PK Portfolio

Category: ခရီးသွားမှတ်တမ်း

အရှေ့သို့လားသော် (၃)

ပြီးခဲ့ပို့စ် အပိုင်း (၂) မှာ လေးရောင်ခြယ် အဝေးပြေး လမ်းမကြီးအကြောင်း ရှင်းပြခဲ့ပေမယ့် အနက်ရောင်ကုန်စည်ကို ကျနော် မပြောဘဲ တမင် ချန်ထားခဲ့တယ်။ အဲဒီ အနက်ရောင် ကုန်စည်ဟာ ဘာလဲ ဆိုတာ ကျနော့်ကို မေးတုန်းကလည်း ကျနော် မဖြေနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော်လည်း လက်စားချေတဲ့အနေနဲ့ ပြန်မေးကြည့်တာ ;P ။ အစိမ်းရောင်က ကျောက်စိမ်းကို ကိုယ်စားပြုတယ်။ အဝါရောင်က ရွှေကို ကိုယ်စားပြုတယ်။ အဖြူရောင်က ဘိန်းဖြူကို ကိုယ်စားပြုပြီး အနက်ရောက်ကတော့ တရားမဝင် ကုန်စည်တစ်ခုကို ကိုယ်စားပြုနေပြန်တယ်။ အဲဒီ ပစ္စည်းက မြန်မာနိုင်ငံအနေနဲ့ သွင်းခွင့် မပြုတဲ့အပြင် အများပြည်သူတွေ အနေနဲ့လည်း သုံးစွဲခွင့် မပြုပြန်ဘူး။ ဒါပေမယ့် အစိုးရအနေနဲ့ လူတန်းစားတစ်ရပ်ကို တရားဝင် ခွင့်ပြုထားပြန်တယ်။ […]

Continue reading →

အရှေ့သို့လားသော် (၂)

အပိုင်း (၁) မဖတ်ရသေးသူများ အတွက် ဒီမှာ ကလစ်နှိပ်ပြီး ဖတ်ပါ။လေယာဉ်လက်မှတ်အတွက် စီစဉ်ပြီးပြီ ဆိုတော့ လုပ်စရာ နှစ်ခု ကျန်နေတာက VISA နဲ့ D-Form လျှောက်ဖို့ပါ။ D-Form က အခု အွန်လိုင်း D-Form ဆိုတော့ အရင်ထပ် အများကြီး လွယ်ကူသွားပါပြီ။ တစ်ခါတစ်လေ D-Form က အချိန်ကြာတတ်တော့ ကျနော်တို့အနေနဲ့ VISA ကို အရင်မလုပ်ဘဲ D-Form ကို လျှောက်လိုက်ပါတယ်။ D-Form ထဲမှာ VISA No ဆိုတာ ထည့်ဖို့နေရာ ပါပေမယ့် မထည့်ဘဲလည်း ရပါတယ်။ အဲတော့ ကျနော်တို့ VISA မရသေးဘဲ D-Form အရင် လျှောက်လိုက်တော့တယ်။ D-Form Program က […]

Continue reading →

အရှေ့သို့လားသော်

ကျနော် ဒီခရီးကို စ မထွက်ခင်ကတည်းက မှတ်တမ်း ရေးမယ် မရေးဘူး စဉ်းစားနေမိတယ်။ နောက် ပြန်စဉ်းစားကြည့်တော့ တစ်လနီးပါးလောက် ဘလော့ဂ်မရေးဘဲ ပျောက်နေတာ၊ ဒီကာလတွေအတွင်း ပို့စ်အနေနဲ့ ဘလော့ဂ်ပေါ် မရောက်တောင် အတွေးတွေ၊ ကုန်ကြမ်းတွေ အနေနဲ့ ရှိနေသင့်တယ်၊ အနည်းဆုံး သိသလောက် ပြန်ပြီး ဝေမျှသင့်တယ်လို့ ယူဆမိတာကြောင့် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ပြီး အင်ဖော်မေးရှင်း ခေတ်ကြီးမှာ သတင်းနဲ့ လုပ်စားနေကြတဲ့ သူတွေ အများကြီး ရှိနေကြပေမယ့် ကိုယ့်နိုင်ငံသား အချင်းချင်း လုပ်စားတာ မဟုတ်ဘဲ ဝေမျှနိုင်ရင် ပိုကောင်းမယ်လို့ ခံယူမိတာကြောင့် ခရီးသွား မှတ်တမ်း တစ်ပုဒ် အနေနဲ့ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီ ခရီးသွား မှတ်တမ်းကို မရေးခင်မှာ နိဒါန်းအနေနဲ့ ပြောစရာ ရှိပါတယ်။ […]

Continue reading →

ကျိုက်ထီးရိုးသွား တောလား …..

