သေမင်း၏ ခေါ်ရာသို့
အား … မဆွဲနဲ့၊ လွှတ် … လွှတ် တီ တိ တီး တီ တီ ….. ဖုန်းမြည်သံလိုလို နားထဲ ကြားယောင်မိ၍ ကျမ ဇဝေဇဝါ ဖြစ်သွားသည်။ ကြောက်စိတ်ကြောင့် အားရပါးရ အော်နေမိရာမှ တင်းတင်းကြပ်ကြပ် မှိတ်ထားမိသော မျက်စိကို အသာအယာ ဖွင့်ကြည့်လိုက်မိရာ မိုးစင်စင်လင်း၍ နေပေသည်။ ရုတ်တရက် မိမိ၏ ဘေးဘယ်ညာကို ဖျက်ကနဲ သတိထားကြည့်မိသည်။ အခုလေးတင် ကျမအား အတင်းဆွဲနေသော အရိပ်မဲကြီးလည်း မရှိမှန်း သိတော့မှ ကျမ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်မိသည်။ အော် … ကျမ နေ့ခင်းကြောင်တောင် အိပ်မက်နေတာကိုးဟု သက်ပြင်းချ၍ အခုမှ ရယ်နိုင်တော့သည်။ နောက်မှ ဖုန်းလာနေသည်ကို သတိရမိ၍ ဖုန်းရှိရာသို့ ပြေးရပါတော့သည်။ […]



