PK Portfolio

Posts

Thoughts, notes, and things to share.

အလှူရေစက်

  အလှူရေစက် လက်နဲ့ မကွာလို့ မြန်မာစကားပုံအနေနဲ့ ပြောကြပါတယ်။ အဲဒီမှာ အလှူရေစက် ဆိုတာက ပါဠိလို ဒက္ခိဏောဒက လို့ ခေါ်တယ်။ အဓိပ္ပာယ်က “အလှူနဲ့ စပ်ယှဉ်တဲ့ရေ” တဲ့။ နားလည်အောင် နည်းနည်း ရှင်းပြပါ့မယ်။ ဒါန တစ်ခု ပြုတယ် ဆိုကြစို့။ စာအုပ် လှူတယ်ပေါ့။ စာအုပ် လှူတဲ့အခါမှာ ကိုယ်လှူမယ့် စာအုပ်ကို အလှူရှင့် လက်ထဲ ထိုးအပ်ဖို့ ထည့်လှူဖို့ လွယ်တယ်။ ရိုရိုသေသေ ဒူးတုပ်ပြီး လှူရင် သက္ကစ္စဒါန ဖြစ်တယ်။ သင်္ကန်းဆိုလည်း ဒီအတိုင်းပဲ၊ အလှူရှင်ကို ရိုရိုသေသေ လေးလေးလေးစားစား လှူလို့ လွယ်တာကိုး။ ကဲ ဆိုကြပါစို့။ ဗီဒိုကြီး တစ်လုံး လှူမယ် ဆိုရင်ကော၊ သို့မဟုတ် ကျောင်းတစ်ဆောင် […]

Continue reading →

တစ်ကလုတ် တစ်ကလုတ်

ခွေးထက်မိုက်တဲ့ကောင် ခွေးထက်မိုက်တဲ့ကောင် ဟု ဆဲဆိုရေရွတ်နေသော ဆရာသမား၏ အနီးသို့ မျက်နှာငယ်လေးနှင့် ချဉ်းကပ်ရင်း “ဆရာ၊ ကျော်ဘာမှားလုပ်မိလို့လဲ ဆရာရယ်” ဟု မပွင့်တပွင့် မေးလိုက်သည်။ ဒေါက်စိုးက ခေါင်းမော့ကြည့်ရင်း”မင့်း ပြောတာ မဟုတ်ပါဘူးကွာ” ဟု နှစ်သိမ့်၏။ “ဒါဆို ဆရာက ဘယ်သူ့ကို မကျေမနပ် ဖြစ်နေရတာလဲ” ဟူသော အမေးကို “ကိုယ့်ကိုယ်ကိုယ်ပါကွာ” ဟု ဖြေရင်း ဒေါက်စိုးတစ်ယောက် စားပွဲပေါ်မှ စာအုပ်များကို စူးစူးရဲရဲ ကြည့်နေလေတော့သည်။ဆေးရုံတစ်ရုံတွင် ဖြစ်သည်။ ဆရာဝန်ကြီး round လှည့်နေ၍ ဆေးရုံထဲ လူများ ရှင်းလင်းနေ၏။ အမှန်ဆိုရသော် ထိုဆေးရုံမျိုးသည် ဆရာဝန်ကြီး round လှည့်သည်ဖြစ်စေ မလှည့်သည် ဖြစ်စေ ပုံမှန်အားဖြင့် ဧည့်သည် မရှိသလောက်ပင်။ ဆရာဝန်ကြီး ရောက်တော့မည် ဖြစ်၍ […]

Continue reading →

သုခကို ဆွဲဆောင်နိုင်ကြသူများ

လိပ်ပြာတွေကို သိပ်ချစ်တဲ့ လူတစ်ယောက် ရှိသတဲ့။ သူက လိပ်ပြာလေးတွေကို သူ့အနားမှာပဲ အမြဲ ရှိနေစေချင်တာလေ။ ဒါနဲ့ သူက လိပ်ပြာဖမ်းနည်းပေါင်းစုံ လေ့လာပြီး တန်ဆာပလာတွေနဲ့ တောထဲသွားပြီး ဖမ်းတော့တာပေါ့။ သူ့ခြံထဲမှာ လိပ်ပြာတွေနဲ့ ပြည့်နေချင်တာကိုး။ လိပ်ပြာတွေကို ခြံထဲလည်း လွှတ်လိုက်ရော သိပ်မကြာပါဘူး၊ လိပ်ပြာ အားလုံး ပြန်ပြေးကုန်ကြတယ်။ ဒီလိုနဲ့ အဲ့ဒီလူကြီးက လိပ်ပြာတွေ သွားဖမ်းလိုက်၊ လိပ်ပြာတွေ ပြန်ပြေးလိုက်နဲ့ လုံးချာလည်လိုက်နေတော့တယ်။ သူ့လိုပဲ လိပ်ပြာချစ်တဲ့ နောက်ထပ်တစ်ယောက် ရှိသေးတယ်။ သူက လိပ်ပြာတွေကို သိပ်ချစ်တယ်။ ဒါပေမယ့် ရှေ့ကလူလို လိပ်ပြာတွေကို သွားဖမ်းမနေဘူး။ သူ့ခြံထဲမှာပဲ တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေတယ်။ ဘာလုပ်နေတာလဲ ဆိုတော့ ပန်းပင်လေးတွေ အရောင်စုံ စိုက်နေတာ။ ပန်းပင်လေးတွေက ပန်းတွေလည်း ပွင့်ရော […]

