PK Portfolio

Category: တွေးစရာ

ပညာရေး ရှုမြင်ကွင်း (၁)

နိုင်ငံတကာမှာ လူမျိုးတိုင်း၊ လူမျိုးတိုင်းဟာ ပညာရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အားလုံး အသိအမှတ် ပြုကြပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်ဖြစ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ ရေရှည်တိုးတက် ဖွံ့ဖြိုးရေးဟာ ပြည်သူတွေရဲ့ ပညာရေး အဆင့်အတန်းပေါ်မှာ တည်မှီနေတယ်လို့ လူတိုင်း လက်ခံထားကြတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံ လူတန်းစား အားလုံး တပြိုင်နက် အတည်ပြုထားတဲ့ ယူဆချက်လည်း ဖြစ်ပါတယ်။ ဒီမှာ ပြည်သူဆိုတာ တိုင်းပြည်တစ်ပြည်အတွင်း မှီတင်းနေထိုင်တဲ့သူ အားလုံးကို ဆိုလိုပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ပညာရေးကဏ္ဍမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံထားသလဲ ဆိုတာနဲ့ ဘယ်လို စီမံချက်ချပြီး အကောင်အထည် ဖော်နေသလဲ ဆိုတာကို ကြည့်ပြီး အဲဒီ နိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်းကြတယ်။ အမေရိကန်နိုင်ငံဟာ […]

ဆက်ဖတ်ရန် →

မိမိကိုယ်ကို အလွဲသုံးစားလုပ်ခြင်း

ကျွန်တော်တို့တတွေဟာ ဘဝဆိုတာကို စတင်ပိုင်ဆိုင်ရကတည်းက နောက်ဆုံး စွန့်လွှတ်ရတဲ့အချိန်အထိ စက္ကန့်မပြတ် အလုပ်တွေ လုပ်နေကြရတယ်။ အလုပ်တွေ၊ အလုပ်တွေ။ စက္ကန့်တိုင်း ပြတ်တယ်ရယ်လို့ တကယ်ကို မရှိခဲ့ပါဘူး။ သေချာပြန်စဉ်းစားကြည့်တော့ ဘဝတစ်ခုရဲ့ အစအဦးဆုံး လုပ်ခဲ့ရတဲ့အလုပ် ဘာဖြစ်မလဲ။ ဘဝတစ်ခုဆိုတာ မိခင်ဝမ်းတွင်းကနေ အပြင်ရောက်တဲ့ အချိန်ကို စ ရေမယ်ပေါ့ဗျာ။ ကျွန်တော်တို့ ပထမဆုံး ဘာလုပ်ခဲ့သလဲ။ ကိုယ်ကိုယ်တိုင် ပထမဆုံး စလုပ်တဲ့ အလုပ်ကတော့ အသက်ရှူခြင်းပဲ ဖြစ်မယ်ထင်တယ်။ ဒါဆို ဘဝရဲ့ နိဂုံး နောက်ဆုံးမှာကော ဘာနဲ့ အဆုံးသတ်ကြမလဲ။ ဒါလည်း အသက်ရှူခြင်းပဲ ဖြစ်လိမ့်မယ်။ ဒါဆို အသက်ရှူတာနဲ့ စပြီး အသက်ရှူတာနဲ့ပဲ အဆုံးသတ်ရမယ့် ကျွန်တော်ဘဝတို့ရဲ့ ကြားကာလတွေမှာ အသက်ရှူကြရမှာတော့ တူညီနေကြပေမယ့်၊ အသက်ရှူရင်း ဘာတွေလုပ်ကြသလဲ ဆိုတာက […]

ဆက်ဖတ်ရန် →

ကပ်ပါပေ့ မြို့စားရယ် (၅)

