PK Portfolio

Category: တွေးစရာ

ကပ်ပါပေ့ မြို့စားရယ်

ကျနော်တို့တွေ အားလုံးဟာ အယူသီးတဲ့လူ၊ တစ်ယူသန်တဲ့ လူတွေချည်းပါပဲ။ တစ်နည်းမဟုတ် တစ်နည်းပေါ့။ အနည်းနဲ့အများ ဆိုသလိုပါ။ ကိုယ်ခံယူထားတာ မှန်တယ်လို့ ယုံကြည်ထားတာကြောင့် တစ်ယူသန်ကြတယ်။ တချို့လည်း အတင်းကို မျက်စိမှိတ်ပြီး မှန်ပစ်လိုက်ကြတယ်။ တချို့ကျတော့လည်း ကိုယ့်အယူအဆနဲ့ ကိုယ့်ဖာသာ သက်သေတည်ပြီး မှန်ပစ်လိုက်ကြတယ်။ ဒါပေမယ့် ကိုယ်ရဲ့ အယူအဆကို အခိုင်အမာ ယုံကြည်ထားတဲ့ လူတိုင်းကိုတော့ တယူသန်တယ်လို့ မခေါ်ပါဘူး။ မတူညီတဲ့ အယူဝါဒနှစ်ခု အားပြိုင်လာတဲ့အခါမှာ ကိုယ်ရဲ့ ခံယူချက်ကို မယိုင်လဲအောင်၊ မဖုံးလွှမ်းနိုင်အောင် အတင်းကို မျက်စိစုံမှိတ်ပြီး အကာအကွယ်ယူတဲ့အပြင် တစ်ဖက်လူရဲ့ အယူဝါဒကို မှန်လေမလားလို့ မဆန်းစစ်တတ်တဲ့ သူကို တစ်ယူသန်တဲ့သူလို့ ခေါ်ပါတယ်။ ပညာမတတ်တဲ့သူနဲ့ ပညာတတ်တဲ့သူနဲ့ ဘယ်သူက ပို တစ်ယူသန်သလဲလို့ ဆန်းစစ်ကြည့်ရင် ပညာတတ်တဲ့သူက ပိုပြီး […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၄)

ဆရာဝန်နဲ့ အေးဆေး စကားပြောဖြစ်တော့ (၇) ရက် စောင့်ရတဲ့ အကြောင်းအရင်းကို မေးကြည့်ဖြစ်တယ်။ ဆရာဝန်ကလည်း အသေအချာ ရှင်းပြပါတယ်။ ဘာလို့လဲဆို ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး ရောဂါတွေ ထဲမှာ ခွေးရူးပြန်ရောဂါလည်း တစ်ခု ပါဝင်နေလို့ပါ။ ခွေးရူးရောဂါပိုးဟာ အရေပြား အပေါက်အပြဲကနေ တဆင့် ခန္ဓာကိုယ်ထဲကို ရောက်နေတတ်ပါတယ်။ အဓိက သယ်ဆောင်လာပေးတဲ့ ကြားခံဟာ ခွေးသွားရေပါ။ အဓိက ကူးစက်စေတဲ့ သတ္တဝါဟာ ခွေးဖြစ်တာမို့ ခွေးရူးပြန်ရောဂါလို့ ကင်းပွန်းတပ်တာ ဖြစ်ပါလိမ့်မယ်။ ဆရာဝန်ရဲ့ ပြောပြချက်အရဆိုရင် ခွေးတိုင်းမှာ ခွေးရူးပြန်ရောဂါပိုး ရှိနေတတ်ပါတယ်။ ကာကွယ်ဆေး ထိုးမထားတဲ့ ခွေးတိုင်းမှာပေါ့။ တစ်ခါတလေ အိမ်မွေးခွေး တချို့က ကိုယ်ရဲ့ သခင်ကို ချစ်စနိုးနဲ့ လက်ကိုဖြစ်ဖြစ်၊ ခြေကိုဖြစ်ဖြစ် ခဲထားတတ်ပါတယ်။ ခွေးသွားရေမှာ […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၃)

