PK Portfolio

Category: မြန်မာ့အကြောင်း

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် – ကျမြီး

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် (ဘာသာပြန်သူ ကျမြီး) စာအုပ်က မဂ္ဂဇင်းဆိုဒ် စာမျက်နှာ ၆၀၀ ကျော်ပါတဲ့ စာအုပ်အထူကြီးဆိုတော့ အတော်လေး ဖတ်ယူခဲ့ရတယ်။ စာအုပ်ရဲ့ မူရင်းစာရေးသူက ဆာ ဝီလီယံ ဆလင်း။ သူက ၁၉၄၂ ခု အင်္ဂလိပ်တပ်တွေ မြန်မာပြည်ကနေ အိန္ဒိယပြည်ထဲ ဆုတ်ခွာတော့ သူက ဦးစီးခဲ့ရတယ်။ နောက်ပြီး ၁၉၄၄ ခုကနေ စပြီး မြန်မာပြည်ကို ပြန်သိမ်းတော့လည်း Burma Campaign ရဲ့ စစ်သေနာပတိအနေနဲ့ ဦးဆောင်ပြီး သိမ်းခဲ့တာဆိုတော့ ဒီစာအုပ်က သူရဲ့ မြန်မာပြည်စစ်မှတ်တမ်းလို့ ပြောလို့ရတယ်။ ဒီစာအုပ် မဖတ်ခင်က သိချင်နေခဲ့တဲ့ အချက်တချို့ ရှိခဲ့တယ်။ ၁၉၄၂ ခုနှစ်လောက်မှာ ဗြိတိသျှဟာ ပြိုင်ဘက်မရှိ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတစ်နိုင်ငံအနေနဲ့ ရပ်တည်နေနိုင်တုန်းပဲ။ (အဲဒီအချိန်မှာ […]

Continue reading →

မြန်မာတို့၏ အချိန်ဝေါဟာရများ

ယနေ့ခေတ်လို နာရီတွေ တွင်တွင်ကြီး မသုံးခင်ကတည်းက မြန်မာလူမျိုးတွေမှာ အချိန်နဲ့ ပတ်သက်ပြီး ဝေါဟာရတွေ ရှိနေခဲ့ပြီးသားပါ။ စက်နာရီတွေ သုံးလာတဲ့ ဒီဘက်ခေတ် ရောက်တဲ့အထိကိုပဲ ဝေါဟာရတချို့ဟာ ဆက်လက် ရှင်သန်နေဆဲပဲ။ ဥပမာ – အရုဏ်တက်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ ညနေစောင်း၊ ညချမ်း၊ သန်းခေါင်။ ဒီဝေါဟာရတွေကို ဒေသအသီးသီးမှာ သုံးစွဲနေကြတုန်းပါ။ ဒါပေမယ့် ဝေါဟာရတွေကို သုံးသာ သုံးနေကြတယ်။ အဓိပ္ပါယ်သက်မှတ်ချက်ကို အတိအကျ သိလားဆိုတော့ မသိတဲ့သူက အများသား။ ဥပမာဗျာ၊ မွန်းတည့်ဆိုတာ နေ့ ၁၂ နာရီလို့ လူသိများပေမယ့် ညနေစောင်း လို့ ပြောရင် ဇဝေဇဝါ ဖြစ်ကြရတယ်။ ညနေ ၄ နာရီလား၊ ၅ နာရီလား မသိသူက ခက်များများ။ ဒါကြောင့် […]

Continue reading →

မြန်မာ့ရာဇဝင်မှ သာသနာဖျက် မင်းများ (၁)

