PK Portfolio

Category: တွေးစရာ

Sharing critical information

ဇနီးသည် ရေချိုးပြီးလျှင် ပြီးချင်း ခင်ပွန်းသည်ဟာ ရေချိုးဖို့ အခန်းထဲ ဝင်သွားတယ်။ အဲဒီအချိန် လူခေါ် ခေါင်းလောင်း မြည်လာတာကြောင့် ဇနီးသည်ဟာ ခန္ဓာကိုယ်ကို တဘက်နဲ့ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ သူ တံခါးဖွင့်လိုက်တော့ ဟိုဘက်အိမ်က မောင်ဇော်ကို မတ်တပ်ကြီး မြင်လိုက်ရတယ်။ သူ ဘာမှ စ မပြောခင်မှာပဲ မောင်ဇော်က”ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ရင် အခု ပါလာတဲ့ ဒေါ်လာ ၈၀၀ ပေးမယ်”လို့ ကမ်းလှမ်းလိုက်တယ်။ခဏတာ စဉ်းစားလိုက်ပြီး အမျိုးသမီးဟာ ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပြီး ကိုယ်ဗလာနဲ့ မောင်ဇော်အရှေ့မှာ ရပ်နေလိုက်တယ်။ နည်းနည်းကြာမှ မောင်ဇော်က သူ့မှာ ပါလာတဲ့ ဒေါ်လာ ၈၀၀ကို လှမ်းပေးလိုက်ပြီး အိမ်ပြန်သွားတယ်။ အမျိုးသမီးဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက်ပတ်လိုက်ပြီး […]

ဆက်ဖတ်ရန် →

လမ်းပေါ်မှ တရားများ

မနက် ၈ နာရီနဲ့ ညနေ ၆ နာရီ ဝန်းကျင် မန္တလေးမြို့ရဲ့ သိပ္ပံလမ်းမပေါ်မှာ ပြုံခဲအောင် သွားလာနေကြတဲ့ စက်ဘီးတွေ၊ ဆိုင်ကယ်တွေဟာ ကြက်ပျံမကျ များပြားလှတာ မန္တလေး ရောက်ဖူးသူတိုင်း သိပါလိမ့်မယ်။ မန္တလေးမြို့ဟာ လမ်းစုံလမ်းခွ များတဲ့ မြို့တစ်မြို့ ဖြစ်ပေမယ့် မီးပွိုင့် အင်မတန် နည်းပါတယ်။ မီးပွိုင့် နည်းရတဲ့အထဲ တကယ် အလုပ်လုပ်တဲ့ မီးပွိုင့်ဆိုတာ မန္တလေးမြို့မှာ ရှာမှရှားပေါ့။ မီးပွိုင့်မရှိတာနဲ့ အသားကျနေတဲ့ မန်းသူမန်းသားတွေကတော့ မီးပွိုင့်ရှိခြင်းကိုတောင် သတိ မထားမိတော့ပါဘူး။ ရပ်ကြည့်သွား ဆိုတဲ့ ဆောင်ပုဒ်ကို လိုက်နာတဲ့သူ ရှိသလို သွားကြည့်ရပ်ဆိုတဲ့ ခံယူချက်နဲ့ သွားလာနေတဲ့သူလည်း များသား။ တစ်ခါတုန်းက တာဝန်ကျနေတဲ့ သူငယ်ချင်း လမ်းပြပုလိပ်ကို တွေ့တော့ သူ့ကို လှမ်းနောက်ဖူးတယ်။ […]