၂၆ရက် အောက်တိုဘာလ ၂၀၀၇။ ည ၁၀း၁၅ လက်မှတ်ဝယ်ထားတဲ့ကားက ည ၉း၃၀ မှာ စထွက်မယ်လို့ ပြောထားပေမယ့် အခုမှထွက်ဖြစ်တယ်။တစ်လမ်းလုံး သီချင်းနားထောင် ဗီဒီယိုကားကြည့်ရင်းနဲ့ပဲ အချိန်ကုန်သွားတယ်။၂၇ရက် အောက်တိုဘာလ ၂၀၀၇။ နံနက် ၄ နာရီလောက်ကျိုက်ထီးရိုးတောင်တက်လမ်း တောင်ခြေဖြစ်တဲ့ ကင်ပွန်းစခန်းကို ရောက်ပါတယ်။ ထမင်းဆိုင်တစ်ဆိုင်မှာ ရပ်ပေးတော့ အဲဒီဆိုင်မှာရှိတဲ့ ကွတ်ပစ်မှာ တစ်ရေးအိပ်ခွင့်ရတယ်။နံနက် ၆ နာရီကားမောင်းသံ၊ ခရီးသည်ခေါ်သံ ကြားရတော့ လန့်နိုးလာတယ်။ တောင်တက်ကားပေါ်တက်ဖို့ ပြင်ဆင်နေကြပြီ။ ကျနော်တို့ကတော့ ကွေးကောင်းတုန်း။ ဒါနဲ့ မျက်နှာသစ်၊ နံနက်စာစားပြီး တောင်ပေါ်တက်မယ့်ကားရှိရာ ကားဝင်းကို ရောက်လာခဲ့တယ်။ နံနက် ၇ နာရီဒီလို ကားမျိုးတွေနဲ့ တောင်ပေါ်တက်ကြရတယ်လေ။ ကားနောက်ခန်းမှာ လူထိုင်ဖို့ တန်းလေးတွေ လုပ်ပေးထားတယ်။ ရန်ကုန်မှာလိုပဲ တစ်တန်းကို ၆ […]

Continue reading →

ရက္ခပူရသို့ တစ်ခေါက် – ကိုးသောင်းပုထိုးတော်ကြီး

ကိုးသောင်းပုထိုးတော်ကြီးက မြောက်ဦးနန်းတော်ရဲ့ အရှေ့ဘက် တစ်မိုင်ခွဲလောက်အကွာ ရွာဟောင်းတောသွားလမ်းအနီးမှာ တည်ရှိတယ်။ သျှစ်သောင်းပုထိုးတော်ကြီးကို တည်ခဲ့တဲ့ ဒါယကာ မင်းဗာဘုရင်ရဲ့ သားတော်ကြီး မင်းတိက္ခာခေါ် မင်းဒီဃာ နဲ့ မိဖုရားစောသန္တာဒေဝီတို့က ကောဇာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃) မှာ ဘုရားဆူရေ ကိုးသောင်းကိုဌာပနာပြီး တည်ထားခဲ့တာပါ။ မင်းတိက္ခာဟာ ဘုရားမတည်၊ ဗုဒ္ဓမကူ မလုပ်ခဲ့ရင် ခြောက်လအတွင်း သေ (နတ်ရွာစံ) မယ်လို့ ပုဏ္ဏားတွေက ဟောတော့ ဒီဘုရားကိုတည်ပြီး နန်းသက်သုံးနှစ်အထိ ရှည်ခဲ့တယ်လို့ ယုံကြည်ကြတယ်။ အနောက်ဘက်မျက်နှာရဲ့ အောက်ခြေက ပေ ၂၅၀ လောက်ရှိတယ်။ တောင်ဘက်နဲ့မြောက်ဘက် အောက်ခြေက ပေ ၂၃၀ ရှိတယ်။ အရှေ့ဘက်မျက်နှာရဲ့ အောက်ခြေက ၇၇ ပေ ရှိတယ်။ အောက်ခြေ ဖိနပ်တော်ကနေ ၅ […]

Continue reading →