Continue reading →

အိမ်နီးချင်းအသစ်

ဒီနေ့ ရပ်ကွက်ထဲ အင်မတန်မှ စည်ကားနေတယ်။ ဘာလို့လဲဆိုတော့ ကျနော့ ဘေးအိမ်မှာ လူသစ်တစ်ယောက် ပြောင်းလာလို့ပဲ။ သူ ပြောင်းလာဖို့အတွက် ပြင်ဆင်နေကြတာလေ။ လူတော့ အတော်စည်သား။ လူသစ် ပြောင်းလာမယ်ဆိုတာ ကျနော်တို့ ကြိုသိပါတယ်။ အရင်နေ့တွေ ကတည်းက ပြင်ကြဆင်ကြနဲ့ ဆိုတော့ တွက်မိပြီးသား။ လူအသစ် ရောက်လာတော့မယ် ဆိုတာ။ ပုံမှန်အားဖြင့်တော့ ကျနော်တို့ဆီ ပြောင်းလာရင် နေ့ခင်းမှ ရောက်ကြတယ်။ လာရင်လည်း အိမ်ရှင်နဲ့အတူ ဧည့်သည်တွေပါ အတူတူပဲ လာကြတယ်လေ။ ဒါကလည်း ထုံးစံလို ဖြစ်နေပြီ။ တခြားတွေမှာ အိမ်ပြောင်းပြီဆိုရင် အိမ်ရှင်က အရင် ပြောင်းလာပြီး နေသားတကျ ဖြစ်အောင် အရင် လုပ်ကြတယ်။ ပြီးတော့မှ ဧည့်ခံပွဲတွေ ဘာတွေ လုပ်တာပေါ့။ ဒီရပ်ကွက်ကတော့ အဲ့ဒီလို မဟုတ်ပဲ။ […]

Continue reading →

အဖက်တင်၍ ကျန်ခဲ့သည် (၂)

ဦးဇင်းလေး၏ မွေးရပ်ရွာသည် ကျောင်းနဲ့ နီးသောကြောင့် မိဘများ ဝင်၍ထွက်၍။ တစ်ပတ်လျှင် တစ်ခါမျှ လာလည်ကြသည်။ လာတွေ့ကြသည်။ တစ်ခါတစ်ရံ ဆွမ်းချိုင့် လာပို့ကြသည်။ တစ်ခါတစ်ရံ သန့်ရှင်းရေး ဝေယျာဝစ္စ လာလုပ်ပေးကြသည်။ မိဘများကလည်း ကိုယ့်သားလေး ရဟန်းဘဝမို့ ဂုဏ်ယူကြသည်။ မကျေမချမ်း ဖြစ်နေသူမှာ အဘိုးတစ်ဦးတည်းသာ။ အဘိုးဖြစ်သူကလည်း အသက်ကြီးပြီမို့ မြစ်ကို မြင်ချင်လှသည်။ ဦးဇင်းလေးကလည်း မြေးဦး။ မိန်းမယူခိုင်းကာမှ ဘုန်းကြီးဝတ်သွားသည်။ သာသနာ့ဘောင်မှာ ပျော်နေပြီ ဆိုတော့လည်း မတားရက် မဆွယ်ရက်။ လူထွက်တရား မဟောချင်။ ရပ်ဆွေရပ်မျိုး ရွာသားတချို့ကလည်း ကျောင်းသို့ မကြာခဏ ဝင်ထွက်၍ လိုအပ်သည်များ ကူညီပေးကြသည်။ သူတို့ရောက်တော့လည်း ဧည့်ခံရသည်က အမော။ ဒီလိုနှင့် ကာလတွေ ရှည်ကြာလာတော့ ဧည့်သည်စကား နားထောင်ရသည်ကပင် ဝတ္တရားတစ်ခု […]

Continue reading →

အဖက်တင်၍ ကျန်ခဲ့သည် (၁)