ကာကွယ်ဆေး ထိုးဖို့ ငွေ (၃၀၀၀၀) ကျပ် သူ့အတွက် မတတ်နိုင်ဘူး ဆိုတာ သူ့ဆီမှာ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ သူ့ဆီမှာ အဲဒီ ငွေ ပမာဏ အဲဒီ အချိန်က သူ့လက်ထဲမှာ ရှိနေပါတယ်။ ဒါဆို ဘာလို့ သွားမထိုးတာလဲလို့ စာဖတ်သူ အနေနဲ့ မေးချင်လိမ့်မယ်။ ကျနော်လည်း အဲဒီ အချိန်က မေးဖြစ်ခဲ့တယ်။ အရှင်းဆုံး ပြောရရင် သူ ခွေးရူးကိုက်တဲ့ ဒဏ်ရာကြောင့် သေရလိမ့်မယ်လို့ သိမထားလို့ပေါ့။ နောက်တစ်ချက်က အဲဒီ ငွေ သုံးသောင်းကို သူ နှမြောတယ်။ လွန်ခဲ့တဲ့ ၉ နှစ်က သုံးသောင်းဆိုတဲ့ ပမာဏက သူ မပြောပါနဲ့၊ တော်ရုံ လူတစ်ယောက် အနေနဲ့တောင် မတတ်နိုင်ပါဘူး။ မသုံးရက်ဘူးလို့ […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၂)

ကျနော်ဘဝမှာ အင်မတန်မှ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ပါတယ်။ အခုအချိန်ထိလည်း ချစ်နေရတဲ့ သူငယ်ချင်းပါ။ ဒါပေမယ့် သူ မရှိရှာတော့ဘူး။ သူနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်ထံမှ ဆိုတဲ့ ပို့စ်မှာ အနည်းအကျဉ်း ရေးဖူးပါတယ်။ ကျနော်အကြောင်း ရေးတဲ့ ပို့စ်မှန်သမျှမှာလည်း သူ့အကြောင်း မပါတဲ့ ပို့စ် မရှိသလောက်အောင် ချစ်ခဲ့ကြတယ်။ ကျနော်တို့ အရမ်း ချစ်ခဲ့ကြသလို ကျနော်တို့ နှိပ်စက်တာကိုလည်း အတော် ခံခဲ့ရတာပါ။ သူရဲ့ သူငယ်ချင်းအပေါ် ယုံလွယ်တဲ့ စိတ်နဲ့တင်ကို ခဏခဏ အနိုင်ကျင့် ခံခဲ့ရတယ်။ အရိုးခံစိတ်နဲ့ ကျနော်တို့ကို ပေါင်းတာဆိုတော့ ကျနော်တို့ လှိမ့်သမျှလည်း ခံနေရတာပေါ့။ အဲလောက်တုံး၊ အဲလောက် အ,ပါလားလို့ အပြစ်တင် မစောပါနဲ့။ ကျနော်တို့ သူငယ်ချင်း (၈) ယောက်ထဲမှာ […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၁)

“ဒေါက်၊ ဒေါက်၊ ဒေါက်” ဆိုတဲ့ အသံက ကိုယ်ရဲ့ တံခါးမှာ မြည်နေပြီဆိုရင် ဧည့်သည် တစ်ယောက်ယောက် ကိုယ့်အိမ်ရှေ့ ရောက်နေတယ်လို့ လူတိုင်း ယူဆလိုက်ကြတယ်။ ကိုယ့်တံခါးက ခေါက်သံမြည်မှတော့ ကိုယ့်အိမ် ဧည့်သည်လာတာပေါ့၊ ဒါ ဘာထူးဆန်းသလဲလို့ မေးချင်တဲ့သူတွေ ရှိပါလိမ့်မယ်။ ကျနော် ဆက်စပ်ပြီး တွေးလိုက်မိတာက တံခါးခေါက်သံ ကြားပြီး မကြာခင်မှာ အိမ်ထဲကို လူတချို့ ဝင်လာတော့မယ် ဆိုတာ သေချာသလောက်ပဲ။ တစ်ခါတလေတော့ တံခါးခေါက်တဲ့သူက အိမ်ထဲ မဝင်တော့ဘဲ အိမ်ထဲကသူကို အိမ်ပြင် ခေါ်ထုတ်သွားတတ်တယ်။ ဥပမာ သူငယ်ချင်းတွေပေါ့။ သူတို့ လာရင် လက်ဘက်ရည်ဆိုင် သွားရအောင်ဆိုပြီး ခေါ်သွားလေ့ရှိတယ်။ နေ့တိုင်းလိုလို လူတိုင်းနီးပါး တံခါးခေါက်သံကို ကြားနေကြရမှာပါ။ ဒါပေမယ့် ရည်ရွယ်သူသာ ကြားရတဲ့ တံခါးခေါက်သံမျိုး […]