အရှင်၊ ဖမ်းမိထားတဲ့ သူခိုးတစ်ယောက်ကို ကျွနု်ပ် ဘယ်လို စီရင်ပြီး ကျွန်ုပ်ရဲ့ ဝါဒအတွက် အထောက်အကူ ယူခဲ့တယ်လို့ အသင် ထင်ပါသလဲ။ အဲဒီ သူခိုးကို ဒဏ်ရာမပေါ်အောင် အရိုက်ခိုင်းပြီး အသက် ဘယ်က ထွက်လာလိမ့်မလဲလို့ ကျွန်ုပ်တို့ ဝိုင်းကြည့်ကြတယ်။ အဲဒီလူ အသက်ထွက်ခါနီးလောက်ပြီ ဆိုရင် ပက်လက် အလှန်ခိုင်းပြီး အသက်ထွက်ရာကို စောင့်ကြည့်ကြပေမယ့် တစ်ယောက်မှ မမြင်ပါ။ အဲဒီနောက် သူ့ကို မှောက်ခိုင်းပြီး ရိုက်တယ်။ ဘေးစောင်းထားပြီး ထုတယ်။ ဇောက်ထိုးဆွဲပြီး နှက်တယ်။ ဒဏ်ရာမပေါ်အောင် အမျိုးမျိုး နှိပ်စက်ပြီး အသက်ထွက်မှာကို ဂရုတစိုက် စောင့်ကြည့်ခဲ့ကြတယ်။ ကျွနု်ပ်လိုပဲ အသက်ထွက်သွားတာကို ဘယ်သူမှ မမြင်လိုက်ရ။ သူကတော့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ချက်အောက်မှာ တုတ်တုတ်မျှတောင် လှုပ်ဖော်မရတော့။ မျက်စိရှိပေမယ့်လည်း မမြင်နိုင်တော့။ […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၇)

လူတစ်ယောက်ကို မေ့ဖို့ တမင်သက်သက် လုပ်ယူနေရသရွေ့ နှစ်ဆတိုးတဲ့ နှုန်းနဲ့ တိုးတိုးပြီး သတိရနေတတ်တယ်။ မေ့ဖို့ ကြိုးစားလေလေ မေ့မရလေပေါ့။ မမေ့လို့ အသားကို နာအောင် လုပ်မိခါမှ အသားနာတိုင်း သတိရနေမိတော့တယ်။ တကယ်တမ်း ကျနော် မန္တလေး ပြန်ရောက်ကတည်းက သူနဲ့ ကျနော် ဖုန်းအဆက်အသွယ်က လွဲလို့ ဘာမှ မရှိတော့ဘူး။ တစ်ခါတလေ သူက ဖုန်းဆက်လာတတ်တယ်။ အင်မတန် နည်းပါတယ်။ တစ်ခါတလေတော့ ကျနော် ခေါ်တယ်။ နှစ်ယောက်စလုံးကို အပြန်အလှန် ခင်တဲ့ သူငယ်ချင်းလည်း မရှိလေတော့ ကျနော် သူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဖုန်းဆက်မှ သိရတယ်။ အဲဒီလိုပါပဲ သူလည်း ကျနော်နဲ့ ပတ်သက်လို့ ဖုန်းအဆက်အသွယ် မရရင် ဘာမှ ကြားရမှာ မဟုတ်တော့ဘူး။ […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၆)

သေနတ်ကို ကျည်အပြည့်နဲ့ ချိန်ထားပြီးခါမှ မပစ်ရတော့တဲ့ ဖီလင်၊ မေတ္တာကို ခူးဆွတ်ဖို့ ခြင်းတောင်း အသင့်နဲ့ လက်လှမ်းပြီးခါမှ ပြန်ရုပ်လိုက်ရတဲ့ ဖီလင်၊ ပါးစပ်ထဲကို လှမ်းထည့်လိုက်တဲ့ မုန့်တစ်တုံး ချော်ပြီး မြေကြီးပေါ် ကျသွားလို့ ခံစားလိုက်ရတာတွေဟာ အတူတူပဲ နှိုင်းယှဉ်လို့ ရပါ့မလား။ အဲဒီ ကတိကို ပေးလိုက်တဲ့ အချိန်မှာ ကျနော် မြင်ယောင်မိတာ တစ်ယောက်တည်း။ အဲဒါ အမေပါ။ ဖုန်းချပြီးတော့မှ ဆက်တိုက်ဆိုသလို လူတွေ အများကြီး တစ်ယောက်ပြီးတစ်ယောက် မြင်ယောင်လာပြီး အတွေးတွေ အားလုံး ထွေနေတော့တယ်။ ပထမဆုံး တွေးလိုက်မိတာက သူ့အကြောင်း။ ဟုတ်တယ်။ အိစုအကြောင်းပါ။ ကျနော် ဘာဆက်လုပ်ရမလဲ ဆိုတာ ဆက်စပ် တွေးလိုက်တဲ့အခါမှာ မျက်နှာပူလာတယ်။ မျက်လုံးထဲမှာ ဝိုင်းလှော်ပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၅)

