PK Portfolio

Posts

Thoughts, notes, and things to share.

ပညာရေး ရှုမြင်ကွင်း (၁)

နိုင်ငံတကာမှာ လူမျိုးတိုင်း၊ လူမျိုးတိုင်းဟာ ပညာရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အားလုံး အသိအမှတ် ပြုကြပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်ဖြစ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ ရေရှည်တိုးတက် ဖွံ့ဖြိုးရေးဟာ ပြည်သူတွေရဲ့ ပညာရေး အဆင့်အတန်းပေါ်မှာ တည်မှီနေတယ်လို့ လူတိုင်း လက်ခံထားကြတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံ လူတန်းစား အားလုံး တပြိုင်နက် အတည်ပြုထားတဲ့ ယူဆချက်လည်း ဖြစ်ပါတယ်။ ဒီမှာ ပြည်သူဆိုတာ တိုင်းပြည်တစ်ပြည်အတွင်း မှီတင်းနေထိုင်တဲ့သူ အားလုံးကို ဆိုလိုပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ပညာရေးကဏ္ဍမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံထားသလဲ ဆိုတာနဲ့ ဘယ်လို စီမံချက်ချပြီး အကောင်အထည် ဖော်နေသလဲ ဆိုတာကို ကြည့်ပြီး အဲဒီ နိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်းကြတယ်။ အမေရိကန်နိုင်ငံဟာ […]

Continue reading →

ဒိုင်ယာရီများ၏ မှတ်စု (၃)

“ဟေ့ကောင် ပြုံးချို၊ မင်း မျက်နှာလည်း မကောင်းပါလား။ ဘာတုန်း ကိုထွန်းမောင် နေမကောင်းလို့လား””မဟုတ်ပါဘူးကွာ နေမကောင်းတာက ငါ””မနေ့ကမှ အကောင်းကြီးပါ ဘယ်လို ဖြစ်တာတုန်း””လူမဟုတ်ဘူး၊ စိတ် စိတ်၊ စိတ် နေမကောင်း ဖြစ်နေတာ””ဘယ်လို ဖြစ်လာရ ပြန်တာတုန်းကွ””နောက်မှ ပြောမယ်ကွာ၊ မင်း အလုပ်တွေ ပြီးရင် ငါတို့ တီး သွားဆွဲရအောင်””အေး သွားတာပေါ့။ ပေးရှန့် (Patient) လည်း မရှိတော့ဘူး။ ငါ ပစ္စည်းတွေ သိမ်းလိုက်ဦးမယ်၊ ခဏစောင့်”ဟု ပြောပြီး အောင်ကျော်သည် ပစ္စည်းများကို သိမ်းဆည်းနေလေသည်။ ကျွန်တော်သည် သူ့ကိုပဲ ကြည့်နေမိသလား၊ ဘာကို ကြည့်နေသနည်း ဆိုသည်ကို ကိုယ့်ကိုယ်ကို မဝေခွဲနိုင်ဘဲ ဖြစ်နေရာ လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်လာချသော ချာတိတ်ကို မြင်မှ သတိဝင်လာတော့သည်။”အောင်ကျော်၊ ငါ […]

Continue reading →

ဒိုင်ယာရီများ၏ မှတ်စု (၂)

“ပေသီး၊ မင်းကို ကြည့်ရတာ ဒီနေ့ နည်းနည်း လန်းနေတယ်။ နေလို့ ထိုင်လို့ ကောင်းတယ် ထင်တယ်” “မဆိုးပါဘူး ဂေါက်ရာ၊ အရင်ထက်စာရင်ပေါ့။ မင်း ဒီနေ့ လာတာ စောသားပဲ။ ဘာစားပြီးပြီလဲ။ မနေ့က မင်းသူငယ်ချင်းကော မပါပါလား” “အေး ဟုတ်တယ်။ ဒီနေ့ သူ့လူနာက အရေးတကြီး ဖုန်းဆက်ခေါ်လို့ မလိုက်နိုင်တော့တာ။ ပထမတော့ လိုက်မလို့ပဲ” “အော် … သူက ဆရာဝန်လား” ပေသီး မေးလိုက်သော လေသံနှင့် မေးခွန်းကို ကျွန်တော် သင်္ကာမကင်း ဖြစ်သွားသည်။ သူ့ရောဂါ အခြေအနေကို သိသွားသလားဆိုတဲ့ သံသယတွေ သူဝင်နေပြီလို့ ကျွန်တော် နားလည်လိုက်သည်။ ဒီလိုဆိုရင် သူ့ကိုယ်သူ အေ့ဒ်စ် ဖြစ်နေတယ်ဆိုတာ သိတဲ့သဘောပေါ့။ ကျွန်တော့ အတွေးတွေကို […]