ဆက်ဖတ်ရန် →

စနစ်တကျ တင်ပြခြင်း

ခံစားချက် ရှိတဲ့ လူသားတိုင်း ကိုယ်ရဲ့ ခံစားချက်ကို ကိုယ့်ကိုယ်ကို (သို့) တခြားသူ တစ်ဦးဦးကို အမြဲတမ်း ပြောလေ့ရှိပါတယ်။ အဲဒီလို ပြောပြ၊ ရှင်းပြ၊ တင်ပြတဲ့ အခါမှာ တစ်ဖက်သူက တစ်ခါတည်း နားလည်၊ နားရှင်းသွားတာ ရှိသလို ဘယ်လိုမှ သဘောမပေါက်နိုင်တာလည်း ဖြစ်နိုင်တယ်။ တစ်ယောက် ပြောတဲ့ စကားကို တခြားတစ်ဘက် နားထောင်သူက နားမလည်ရတဲ့ အကြောင်းအရင်း ( ၄ ) ခု ရှိပါတယ်။၁။ ပြောသူဟာ ရှင်းလင်းအောင် မတင်ပြတတ်ခြင်း၂။ နားထောင်သူ အာရုံ မစူးစိုက်ခြင်း၃။ ပြောကြားသော အကြောင်းအရာ ကိုယ်နှိုက်က မရှင်းလင်းခြင်း၄။ ပတ်ဝန်းကျင် မကောင်းခြင်း (ဆူညံသော၊ အာရုံမစူးစိုက်နိုင်သော ပတ်ဝန်ကျင်၌ ပြောကြားခြင်း) တို့ပဲ ဖြစ်ပါတယ်။ ပြောသူ […]

ဆက်ဖတ်ရန် →

အကောင်းမြင် အတွေး

ကျနော် မေးခွန်းတစ်ခု မေးပါ့မယ်။ ကျနော် ပြောရဲတယ်။ အဲဒီ မေးခွန်းကို ဘယ်သူမှ မှန်အောင် ဖြေနိုင်မှာ မဟုတ်ဘူးလို့ အာမခံရဲတယ်။ အောက်က စာပိုဒ်လေး ဖတ်ကြည့်ပြီး မေးခွန်းကို ကြိုးစား ဖြေကြည့်ပါဦး။အင်မတန် ချစ်ကြတဲ့ လင်မယားနှစ်ယောက်ဟာ ခရီးအတူထွက်ခဲ့ကြတယ်။ သူတို့ စီးလာတဲ့ လိုင်းကားဟာ တောင်ကုန်းတောင်မြင့် ထူပြောတဲ့ နေရာ အတော်များများကို ဖြတ်သန်းရတယ်။ တောင်ကြားလမ်း မရောက်ခင် တစ်နေရာမှာ သူတို့ ဇနီးမောင်နှံက ကားပေါ်က ဆင်းနေခဲ့ပြီး ဆုံးဖြတ်လိုက်ပြီး ကားကို ရပ်ခိုင်းလိုက်တယ်။ သူတို့ တောင်းဆိုတဲ့ နေရာ အရောက်မှာ ကားဆရာက ကားကို ရပ်ပေးလိုက်တော့ သူတို့ ကားပေါ်က ဆင်းလိုက်ကြတယ်။ သူတို့ ဆင်းပြီး ခဏအကြာမှာပဲ ကားက မောင်းထွက်သွားလိုက်တယ်။ အရှေ့ […]

ဆက်ဖတ်ရန် →

အရေးကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း

“ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ” ဆိုတဲ့ မေးခွန်းကို အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း အပြောခံနေရတယ်။ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့ ထင်ခဲ့တာ။ “မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား” လို့ အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။”မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာ ထပ် စဉ်းစားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်”နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။ […]

ဆက်ဖတ်ရန် →

မျက်နှာများတဲ့လူ

မျက်နှာများတာ ကောင်းသလားလို့ ကျနော် မေးကြည့်ချင်တယ်။ မျက်နှာများတတ်တဲ့ ကာယကံရှင်တွေကတော့ ကောင်းတယ်လို့ ဖြေမလားပဲနော်။ ဒီပြင် အများစုကတော့ ဟင့်အင်း လို့ပဲ ဖြေမယ်ထင်တယ်။ လူတွေ အများစု သိထားတဲ့ မျက်နှာများတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ပွေတယ် ဆိုတာနဲ့ အတူတူပါပဲ။ ပွေတယ် ဆိုမှတော့ ဘယ်ကောင်းပါ့မလဲနော့။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအရ တစ်လင်တစ်မယား စနစ်ပဲ ရှိပါတယ်။ လူတစ်ယောက်က တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ရည်စားတစ်ယောက်တည်း ထားရမယ်လို့ သက်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သာမာန် ယောကျ်ားလေး၊ မိန်းကလေးတွေအနေနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ချစ်သူ၊ ရည်စား တစ်ယောက်တည်း ထားကြတာ များပါတယ်။ တချို့က စောဒက တက်ပါတယ်။ တစ်ယောက်တည်း ထားတာပါပဲ။ ဒါပေမယ့် ချစ်သူကတစ်ယောက်၊ […]

ဆက်ဖတ်ရန် →