တံခါးခေါက်သံများ ခေါင်းစဉ်နဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်က (၁)၊ (၂)၊ (၃)၊ (၄) ဆိုပြီး အပိုင်း(လေး) အထိ ရေးပြီး ဆက်မရေးဖြစ်တော့ဘူး။ ကျနော့်ဘဝရဲ့ ကောက်ကြောင်းတချို့ကို ချရေးတာဆိုတော့ အပိုင်းတွေ အများကြီး အများကြီး ထပ်ရေးလို့ ရနေသေးတာပေါ့။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ အတော်ကို ကြွေကျလုမတက် ဆွေးမြေ့လာတယ်။ ဖတ်နေတဲ့လူတော့ မပြောတတ်ဘူး။ အေးပေါ့လေ။ ကျနော်က တကယ် အဖြစ်မှန်နဲ့ ကြုံတွေ့ခဲ့ရတဲ့ သူဆိုတော့ ပြန်တွေးမိတိုင်း အဟောင်းတွေ အသစ်အသစ် ဖြစ်ဖြစ်လာတာတော့ အမှန်ပဲ။ ဒီ အပိုင်း (၅) ကို ဆက်ရေးရတော့မယ် ဆိုရင် ပိုပြီးတော့ကို စိတ်ထိခိုက်စေမယ့် လူတစ်ယောက်အကြောင်း ဖြစ်နေလို့ ကျနော် လွန်ခဲ့တဲ့ ခြောက်လကတည်းက ရေးဖို့ လက်တွန့်ခဲ့တယ်။ တံခါးခေါက်သံများ […]

ဆက်ဖတ်ရန် →

ကပ်ပါပေ့ မြို့စားရယ် (၄)

ရှင်ကုမာရကဿပရဲ့ ခွင့်ပြုချက်ကို ရလျှင်ရချင်း ပြုံးနေတဲ့ မျက်နှာထား၊ တွေ့ကြသေးတာပေါ့ ဆိုတဲ့ စိတ်အကြံနဲ့ သူရဲ့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ လက်တွေ့ သာဓက တစ်ခုကို တင်လျှောက်ပါတော့တယ်။အိုအရှင် … တစ်နေ့မှာ အကျွနု်ပ်ရဲ့ မင်းမှုထမ်းတွေက သူခိုးတစ်ယောက် ဖမ်းမိလို့ ကျွနု်ပ်ဆီ လာအပ်ကြတယ်။ ဘယ်လို စီရင်ချက် ချမလဲလို့လည်း အမိန့် တောင်းခံလာတယ်။ အဲဒီလို တောင်းခံနေတုန်း ခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ ငါရဲ့ ဝါဒ ခိုင်မာမှုအတွက် ဒီလူကို အသုံးချပြီး အမြတ်ထုတ်ရင် ကောင်းမှာပါပဲလို့ စိတ်ကူးရလိုက်တယ်။ ဒါနဲ့ မင်းချင်းတွေကို ဒီလို အမိန့် ချမှတ်ပေးခဲ့တယ်။ အဲဒီ သူခိုးကို အရှင်လတ်လတ် မြေအိုးကြီး တစ်လုံးမှာ ထည့်ပြီး အိုးဝကို အလုံပိတ်ခိုင်းထားတယ်။ နောက်ပြီး […]

ဆက်ဖတ်ရန် →

ကောက်ချက်

တစ်ချိန်တုန်းက ပုံပြောဆရာတစ်ယောက် ရှိခဲ့ဖူးတယ်။ အဲဒီ ပုံပြောဆရာဟာ တစ်နေ့တစ်နေ့ ဒီပုံပြင် အဟောင်းတွေပဲ ပြောပြီး တစ်ဝဲဝဲလည်နေတော့ စိတ်ပျက် ငြီးငွေ့လာတယ်။ ဒါနဲ့ တစ်ထောင့်တစ်ည အိပ်ယာဝင် ပုံပြင်တွေကို ဆက်ပြောနေမယ့်အစား တကယ့် လက်တွေ့ကျမယ့် ဘဝရဲ့ ဇာတ်လမ်း အစစ်အမှန်တွေကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ သူရဲ့ အရင်နေတဲ့ အိမ်ကနေ ထွက်လာပြီး သူရဲ့ ဇာတ်လမ်း ရှာပုံတော် ခရီးစဉ်ကြီး စတင်တော့တယ်။ဒီလိုနဲ့ သူ ရွာတစ်ရွာကို ရောက်သွားတော့ အဲဒီ ရွာမှာ တဲအိမ်လေးတစ်လုံး ငှားနေတော့တယ်။ ဒီလိုနဲ့ ရွာထဲကို မွှေနှောက် လျှောက်သွားပြီး ကုန်ကြမ်းဇာတ်လမ်းတွေ ရလိုရငှား လှည့်ပတ်နေတော့တယ်။ အချိန်က လချီပြီး ကြာလာပေမယ့် သူလိုချင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းက မတွေ့တော့ […]