Continue reading →

ဒိုင်ယာရီများ၏ မှတ်စု (၁)

အခန်းတံခါးကို ကျွန်တော် ညင်သာစွာ ခေါက်လိုက်သည်။ လူမှုရေးအလုပ်တွင် ကျွန်တော် မလုပ်ချင်ဆုံး အလုပ်သုံးခု ရှိသည်။ လူနာမေးခြင်း၊ အိမ်သို့ အသုဘရှုသွားခြင်းနှင့် အသုဘလိုက်ပို့ခြင်းတို့ ဖြစ်သည်။ ကျွန်တော်၏ ပင်ကိုစရိုက်အရ အမြဲ ပြုံးနေချင်သည်။ အမြဲလည်း ပြုံးနေတတ်သည်။ သို့သော် ထိုနေရာမျိုးတွင် ပြုံး၍ မဖြစ်တော့။ မျက်နှာကို မထားတတ်အောင် ဖြစ်နေမိသည်။ ယခု ကျွန်တော် လာမေးသော လူနာမှာ ကျွန်တော်၏ ငယ်သူငယ်ချင်းအဟောင်းကြီး ဖြစ်သည်။ ငယ်စဉ်က ကစားဖော် ကစားဖက်၊ ရည်စားလုဖော် လုဖက်လည်း ဖြစ်ခဲ့ဖူးသည်။ ဒီတစ်ချိန်တော့ ဝမ်းနည်းသော မျက်နှာထားကို အထူးလုပ်နေဖို့ မလိုပါ။ စိုးရိမ်စိတ်ကြောင့် အလိုလိုပင် စိတ်မကောင်း ဖြစ်နေမိသည်။ “ဝင်ခဲ့ပါရှင်” ဟူသော အတွင်းမှ စကားသံကြောင့် ကျွန်တော့ အတွေးစများ […]

Continue reading →

မိမိကိုယ်ကို အလွဲသုံးစားလုပ်ခြင်း

ကျွန်တော်တို့တတွေဟာ ဘဝဆိုတာကို စတင်ပိုင်ဆိုင်ရကတည်းက နောက်ဆုံး စွန့်လွှတ်ရတဲ့အချိန်အထိ စက္ကန့်မပြတ် အလုပ်တွေ လုပ်နေကြရတယ်။ အလုပ်တွေ၊ အလုပ်တွေ။ စက္ကန့်တိုင်း ပြတ်တယ်ရယ်လို့ တကယ်ကို မရှိခဲ့ပါဘူး။ သေချာပြန်စဉ်းစားကြည့်တော့ ဘဝတစ်ခုရဲ့ အစအဦးဆုံး လုပ်ခဲ့ရတဲ့အလုပ် ဘာဖြစ်မလဲ။ ဘဝတစ်ခုဆိုတာ မိခင်ဝမ်းတွင်းကနေ အပြင်ရောက်တဲ့ အချိန်ကို စ ရေမယ်ပေါ့ဗျာ။ ကျွန်တော်တို့ ပထမဆုံး ဘာလုပ်ခဲ့သလဲ။ ကိုယ်ကိုယ်တိုင် ပထမဆုံး စလုပ်တဲ့ အလုပ်ကတော့ အသက်ရှူခြင်းပဲ ဖြစ်မယ်ထင်တယ်။ ဒါဆို ဘဝရဲ့ နိဂုံး နောက်ဆုံးမှာကော ဘာနဲ့ အဆုံးသတ်ကြမလဲ။ ဒါလည်း အသက်ရှူခြင်းပဲ ဖြစ်လိမ့်မယ်။ ဒါဆို အသက်ရှူတာနဲ့ စပြီး အသက်ရှူတာနဲ့ပဲ အဆုံးသတ်ရမယ့် ကျွန်တော်ဘဝတို့ရဲ့ ကြားကာလတွေမှာ အသက်ရှူကြရမှာတော့ တူညီနေကြပေမယ့်၊ အသက်ရှူရင်း ဘာတွေလုပ်ကြသလဲ ဆိုတာက […]