မြန်မာနိုင်ငံတော်ရယ်လို့ ဖြစ်လာတဲ့ ပုဂံခေတ်ကနေ စပြီး ဗုဒ္ဓဘာသာ နိုင်ငံပါလို့ လက်မ ထောင်ခဲ့ကြတယ်။ ခေတ်အဆက်ဆက် မင်းအဆက်ဆက် ဗုဒ္ဓဘာသာမင်းတွေ ဖြစ်ကြပြီး ဗုဒ္ဓဘာသာကို အထူး ဦးစားပေး ကိုးကွယ်လာခဲ့ကြတာ မြန်မာတွေ အားလုံး အသိပါပဲ။ ဗုဒ္ဓဘာသာ ဆိုတာထက် အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာပေါ့။ ပုဂံခေတ်ကမှ မဟုတ်ပါဘူး ပုဂံခေတ်ထက် စောတဲ့ ပျူခေတ် ရာမညခေတ်၊ (မွန်မင်းဆက်)၊ ရခိုင်မင်းဆက်၊ စော်ဘွားအဆက်ဆက် တွေမှာလည်း ဗုဒ္ဓဘာသာကိုပဲ အများဆုံး ကိုးကွယ်ခဲ့ကြတာပါပဲ။ ဒါပေမယ့် မဟာယနနဲ့ ဗြဟ္မဏဝါဒတွေလည်း ပြန့်နှံ့နေတာပါ။ အရည်းကြီးဝါဒ နဲ့ နတ်ကိုးကွယ်မှုတွေလည်း ရှိတော့ ရှိကြတယ်။ ဒါပေမယ့် တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေ ကိုယ်နှိုက်က ဗုဒ္ဓဘာသာပါလို့ ခံယူကြတော့ ဗုဒ္ဓဘာသာက ခေတ်အဆက်ဆက် ပိုပြီး […]

Continue reading →

(၄) နှစ်ပြည့် ဧရာဝတီအလွမ်း

ကျနော်တို့ ဒုတိယကမ္ဘာစစ်ကို မမီလိုက်ပါ။ ကျနော်တို့ မျိုးဆက်မှာ ကံကောင်းသည်ဟု ပြောရမည်။ ဖက်ဆစ်တော်လှန်ရေး စစ်ကို မမီခဲ့သလို၊ ပြည်တွင်းစစ်နဲ့လည်း မကြုံခဲ့ပါ။ နယ်စပ်မှာ နေတာမဟုတ်တော့ နယ်စပ်မှာ ဖြစ်တဲ့ မဲသဝေါလို၊ အခုနောက်ပိုင်း ဖြစ်တဲ့ နယ်စပ်စစ်ပွဲတွေကိုလည်း မမြင်မတွေ့ဖူးပါ။ ဒါပေမယ့် နိုင်ငံခြားရုပ်ရှင်တွေ ကြည့်ရတော့ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို မြင်ဖူးနေတယ်။ စာတွေထဲမှာ လူတွေ ဘယ်လောက် ဒုက္ခရောက်တယ်လို့ သင်ရတော့ စစ်ပွဲဆိုတာကို စက်ဆုပ်ရွံမုန်းမိတယ်။ အဲဒီ စစ်ပွဲတွေကြောင့် မဖြစ်ခင်မှာလည်း လူသားတွေ ကြောက်ရွံ့စိတ်နဲ့ စိတ်ဆင်းရဲရ၊ ဖြစ်နေတုန်းမှာလည်း ပြေးရလွှားရနဲ့ စိတ်ဆင်းရဲရ၊ ဖြစ်ပြီးသွားတဲ့အခါမှာလည်း စစ်ပွဲရဲ့ အကြွင်းအကျန် အနိဋ္ဌာရုံတွေနဲ့ စိတ်ဆင်းရဲရ။ ကိုယ်ရော၊ စိတ်ပါ နလန်ထူဖို့ကို အတော်လေး အချိန်ပေးရလိမ့်မယ်။ အဲဒီလို စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ကျနော်တို့ မျိုးဆက်ဟာ မမီလိုက်ရပေမယ့် သဘာဝကြီးက ဆင်နွှဲသွားတဲ့ စစ်ပွဲကြီးတစ်ပွဲကိုတော့ ကျနော်တို့ မြင်လိုက်ရဖူးတယ်။ ကြုံလိုက်ရဖူးတယ်။ ခံစားလိုက်ရဖူးပါတယ်။ အဲဒီ […]

Continue reading →

ပညာရေး ရှုမြင်ကွင်း (၃)

