနိုင်အောင် သားရေကျတဲ့အထိ ဆွပေးနေတယ်။ စားပွဲ ပတ်ပတ်လည်မှာ ထိုင်နေတဲ့ လူတွေကို ကြည့်လိုက်တော့ ပိန်လီလို့။ နည်းနည်း လှုပ်လိုက်ရင် အထဲက အရိုးတွေ ကန်ထွက်လာမှာတောင် […]

Continue reading →

မြှော်လင့် မြော်တွေး၊ မျှော်ငေးရင်းသာ

မြန်မာစာ ပညာရှင်တွေက မြန်မာစာမှာ စကားလုံးတိုင်းဟာ အပိုအလိုမရှိ ပိပိရိရိကို ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ တချို့ စကားလုံးတွေဆို အသံထွက်တူပြီး စာလုံး ကွဲတာကြောင့် နှစ်မျိုးကို တစ်မျိုးပေါင်းပစ်ဖို့ အကြံပေးကြတာလည်း ရှိပါတယ်။ တကယ်လို့ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်၊ အတ္ထုပ္ပတ္တိနဲ့ သမိုင်းကို နားလည်ထားမယ်ဆိုရင်၊ ခြေခြေမြစ်မြစ် သိထားမယ်ဆိုရင် ပေါင်းစပ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာ သဘောပေါက်သွားမှာပါ။ ဥပမာ ပြောရရင် တချို့ စာလုံးတွေက ယပင့်နဲ့ ပေါင်းထားတာ ရှိသလို အဲဒီ စကားလုံးကိုပဲ ရရစ်နဲ့ ပေါင်းထားတာ ရှိပြန်တော့ ဒီစကားလုံး နှစ်လုံးကို ပေါင်းပြီး တစ်မျိုးပဲ သုံးပါလားလို့ အကြံပေးကြတာ ရှိတယ်။ စာလုံးအနေနဲ့ ထုတ်ပြရရင် မျှော် နဲ့ မြှော် ပေါ့။ မြန်မာစာမှာ […]

Continue reading →

အန္တရာယ်နှင့် ရင်ဆိုင်ရသော အခါ …

အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ နီးလာလေလေ ကျနော်တို့အတွက် ရင်ဆိုင်ရဲမယ့် ပြင်ဆင်မှုဟာ အရေးကြီးလေလေပါ။ ဘဲမာမီဟာ သူရဲ့ ဘဲငယ်လေးတွေနဲ့ အတူ ရေကန်မှာ ရေကစားဖို့ ထွက်လာကြတယ်။ ဘဲကလေးတွေကတော့ ပျော်လို့ ပါးလို့။ တဂတ်ဂတ်နဲ့ အော်မြည်းပြီး ဘဲမေမေရဲ့ အနောက်ကနေ ထပ်ကြပ်မကွာ လိုက်နေကြတယ်။ ရေကန်နဲ့ မနီးမဝေး တစ်နေရာ အရောက်မှာ ဘဲမေမေဟာ အန္တရာယ်ကို လှမ်းမြင်လိုက်တယ်။ အေးပေါ့လေ။ သားသမီးတွေ အန္တရာယ်ကင်း ဘေးရှင်းဖို့ ပတ်ဝန်းကျင်ကို အမြဲ အကဲခတ်နေရမှာ မိဘတွေရဲ့ တာဝန်ပဲ မဟုတ်လား။ မြေခွေးတစ်ကောင် မနီးဝေးကနေ ချောင်းနေတာ မြင်လိုက်ရတဲ့ ဘဲမေမေဟာ သူရဲ့ ကလေးတွေကို သတိပေး အချက်ပြလိုက်ပြီး ရေကန်ရှိရာကို အမြန်သွားစေတယ်။ ဘဲငယ်လေးတွေကလည်း အမြန်အမြန် ပြေးကြတော့တာပေါ့။ ဘဲမေမေက […]

Continue reading →

နှစ်သစ်အတွက် အတွေးလက်ဆောင်

ပေါ့ပေါ့လေးဖတ်ပြီး လေးလေးနက်နက် စဉ်းစားစေချင်တဲ့ စကားတချို့ ရှိပါတယ်။ကျနော်ကတော့ မဖြစ်စလောက် အကြည့်နဲ့ ကြီးကြီးကျယ်ကျယ် မြင်ကြည့်တယ်။ဖွဖွလေး သိလာတော့ ခပ်ပြင်းပြင်း သက်မချမိသွားတယ်။တကယ်တမ်းတော့လည်း နည်းနည်း ရေးပြီး များများတွေးရမယ့် စာတွေပါ။မလုံတလုံ ရေးထားတဲ့ စာကြောင်းတွေကို စေ့စေ့ငှငှ ယူတတ်ပါစေလို့ …..

