PK Portfolio

Category: တွေးစရာ

လိမ်တယ် ညာတယ်

ပြီးခဲ့တဲ့ ပို့စ်ထဲမှာ ညာတာနဲ့ လိမ်တာ ပြောရင်းနဲ့ ဒီ ပို့စ်လေးကို ရေးမယ်လို့ မနေ့ကတည်းက ကျိန်းထားတာ။ လိမ်တယ်၊ ညာတယ်၊ ပွေလိမ်ရှုပ်တယ် ဆိုတာကို စဉ်းစားမိတော့ ဖတ်ခဲ့ဖူးတဲ့ စာအုပ် နှစ်အုပ်ကို သွားသတိရတယ်။ ဒါနဲ့ မနက်က အဲဒီ စာအုပ်တွေ ပြန်မွှေရှာလိုက်ပြီး ပြန်ဖတ်လိုက်တယ်။ စာအုပ်က စိတ်ပညာအကြောင်း ရေးထားတာ။ သာမန် အသိပညာ ရှိတဲ့လူတွေ ဖတ်နိုင်အောင် ရေးထားတယ်။ အဲဒီ အထဲမှာ လိမ်တာ ညာတာနဲ့ ပတ်သက်ပြီး ဆောင်းပါး တစ်ပုဒ် အနေနဲ့ ရေးထားတယ်။ အဲဒီ ဆောင်းပါးကို ကျနော် ပြန် ကိုးကားပြီး နည်းနည်းလေး တင်ပြချင်လို့ပါ။ကျနော် ငယ်ငယ်ကတည်းက ကိုယ့်ကို လာညာရင် သိပ်မုန်းပါတယ်။ ဒါပေမယ့် လူ့ဘ၀ […]

ဆက်ဖတ်ရန် →

ငြိုးမာန်ဖွဲ့ ဒေါသ

လောကမှာ ရုပ်ဝတ္ထုတွေ တိုးတက်လာတာနဲ့ အမျှ ပိုင်ဆိုင်ချင်လာတဲ့ လောဘတွေ ဟာလည်း အတော်ကလေးကို တိုးပွားလာကြတယ်။ ပိုင်ဆိုင်မှုတွေ အတွက် အငြင်းပွားလာကြတယ်။ ယုံကြည်မှုတွေ အတွက် အငြင်းပွားလာကြတယ်။ ဒါကလည်း ပိုင်ဆိုင်မှု အတွက်ပဲလေ။ ယုံကြည်မှုဆိုတာ ကိုယ်ပိုင်ဆိုင် ထားတဲ့ အသိတရားလေ။ ကိုယ့်မှာ ရှိနေတာတွေအတွက် စိုးရိမ်တတ်လာတယ်။ ကိုယ့်မှာ မရှိရင်လည်း သောကတွေ ရောက်လာတယ်။ ကိုယ်က လိုချင်တာကိုး။ ကိုယ် မကျေနပ်တဲ့သူမှာ ရှိနေရင် သာ ဆိုးသေး။ ကိုယ် မရှိရင်၊ မရရင် သူများလည်း မရှိစေချင်ဘူး။ မရစေချင်ဘူး။ ဒါနဲ့ပဲ ကုန်းတိုက်တတ်လာကြတယ်။ စိတ်ထဲကနေ မကျေနပ်ရာက လက်တွေ့ဖျက်ဆီးဖို့ ကြိုးစားလာတယ်။ မနောကံ အကုသိုလ်ကနေ ဝစီကံကို ကူးလာတယ်။ မနာလို ဝန်တိုရာကနေ ကုန်းတိုက်လာတယ်။ […]

ဆက်ဖတ်ရန် →

အောင်နိုင်သူသို့ ….