Continue reading →

လွမ်းတော့ လွမ်းမိပါတယ်

လွမ်းတယ် ဆိုတဲ့ စကားလုံးကို ကျွန်တော့အနေနဲ့ သုံးဖို့ သိပ်မသင့်လျော်တော့ပါဘူး။ ဒါပေမယ့်လည်း အလွမ်းဓါတ်ခံ ရှိထားတဲ့သူဆိုတော့ လွမ်းတာကို လွမ်းတယ်လို့ပဲ ဝန်ခံရမှာပဲ။ ဘာတွေကို လွမ်းသလဲဆိုတော့ သက်ရှိသက်မဲ့ အစုံပေါ့။ အဲဒါတွေထဲက လွမ်းတာ တစ်ခုကို ထုတ်ပြရရင်တော့ ဟောဒီ ဘလော့ဂ်ကိုပါ။ PK ဘလော့ဂ်ကို ပစ်ထားလိုက်တာလဲ အခုဆို နှစ်နှစ်ကျော်သွားခဲ့ပြီ။ တစ်ခါတလေ ရန်ကုန်၊ မန္တလေးရောက်လို့ အင်တာနက်သုံးဖို့ အဆင်ပြေခဲ့ရင် ကိုယ့်ဘလော့ဂ်ကိုကိုယ် သွားသွားကြည့်မိတယ်။ အလွမ်းပြေပေါ့။ အခုအချိန်ထိ စာလာဖတ်နေတဲ့ သူတွေ တွေ့ရတော့ ကျေနပ်မိတာ အမှန်ပါ။ အဲဒီလို သွားသွားကြည့်နေမိလို့လား မသိဘူး။ သံယောဇဉ် အရှိန်က ပြေမသွားဘူး။ လွမ်းတယ်ဆိုကတည်းက သံယောဇဉ် ထားနေမိလို့ပါ။ သက်ရှိအပေါ်မှာ ရှိတဲ့ သံယောဇဉ်နဲ့ သက်မဲ့အပေါ်မှာ ရှိတဲ့ […]

Continue reading →

ကပ်ပါပေ့ မြို့စားရယ် (၅)

အရှင်၊ ဖမ်းမိထားတဲ့ သူခိုးတစ်ယောက်ကို ကျွနု်ပ် ဘယ်လို စီရင်ပြီး ကျွန်ုပ်ရဲ့ ဝါဒအတွက် အထောက်အကူ ယူခဲ့တယ်လို့ အသင် ထင်ပါသလဲ။ အဲဒီ သူခိုးကို ဒဏ်ရာမပေါ်အောင် အရိုက်ခိုင်းပြီး အသက် ဘယ်က ထွက်လာလိမ့်မလဲလို့ ကျွန်ုပ်တို့ ဝိုင်းကြည့်ကြတယ်။ အဲဒီလူ အသက်ထွက်ခါနီးလောက်ပြီ ဆိုရင် ပက်လက် အလှန်ခိုင်းပြီး အသက်ထွက်ရာကို စောင့်ကြည့်ကြပေမယ့် တစ်ယောက်မှ မမြင်ပါ။ အဲဒီနောက် သူ့ကို မှောက်ခိုင်းပြီး ရိုက်တယ်။ ဘေးစောင်းထားပြီး ထုတယ်။ ဇောက်ထိုးဆွဲပြီး နှက်တယ်။ ဒဏ်ရာမပေါ်အောင် အမျိုးမျိုး နှိပ်စက်ပြီး အသက်ထွက်မှာကို ဂရုတစိုက် စောင့်ကြည့်ခဲ့ကြတယ်။ ကျွနု်ပ်လိုပဲ အသက်ထွက်သွားတာကို ဘယ်သူမှ မမြင်လိုက်ရ။ သူကတော့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ချက်အောက်မှာ တုတ်တုတ်မျှတောင် လှုပ်ဖော်မရတော့။ မျက်စိရှိပေမယ့်လည်း မမြင်နိုင်တော့။ […]

Continue reading →

တံခါးခေါက်သံများ (၇)