Continue reading →

အသစ်၊ အဟောင်း နှင့် မပြောင်းလဲသော …

မနှစ်က ဒီလို အချိန်လောက်မှာပဲ ကျနော့ဆီ ဧည့်သည်တစ်ယောက် ရောက်လာခဲ့တယ်။ သူ ကျနော်နဲ့ အတူ အချိန် အတော်လေးကြာကြာ ရှိနေခဲ့တယ်။ သူရောက်လာမယ်ဆိုတော့ ကြိုတင် အသိမပေးရပေမယ့် သိနေနှင့်တယ်လေ။ သူ့တစ်ယောက်စာအတွက် ကျနော့်မှာ ဝန်မပိုပါဘူး။ အခု ပြန်တော့မယ်ဆိုတော့မှ သေချာပြန်ကြည့်လိုက်မိတယ်။ အော် … သူရောက်ခဲ့တာ တစ်နှစ်တောင် ရှိသွားပါ ပကောလား လို့ တွေးမိတယ်။ သူရှိနေတဲ့ အချိန်တွေကို တန်ဖိုး မထားခဲ့တာ မဟုတ်ပေမယ့် ဂရုမပြုမိတာတော့ အမှန်ပဲလေ။ သူ ဘေးနား ရှိနေတဲ့ အတောအတွင်းမှာ ပိုင်ဆိုင်လာခဲ့တာတွေ ရှိသလို ဆုံးရှုံးသွားတာ တချို့လည်း ရှိတယ်။ အခု ပြန်တော့မယ် ဆိုတော့လည်း မျက်ရည်မကျမိတာ အမှန်ပါပဲ။ ကိုယ်နဲ့ တစ်နှစ်လုံးလုံး လက်ပွန်းတတီး ရှိနေခဲ့တဲ့ […]

Continue reading →

မလျော်မကန် ပြုမူတတ်ခြင်း

ရည်ရွယ်ချက် ။ ။ လူငယ်နဲ့ လူကြီး အကြား (အထူးသဖြင့် မိဘနဲ့ သားသမီး၊ ဆရာနဲ့ ကျောင်းသား အကြား) မှာ ရှိနေတတ်တဲ့ ပဋိပက္ခတွေကို မီးမောင်း ထိုးပြချင်ပါတယ်။ကိုးကား ။ ။ အပြုသဘောဆောင်သော စည်းကမ်း – ဒေါက်တာသိန်းလွင်အပြုအမူတိုင်းရဲ့ နောက်ကွယ်မှာ ယုံကြည်ချက် တစ်ခုစီတော့ ရှိကြပါတယ်။ အများအားဖြင့် လူကြီးတွေက လူငယ်တွေရဲ့ အပြုအမူကိုပဲ ကိုင်တွယ်တတ်ပြီး နောက်ကွယ်မှာ ရှိနေတဲ့ ကလေးရဲ့ ခံယူချက်ကို နားလည်ဖို့ မကြိုးစားမိကြဘူး။ ဘာကြောင့် လုပ်ရသလဲ ဆိုပြီး ဆက်စပ် မစဉ်းစားဘဲ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရင် ကျိုးကြောင်းစီလျော်တဲ့ ရလဒ်တစ်ခု ရလာမှာ မဟုတ်ပါဘူး။ စိတ်အထူးကု ဆရာဝန်ကြီး Rudof Dreikurs က “မဆီမလျော် […]