ဆက်ဖတ်ရန် →

ဖြုန်းတီးခြင်း

အသိပညာ – အသုံးမချခြင်းဖြင့် ဖြုန်းတီးပစ်နေသည်။ကျနော်တို့ တစ်သက်လုံး ပညာတွေ သင်ပြီးရင်း သင်နေကြတယ်။ တချို့လည်း သင်ရင်းနဲ့ သေတော့မယ်၊ ထုတ်မသုံးဖြစ်သေးဘူး။ သူတို့ရဲ့ အဖြစ်က ဦးကပ်စေးနဲ့ တူနေတယ်။ ပိုက်ဆံတော့ ရှာတယ်။ မသုံးရက်ဘူး။ မသုံးဘဲ ရှာခြင်းက အချည်းနှီးပါ။ တစ်သက်လုံးပဲ ကျောင်းတက်စားတော့မလား ဆိုတာ မေးစရာ ဖြစ်နေတယ်။လုပ်အား – သတိလက်လွတ် နေခြင်းဖြင့် ဖြုန်းတီးပစ်နေသည်။တစ်နေ့တာ တစ်နေ့တာ လုပ်ခဲ့သမျှကို ပြန်ဆန်းစစ်ကြည့်ပါ။ ကိုယ် စိတ်ပါလို့ လုပ်လိုက်တဲ့ အလုပ် ဘယ်နှခု ရှိသလဲ။ မစိတ်ပါဘဲ လုပ်လိုက်မိတဲ့ အလုပ်တွေ ဘယ်နှခု ရှိလဲ။ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ စိတ်ခွန်အားတွေ ဖြုန်းတီးချင်တိုင်း ဖြုန်းတီးပြီး သတိလက်လွတ် လုပ်နေမိတဲ့ အလုပ်တွေ […]

ဆက်ဖတ်ရန် →

ကူညီချင်စိတ်

အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်း နေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အား မရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။ သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့ မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင် သူ့သားစီ စာတစ်စောင် ရေးလိုက်တယ်။ ချစ်သား အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလို မလုပ်နိုင်လို့ ကိုယ့်ကိုယ်ကို နားကျည်းမိတယ် သားရယ်။ ဘာလို့လဲဆိုတော့ မင်းမေမေ ဆိုရင် ဒါမျိုး သစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ။ ဒီစိုက်ခင်းမှာ မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် […]

ဆက်ဖတ်ရန် →

တပါးသူအား ကူညီတတ်ခြင်း

တစ်နေ့မှာ ဘုရားသခင်နဲ့ သူတော်စင်တစ်ပါး စကားလက်စုံ ကျကြရင်း သူတော်စင်က ဘုရားသခင်ကို တစ်ခု တောင်းဆိုလိုက်တယ်။”အရှင်ဘုရား နိဗ္ဗာန်နဲ့ ငရဲပြည် ဘယ်လိုကွာသလဲဆိုတာ သိလို မြင်လိုပါတယ်။ တပည့်တော်ကို ပြတော်မူပါ ဘုရား။”ဒါနဲ့ ဘုရားသခင်ဟာ သူတော်စင်ကို တံခါးနှစ်ပေါက်ဆီ ဦးတည်ပြီး ခေါ်သွားတယ်။ တံခါးတစ်ပေါက်ကို ဖွင့်ပြလိုက်တော့ သူတော်စင်က အထဲကို လှမ်းကြည့်လိုက်တယ်။ အခန်းရဲ့ အလယ်မှာ စားပွဲဝိုင်း အကြီးကြီး တစ်လုံး ချထားတယ်။ စားပွဲရဲ့ အလယ်ခေါင်မှာ ရှိတဲ့ ဟင်းအိုး အကြီးကြီးကနေ ခုန်ထွက်လာတဲ့ အမွှေးနံ့ဟာ သူတော်စင်ကိုတောင် မနေနိုင်အောင် သားရေကျတဲ့အထိ ဆွပေးနေတယ်။ စားပွဲ ပတ်ပတ်လည်မှာ ထိုင်နေတဲ့ လူတွေကို ကြည့်လိုက်တော့ ပိန်လီလို့။ နည်းနည်း လှုပ်လိုက်ရင် အထဲက အရိုးတွေ ကန်ထွက်လာမှာတောင် […]