လူတစ်ယောက်ကို မေ့ဖို့ တမင်သက်သက် လုပ်ယူနေရသရွေ့ နှစ်ဆတိုးတဲ့ နှုန်းနဲ့ တိုးတိုးပြီး သတိရနေတတ်တယ်။ မေ့ဖို့ ကြိုးစားလေလေ မေ့မရလေပေါ့။ မမေ့လို့ အသားကို နာအောင် လုပ်မိခါမှ အသားနာတိုင်း သတိရနေမိတော့တယ်။ တကယ်တမ်း ကျနော် မန္တလေး ပြန်ရောက်ကတည်းက သူနဲ့ ကျနော် ဖုန်းအဆက်အသွယ်က လွဲလို့ ဘာမှ မရှိတော့ဘူး။ တစ်ခါတလေ သူက ဖုန်းဆက်လာတတ်တယ်။ အင်မတန် နည်းပါတယ်။ တစ်ခါတလေတော့ ကျနော် ခေါ်တယ်။ နှစ်ယောက်စလုံးကို အပြန်အလှန် ခင်တဲ့ သူငယ်ချင်းလည်း မရှိလေတော့ ကျနော် သူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဖုန်းဆက်မှ သိရတယ်။ အဲဒီလိုပါပဲ သူလည်း ကျနော်နဲ့ ပတ်သက်လို့ ဖုန်းအဆက်အသွယ် မရရင် ဘာမှ ကြားရမှာ မဟုတ်တော့ဘူး။ […]

Continue reading →

တံခါးခေါက်သံများ (၆)

သေနတ်ကို ကျည်အပြည့်နဲ့ ချိန်ထားပြီးခါမှ မပစ်ရတော့တဲ့ ဖီလင်၊ မေတ္တာကို ခူးဆွတ်ဖို့ ခြင်းတောင်း အသင့်နဲ့ လက်လှမ်းပြီးခါမှ ပြန်ရုပ်လိုက်ရတဲ့ ဖီလင်၊ ပါးစပ်ထဲကို လှမ်းထည့်လိုက်တဲ့ မုန့်တစ်တုံး ချော်ပြီး မြေကြီးပေါ် ကျသွားလို့ ခံစားလိုက်ရတာတွေဟာ အတူတူပဲ နှိုင်းယှဉ်လို့ ရပါ့မလား။ အဲဒီ ကတိကို ပေးလိုက်တဲ့ အချိန်မှာ ကျနော် မြင်ယောင်မိတာ တစ်ယောက်တည်း။ အဲဒါ အမေပါ။ ဖုန်းချပြီးတော့မှ ဆက်တိုက်ဆိုသလို လူတွေ အများကြီး တစ်ယောက်ပြီးတစ်ယောက် မြင်ယောင်လာပြီး အတွေးတွေ အားလုံး ထွေနေတော့တယ်။ ပထမဆုံး တွေးလိုက်မိတာက သူ့အကြောင်း။ ဟုတ်တယ်။ အိစုအကြောင်းပါ။ ကျနော် ဘာဆက်လုပ်ရမလဲ ဆိုတာ ဆက်စပ် တွေးလိုက်တဲ့အခါမှာ မျက်နှာပူလာတယ်။ မျက်လုံးထဲမှာ ဝိုင်းလှော်ပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို […]

Continue reading →

တံခါးခေါက်သံများ (၅)

တံခါးခေါက်သံများ ခေါင်းစဉ်နဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်က (၁)၊ (၂)၊ (၃)၊ (၄) ဆိုပြီး အပိုင်း(လေး) အထိ ရေးပြီး ဆက်မရေးဖြစ်တော့ဘူး။ ကျနော့်ဘဝရဲ့ ကောက်ကြောင်းတချို့ကို ချရေးတာဆိုတော့ အပိုင်းတွေ အများကြီး အများကြီး ထပ်ရေးလို့ ရနေသေးတာပေါ့။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ အတော်ကို ကြွေကျလုမတက် ဆွေးမြေ့လာတယ်။ ဖတ်နေတဲ့လူတော့ မပြောတတ်ဘူး။ အေးပေါ့လေ။ ကျနော်က တကယ် အဖြစ်မှန်နဲ့ ကြုံတွေ့ခဲ့ရတဲ့ သူဆိုတော့ ပြန်တွေးမိတိုင်း အဟောင်းတွေ အသစ်အသစ် ဖြစ်ဖြစ်လာတာတော့ အမှန်ပဲ။ ဒီ အပိုင်း (၅) ကို ဆက်ရေးရတော့မယ် ဆိုရင် ပိုပြီးတော့ကို စိတ်ထိခိုက်စေမယ့် လူတစ်ယောက်အကြောင်း ဖြစ်နေလို့ ကျနော် လွန်ခဲ့တဲ့ ခြောက်လကတည်းက ရေးဖို့ လက်တွန့်ခဲ့တယ်။ တံခါးခေါက်သံများ […]

Continue reading →