“အရွယ်ရောက်နေတဲ့ သားသမီးတွေကို အိမ်ပြန်လာခွင့်ပေးတဲ့ သတ္တဝါဆိုလို့ လောကမှာ လူ တစ်မျိုးပဲ ရှိတယ်။“ ဆိုတဲ့ နိုင်ငံခြား အဆိုအမိန့်လေးတစ်ခု ကျနော် ဖတ်ဖူးတယ်။ ဒါက ဘာကို အဓိက ရည်ညွှန်းချင်သလဲ ဆိုတော့ လူတွေမှာ ရှိတဲ့ မိဘရဲ့ မေတ္တာပေါ့။ မိဘရဲ့ မေတ္တာ ကြီးမားပုံ၊ အကန့်အသတ်မဲ့ပုံကို တခြား သတ္တဝါတွေနဲ့ နှိုင်းပြလိုက်တယ်လို့ နားလည်မိတယ်။ ကျနော့အနေနဲ့ ပြောရရင် မိဘမေတ္တာ အင်မတန်မှ ကြီးမားပါတယ် ဆိုတာကို နည်းနည်းလေးမှ သံသယ မရှိပါဘူး။ မိဘတွေ သားသမီးတွေအပေါ်မှာ ထားတဲ့ ချစ်ခြင်းကို ဘယ်တုန်းကမှ ပေါ့ပေါ့တန်တန် မတွက်ခဲ့ဖူးဘူး။ ဒါပေမယ့် ကျနော် သံသယရှိနေတာက မိဘတွေဟာ ကိုယ့်သားသမီးကို ချစ်ပါတယ်လို့ အားရပါးရ ခံယူထားကြပေမယ့် တကယ်ကော ချစ်တတ်ရဲ့လား ဆိုတာကို အင်မတန် သံသယ ရှိပါတယ်။ အထူးသဖြင့် […]

Continue reading →

ပညာရေး ရှုမြင်ကွင်း (၂)

ကျနော်တို့အားလုံး လူငယ်ဘဝမှာ အိမ်မက် ကိုယ်စီ၊ ရည်မှန်းချက် ကိုယ်စီ ရှိခဲ့ကြတာပါ။ အဲဒီ လူငယ်တွေရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်အောင် သူနေတဲ့ တိုင်းပြည်က ဘယ်လောက် အထောက်အပံ့ ပေးနိုင်သလဲ။ ဒါ တော်တော်လေး အရေးကြီးလိမ့်မယ် ထင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ  ဒီအချက် လေးချက်ကို ကြည့်ပြီး အဲဒီနိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်း တွက်ချက် နိုင်မယ်လို့ ကျနော်ကတော့ ယူဆတယ်။ ကျနော် မှတ်မိနေသေးတယ်။ နင်ကြီးလာရင် ဘာလုပ်မလဲလို့ ကျနော်ကို ငယ်ငယ်က မေးလာရင် အင်ဂျင်နီယာလုပ်မယ်လို့ ဖြေလေ့ရှိတယ်။ တခြား သူငယ်ချင်းတွေကို မေးရင်လည်း တချို့က ဆရာဝန် ဖြစ်ချင်ကြတယ်။ တချို့က ဆရာမ လုပ်မယ်ပေါ့။ ကျနော် ထင်တယ်။ ဘယ်ကလေးမှတော့ ကြီးလာရင် သူတောင်းစား […]

Continue reading →

ပညာရေး ရှုမြင်ကွင်း (၁)

နိုင်ငံတကာမှာ လူမျိုးတိုင်း၊ လူမျိုးတိုင်းဟာ ပညာရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အားလုံး အသိအမှတ် ပြုကြပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်ဖြစ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ ရေရှည်တိုးတက် ဖွံ့ဖြိုးရေးဟာ ပြည်သူတွေရဲ့ ပညာရေး အဆင့်အတန်းပေါ်မှာ တည်မှီနေတယ်လို့ လူတိုင်း လက်ခံထားကြတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံ လူတန်းစား အားလုံး တပြိုင်နက် အတည်ပြုထားတဲ့ ယူဆချက်လည်း ဖြစ်ပါတယ်။ ဒီမှာ ပြည်သူဆိုတာ တိုင်းပြည်တစ်ပြည်အတွင်း မှီတင်းနေထိုင်တဲ့သူ အားလုံးကို ဆိုလိုပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ပညာရေးကဏ္ဍမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံထားသလဲ ဆိုတာနဲ့ ဘယ်လို စီမံချက်ချပြီး အကောင်အထည် ဖော်နေသလဲ ဆိုတာကို ကြည့်ပြီး အဲဒီ နိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်းကြတယ်။ အမေရိကန်နိုင်ငံဟာ […]

Continue reading →

Subscribe