ဆက်ဖတ်ရန် →

အန္တရာယ်နှင့် ရင်ဆိုင်ရသော အခါ …

အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ နီးလာလေလေ ကျနော်တို့အတွက် ရင်ဆိုင်ရဲမယ့် ပြင်ဆင်မှုဟာ အရေးကြီးလေလေပါ။ ဘဲမာမီဟာ သူရဲ့ ဘဲငယ်လေးတွေနဲ့ အတူ ရေကန်မှာ ရေကစားဖို့ ထွက်လာကြတယ်။ ဘဲကလေးတွေကတော့ ပျော်လို့ ပါးလို့။ တဂတ်ဂတ်နဲ့ အော်မြည်းပြီး ဘဲမေမေရဲ့ အနောက်ကနေ ထပ်ကြပ်မကွာ လိုက်နေကြတယ်။ ရေကန်နဲ့ မနီးမဝေး တစ်နေရာ အရောက်မှာ ဘဲမေမေဟာ အန္တရာယ်ကို လှမ်းမြင်လိုက်တယ်။ အေးပေါ့လေ။ သားသမီးတွေ အန္တရာယ်ကင်း ဘေးရှင်းဖို့ ပတ်ဝန်းကျင်ကို အမြဲ အကဲခတ်နေရမှာ မိဘတွေရဲ့ တာဝန်ပဲ မဟုတ်လား။ မြေခွေးတစ်ကောင် မနီးဝေးကနေ ချောင်းနေတာ မြင်လိုက်ရတဲ့ ဘဲမေမေဟာ သူရဲ့ ကလေးတွေကို သတိပေး အချက်ပြလိုက်ပြီး ရေကန်ရှိရာကို အမြန်သွားစေတယ်။ ဘဲငယ်လေးတွေကလည်း အမြန်အမြန် ပြေးကြတော့တာပေါ့။ ဘဲမေမေက […]

ဆက်ဖတ်ရန် →

နှစ်သစ်အတွက် အတွေးလက်ဆောင်

ပေါ့ပေါ့လေးဖတ်ပြီး လေးလေးနက်နက် စဉ်းစားစေချင်တဲ့ စကားတချို့ ရှိပါတယ်။ကျနော်ကတော့ မဖြစ်စလောက် အကြည့်နဲ့ ကြီးကြီးကျယ်ကျယ် မြင်ကြည့်တယ်။ဖွဖွလေး သိလာတော့ ခပ်ပြင်းပြင်း သက်မချမိသွားတယ်။တကယ်တမ်းတော့လည်း နည်းနည်း ရေးပြီး များများတွေးရမယ့် စာတွေပါ။မလုံတလုံ ရေးထားတဲ့ စာကြောင်းတွေကို စေ့စေ့ငှငှ ယူတတ်ပါစေလို့ …..

ဆက်ဖတ်ရန် →

မလျော်မကန် ပြုမူတတ်ခြင်း

ရည်ရွယ်ချက် ။ ။ လူငယ်နဲ့ လူကြီး အကြား (အထူးသဖြင့် မိဘနဲ့ သားသမီး၊ ဆရာနဲ့ ကျောင်းသား အကြား) မှာ ရှိနေတတ်တဲ့ ပဋိပက္ခတွေကို မီးမောင်း ထိုးပြချင်ပါတယ်။ကိုးကား ။ ။ အပြုသဘောဆောင်သော စည်းကမ်း – ဒေါက်တာသိန်းလွင်အပြုအမူတိုင်းရဲ့ နောက်ကွယ်မှာ ယုံကြည်ချက် တစ်ခုစီတော့ ရှိကြပါတယ်။ အများအားဖြင့် လူကြီးတွေက လူငယ်တွေရဲ့ အပြုအမူကိုပဲ ကိုင်တွယ်တတ်ပြီး နောက်ကွယ်မှာ ရှိနေတဲ့ ကလေးရဲ့ ခံယူချက်ကို နားလည်ဖို့ မကြိုးစားမိကြဘူး။ ဘာကြောင့် လုပ်ရသလဲ ဆိုပြီး ဆက်စပ် မစဉ်းစားဘဲ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရင် ကျိုးကြောင်းစီလျော်တဲ့ ရလဒ်တစ်ခု ရလာမှာ မဟုတ်ပါဘူး။ စိတ်အထူးကု ဆရာဝန်ကြီး Rudof Dreikurs က “မဆီမလျော် […]