Continue reading →

အချစ်ကို နားလည်သော …

ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာ ခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊ အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း နေပါတယ်။ တစ်နေ့တော့ သူတို့ စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ ပင်လယ်ထဲကို မြုပ်တော့မယ်လို့ သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ အားလုံးကိုယ်စီကိုယ်စီ လှေတွေ လုပ်ကြပြီး အဲဒီကျွန်းကနေ ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံး မြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က”ဗျို့ … ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။” လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက”ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ […]

Continue reading →

အိမ်ရှင်မတစ်ယောက်ရဲ့ အလုပ်

တစ်ညနေ ယောကျ်ား အိမ်ပြန်ရောက်တော့ အိမ်ထဲမှာလည်း ပွစလန်းခတ်လို့။ ရှုပ်ပွ ပေတူးနေတယ်။ ဟိုနေရာကြည့်လည်း အမှိုက်တွေ မွစာကြဲ၊ ဒီနေရာကြည့်လည်း ဗြုတ်စဗျင်းနောင်းနဲ့ အိမ်တစ်လုံးလုံး ရစရာကို မရှိဘူး။ သူ့ ကလေးသုံးယောက်ကို ကြည့်ပြန်တော့လည်း အိမ်ရှေ့မှာ။ ညအိပ်ဝတ်စုံတောင် မလဲနိုင်ဘဲ ရွံ့ဗွက်တွေထဲ ပေတူးလန်အောင် ဆော့နေလေရဲ့။ စားထားပြီးသား မုန့်အိတ်အခွံတွေကလည်း မြေကြီးပေါ်မှာ စည်းမဲ့ကမ်းမဲ့နဲ့ ထိုးထိုးထောင်ထောင်။ အိမ်ရှေ့ ဧည့်ခန်းထဲ ဝင်လာတာ အမှိုက်ပုံထဲ ရောက်သွားသလား အောက်မေ့ရတယ်။ မိန်းမကားရဲ့ တံခါးတစ်ဘက်ကလည်း ပွင့်လို့။ ဘာထူးလို့တုန်း အိမ်တံခါးတွေ ပွင့်လျက်သား။ တစ်ရပ်ကွက်လုံး ဥဒဟို ဝင်ထွက် သွားလာနေတောင် သိမှာ မဟုတ်ဘူး။အဲ စာကြည့်ခန်း မီးအိမ်ကလည်း လဲလို့။ ကလေးတွေ ဆော့ထားတဲ့ ဘောလုံးကလည်း မီးအိမ်အောက်မှာ အခန့်သား။ […]

Continue reading →

မြဲမြံစွာ ဆုပ်ကိုင်ထားသော …

ပါမောက္ခသည် သူ၏ စာသင်ခန်းထဲသို့ ဖန်ခွက်တစ်ခွက် ကိုင်၍ ဝင်လာသည်။ ဖန်ခွက်ထဲတွင် ရေ တစ်ဝက်ခန့် ထည့်ထားသည်။ ပါမောက္ခသည် ထို ရေခွက်ကို အများ မြင်သာအောင် ကိုင်မြှောက်လိုက်ပြီး မေးခွန်း မေးပါတော့သည်။”ဒီခွက် ဘယ်လောက် လေးမယ်လို့ မင်းတို့ ထင်သလဲကွ””၅၀ ဂရမ်” … “၁၀၀ ဂရမ်” … “၁၂၀ ဂရမ်” …ကျောင်းသားများ၏ ပါးစပ်မှ အဖြေ မျိုးစုံအောင် ထွက်ကျလာတော့သည်။”ဒီခွက်ကို သေချာ မချိန်ကြည့်ဘဲနဲ့တော့ အလေးချိန် ဘယ်သိနိုင်ပါ့မလဲ”ပါမောက္ခ ဆက်ပြောမည့် စကားကို တစ်တန်းလုံး ငြိမ်၍ နားထောင်နေကြသည်။”ဆရာ အဓိက မေးချင်တာက ဒီခွက်ကို မိနစ်ပိုင်းလောက် ကိုင်ထားမယ်ဆိုရင် ဘာဖြစ်မလဲ””ဘာမှ မဖြစ်နိုင်ဘူးဆရာ” ကျောင်းသားတစ်ယောက် အော်ဖြေလိုက်သည်။”အေး … ဒါဆို တစ်နာရီလောက် […]

Continue reading →