နေ့ခင်းနေ့လယ် ပူလွန်းအားကြီးသောကြောင့် အပူသက်သာအောင် တံခါးပေါက်များ ပိတ်ထားရာမှ တံခါးခေါက်သံကြား၍ ထ ဖွင့်လိုက်သည်။ တံခါးခေါက်သူက ဦးဇင်းတစ်ပါး။ အထဲသို့ ကြွဖို့ ဖိတ်ခေါ်လိုက်သည်။ ရဟန်းတို့၏ လောကဝတ်အရ ဝါအကြီးအငယ်သိအောင် စ မေးပြီး ပဋိသန္ဓာရစကားဖြင့် ဧည့်ခံနေရသည်။ နုပ် ။    ။ အရှင်ဘုရား၊ ဘယ်နှဝါရပါပြီလဲ ဘုရား။ ဧည့် ။    ။ တပည့်တော် တစ်ဝါပဲ ရပါသေးတယ်။ နုပ် ။    ။ မှန်ပါ။ အရှင်ဘုရား ဘယ်ကျောင်းကပါလဲ ဘုရား။ ဧည့် ။    ။ တပည့်တော် အောက်ကျောင်းကပါ။ ဆရာတော်ကို လျှောက်ပြီး ဒီမှာ သီတင်းသုံးမလို့ နေရာလာကြည့်တာ ဘုရား။ အောက်ကျောင်းဆိုသည်မှာ ဤကျောင်းနှင့် ၁၅ မိနစ်လောက် လျှောက်ရသော […]

Continue reading →

ခွက် ခွက် ခွက်ဋီကာ

ငယ်ငယ်က သမိန်ပေါသွပ်တို့လို ကာတွန်းတွေ ဖတ်ရင် ခွက် ခွက် စာလုံးကို မြင်တာနဲ့ တစ်ဦးက တစ်ဦးကို ထိုးနေပြီလို့ လူတိုင်း သိကြတယ်။ ခွက် ဆိုတဲ့ မြည်သံက မျက်နှာကို လက်သီးလို့ ထိုးလိုက်ရင် မျက်နှာပြင်နဲ့ လက်သီးနဲ့ ထိလို့ မြည်တဲ့အသံကို ကိုးစားပြုခဲ့တယ်။ တုတ်နဲ့ ရိုက်ရင်လည်း ဒီအတိုင်းပေါ့။ ခွက် ဆိုတာနဲ့ တုတ်နဲ့ ဆော်ပလော်တီးခံလိုက်ရပြီလို့ နားလည်သွားကြတယ်။ ခွက် ဆိုတာ တခြားဘာအဓိပ္ပါယ်မှ မရောရှက်တဲ့ မြည်သံပေါ့။ နောက်ထပ် တစ်ခု။ ခွက် ဆိုတဲ့ စကားလုံးကို လူတွေ ရင်းရင်းနှီးနှီး ရှိခဲ့ကြတယ်။ အရည်တစ်မျိုးမျိုး၊ အဖတ်တစ်မျိုးမျိုးကို ထည့်စရာ။ အိုးခွက်ပန်းကန်၊ ပန်းကန်ခွက်ယောက်၊ ရေခွက် စသဖြင့်ပေါ့။ လွယ်လွယ်ပြောရရင်တော့ ထည့်စရာပစ္စည်း။ ရွှေနဲ့ […]

Continue reading →

မြန်မာတို့၏ အချိန်ဝေါဟာရများ

ယနေ့ခေတ်လို နာရီတွေ တွင်တွင်ကြီး မသုံးခင်ကတည်းက မြန်မာလူမျိုးတွေမှာ အချိန်နဲ့ ပတ်သက်ပြီး ဝေါဟာရတွေ ရှိနေခဲ့ပြီးသားပါ။ စက်နာရီတွေ သုံးလာတဲ့ ဒီဘက်ခေတ် ရောက်တဲ့အထိကိုပဲ ဝေါဟာရတချို့ဟာ ဆက်လက် ရှင်သန်နေဆဲပဲ။ ဥပမာ – အရုဏ်တက်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ ညနေစောင်း၊ ညချမ်း၊ သန်းခေါင်။ ဒီဝေါဟာရတွေကို ဒေသအသီးသီးမှာ သုံးစွဲနေကြတုန်းပါ။ ဒါပေမယ့် ဝေါဟာရတွေကို သုံးသာ သုံးနေကြတယ်။ အဓိပ္ပါယ်သက်မှတ်ချက်ကို အတိအကျ သိလားဆိုတော့ မသိတဲ့သူက အများသား။ ဥပမာဗျာ၊ မွန်းတည့်ဆိုတာ နေ့ ၁၂ နာရီလို့ လူသိများပေမယ့် ညနေစောင်း လို့ ပြောရင် ဇဝေဇဝါ ဖြစ်ကြရတယ်။ ညနေ ၄ နာရီလား၊ ၅ နာရီလား မသိသူက ခက်များများ။ ဒါကြောင့် […]

Continue reading →