ဆက်ဖတ်ရန် →

မြဲမြံစွာ ဆုပ်ကိုင်ထားသော …

ပါမောက္ခသည် သူ၏ စာသင်ခန်းထဲသို့ ဖန်ခွက်တစ်ခွက် ကိုင်၍ ဝင်လာသည်။ ဖန်ခွက်ထဲတွင် ရေ တစ်ဝက်ခန့် ထည့်ထားသည်။ ပါမောက္ခသည် ထို ရေခွက်ကို အများ မြင်သာအောင် ကိုင်မြှောက်လိုက်ပြီး မေးခွန်း မေးပါတော့သည်။”ဒီခွက် ဘယ်လောက် လေးမယ်လို့ မင်းတို့ ထင်သလဲကွ””၅၀ ဂရမ်” … “၁၀၀ ဂရမ်” … “၁၂၀ ဂရမ်” …ကျောင်းသားများ၏ ပါးစပ်မှ အဖြေ မျိုးစုံအောင် ထွက်ကျလာတော့သည်။”ဒီခွက်ကို သေချာ မချိန်ကြည့်ဘဲနဲ့တော့ အလေးချိန် ဘယ်သိနိုင်ပါ့မလဲ”ပါမောက္ခ ဆက်ပြောမည့် စကားကို တစ်တန်းလုံး ငြိမ်၍ နားထောင်နေကြသည်။”ဆရာ အဓိက မေးချင်တာက ဒီခွက်ကို မိနစ်ပိုင်းလောက် ကိုင်ထားမယ်ဆိုရင် ဘာဖြစ်မလဲ””ဘာမှ မဖြစ်နိုင်ဘူးဆရာ” ကျောင်းသားတစ်ယောက် အော်ဖြေလိုက်သည်။”အေး … ဒါဆို တစ်နာရီလောက် […]

ဆက်ဖတ်ရန် →

တစ်နာရီ နှစ်ထောင်

–Select Language–MyanmarEnglish အဖေလုပ်သူဟာ အလုပ်ကနေ အိမ်ပြန်လာပြီဆို အမြဲ နောက်ကျပြီး၊ ပင်ပန်းနွမ်းချိနေတော့ သားတစ်ယောက်ရဲ့ တည်ရှိမှုကိုတောင် ဂရုမစိုက်နိုင်အားတော့ဘူး။ တစ်နေ့ သူ့ရဲ့ ငါးနှစ်အရွယ် ရှိတဲ့ သူ့ရဲ့သားက ဧည့်ခန်းမှာ ထိုင်ပြီး အဖေကိုတွေ့ဖို့ စောင့်နေလေရဲ့။ သူ့အဖေကို မြင်တယ်ဆိုရင်ပဲသား ။ ။ ဖေဖေ၊ မေးခွန်းတစ်ခုလောက် မေးလို့ ရမလား။ဖေ ။ ။ ပြောပါသားရယ်၊ မေးလို့ရတာပေါ့။သား ။ ။ ဖေဖေ အခုလို အလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်။ဖေ ။ ။ ကလေးက ကလေးနေရာ မနေဘူး။ ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။ ဘာလို့ ဒီမေးခွန်း မေးရတာလဲ။စိတ်တိုတိုနဲ့ပဲ ဆူငေါက်လိုက်တယ်။သား ။ ။ သား သိချင်လို့ပါ။ […]

ဆက်ဖတ်ရန် →