ကဝေမှတ်စု – မင်းခိုက်စိုးစန် စာမျက်နှာ (၁၀၂-၁၁၁) မှ ကောက်နှုတ်ထားသည်။ (ကြိုက်လွန်းလို့ မျှဝေခံစားခြင်းသက်သက်ပါ)အောင်နိုင်သူသည် သူ့စိတ်ကူးအတိုင်း ဖြစ်စေနိုင်သော အခွင့်အရေးကို ရသည်။Conqueror gets a chance to realize his idea.အောင်နိုင်သူဆိုတာဘာလဲ။ ဂျူးလိယက်ဆီဇာတစ်ယောက် အောင်နိုင်သူဖြစ်ဖို့ လူသန်းပေါင်းမည်မျှ သေပေးခဲ့ရ ပါသလဲ။ (ကျွန်တော် မအောင်နိုင်ချင်သော အရာနှစ်ခုရှိပါသည်။ ပထမတစ်ခုမှာ အချစ်ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ စစ်ပွဲဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ခုကို အောင်နိုင်ပြီးလျှင် နောက်ဆက်တွဲလိုက်၍ ပံ့ပိုးရသော ကုန်ကျ စရိတ်မှာ မဆုံးနိုင်အောင် ကုန်ရလွန်းသောကြောင့် ဖြစ်ပါသည်။နောက် … ထပ်မံစဉ်းစားရမည့် အချက်တစ်ချက်မှာ မိမိစိတ်ကူးများ ရုပ်လုံးပေါ်လာဖို့အတွက် ကိုယ်က အောင်နိုင်သူကြီးဖြစ်နေဖို့ အမှန်တကယ် လိုအပ်ပါသလား … ဟူသည့် မေးခွန်းပင်ဖြစ်သည်။ သင်ကော […]

ဆက်ဖတ်ရန် →

ခဲလုံးတစ်လုံး ကောက်ရထားတယ်

နှင်းတွေဖြူဖြူဖွေးပြီး မြူတွေတထောင်းထောင်းထနေတယ်။ အာရုံမရောက်သေးတော့ မိုးကမလင်းတလင်း ဝိုးတိုး ဝါးတားနဲ့။ မြင်ကွင်းက အိပ်မက် မက်နေသလိုပဲ။ ဟုတ်တာပေါ့၊ ငါခုနတုန်းက အိပ်နေတာလေ။ သေချာပါပြီ၊ ဒါအိပ်မက်ပဲ။ ဟော ဟိုးအရှေ့က လှုပ်တုတ် လှုပ်တုတ်နဲ့ ရှည်ရှည်ကြီးတစ်ခု ရွေ့လာနေတယ်။ သြော် .. လူကြီးပဲ။ အင်္ကျီအဖြူနဲ့ ဆိုတော့အလှူခံများလားမသိဘူး။ အိပ်မက်ထဲအထိတော့ လိုက်အလှူမခံလောက်ပါ ဘူး။ ဒါမှမဟုတ် ပုံပြင်ထဲကလို ဝတ်ဖြူစင်ကြယ်နဲ့ သူတော်ကောင်းကြီး၊ တစ်ခုခုပေးမလို့နေမှာ။ သွားတောင်း ဦးမှ။`အဘ၊ မနက်ကြီး မိုးမလင်းသေးဘူး၊ မမြင်မစမ်းနဲ့ အဘ ဘယ်သွားမလို့လဲ။´`မင်းဆီလာတာပဲ ငါ့မြေးရဲ့။´`ဗျာ၊ အဘက ကျွန်တော့ကို ဘာပေးမလို့တုန်း။´`ဟေ၊ ငါ့မြေးက မင်းဆီတစ်ခုခုလာပေးမှာ ဘယ်လိုလုပ်သိသလဲ။´`သြော်၊ ဒါကတော့ အဘရယ်၊ ပုံပြင်တွေထဲမှာ ဒီလိုပဲ ဝတ်ဖြူကြီးနဲ့ လူတွေကို တစ်ခုမဟုတ် တစ်ခုလိုက် […]

ဆက်ဖတ်ရန် →