ဆက်ဖတ်ရန် →

ကပ်ပါပေ့ မြို့စားရယ် (၃)

“ဒီလိုပါ အရှင် …”ဆိုတဲ့ မြို့စားကြီးရဲ့ အသံ ထွက်လာတာနဲ့ ကျွတ်စိကျွတ်စိ ဖြစ်နေတဲ့ ပရိသတ်ရဲ့ အသံဟာ အလိုအလျောက် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတယ်။ ဒီလူကြီး ဘယ်လိုများ ကပ်ဦးမှာလဲမသိ ဆိုတဲ့ မျက်နှာပေးနဲ့ မလိုသူ ရွာသားတွေရဲ့ အကြည့်၊ ငါတို့ မြို့စားကြီး ဘယ်လိုများ အပိုင်ဂိုးကို ရှူးဦးမလဲဟ ဆိုတဲ့ မျှော်လင့်ချက်နဲ့ အလိုတော်ရိတွေက တစ်မျိုးပေါ့။ အားလုံးရဲ့ အမြင်အာရုံဟာ မြို့စားကြီးရဲ့ နှုတ်ခမ်းဖျားလေးမှာ ကျက်စားနေကြတယ်။ တည်ငြိမ်တဲ့ အသွင်၊ အေးချမ်းတဲ့ မျက်နှာထားနဲ့ ကုမာရ ကဿပ မထေရ်ကတော့ မျက်လွှာလေး အသာချပြီး နောက်ထပ် ထွက်ကျလာမယ့် စကားလုံးတွေကို အိန္ဒြေရရ ငံ့လင့်နေလေရဲ့။ အားလုံးရဲ့ အကြည့်တွေကို ထိုးဖောက်ပြီး ထွက်လာတာကတော့”သီလ၊ သမာဓိ၊ အကျင့်သိက္ခာနဲ့ […]

ဆက်ဖတ်ရန် →

ကပ်ပါပေ့ မြို့စားရယ် (၂)

အဲဒီနေ့မှာ သေတဗျမြို့ တစ်မြို့လုံး နံနက် မိုးလေး လင်းတာနဲ့ ကျွက်ကျွက်ညံနေလေရဲ့။ ဟိုနေရာလည်း ရုံးစုရုံးစု ဒီနေရာလည်း ရုံးစုရုံးစုနဲ့ လူတွေ ဟိုနားတစ်အုပ်၊ ဒီနားတစ်အုပ် စုပြီး ကျွတ်ထိုးနေကြတယ်။ နောက်တော့ လူစုလိုက်ကြီး မြောက်စူးစူးကို အကုန် ဦးတည်သွားနေကြတယ်။ ဦးတည်ဆို မြောက်ဘက်စူးစူးက ယင်းတိုက်တောထဲမှာ ရဟန္တာတစ်ပါးဟာ နောက်ပါ ရဟန်း (၅၀၀) နဲ့အတူ ရောက်ရှိနေတယ်လို့ သတင်းကြားကြလို့ပါပဲ။ မဇ္ဈိမဒေသမှာ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူပြီလို့ သတင်းကြားကတည်းက နာမည်သတင်း မွှေးလာခဲ့တဲ့ ဗုဒ္ဓသားတော် ရဟန်းသံဃာတွေရဲ့ ဂုဏ်သတင်းကြောင့် မြို့ရွာအသီးသီးက လူတွေဟာ ဖူးချင် တွေ့ချင် မြင်ချင်နေကြတာ တစ်ပိုင်းကို သေလို့။ အခု တကယ် ကြွလာပြီ ဆိုတော့ ရတဲ့အခွင့်အရေး ဘယ်လက်လွှတ်ခံကြမလဲ။ အပြေးအလွှားကို သွားဖူးဖို့ […]

ဆက်ဖတ်ရန် →