PK Portfolio

Posts

Thoughts, notes, and things to share.

သေမင်း၏ ခေါ်ရာသို့

အား … မဆွဲနဲ့၊ လွှတ် … လွှတ် တီ တိ တီး တီ တီ ….. ဖုန်းမြည်သံလိုလို နားထဲ ကြားယောင်မိ၍ ကျမ ဇဝေဇဝါ ဖြစ်သွားသည်။ ကြောက်စိတ်ကြောင့် အားရပါးရ အော်နေမိရာမှ  တင်းတင်းကြပ်ကြပ် မှိတ်ထားမိသော မျက်စိကို အသာအယာ ဖွင့်ကြည့်လိုက်မိရာ မိုးစင်စင်လင်း၍ နေပေသည်။ ရုတ်တရက် မိမိ၏ ဘေးဘယ်ညာကို ဖျက်ကနဲ သတိထားကြည့်မိသည်။ အခုလေးတင် ကျမအား အတင်းဆွဲနေသော အရိပ်မဲကြီးလည်း မရှိမှန်း သိတော့မှ ကျမ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်မိသည်။ အော် … ကျမ နေ့ခင်းကြောင်တောင် အိပ်မက်နေတာကိုးဟု သက်ပြင်းချ၍ အခုမှ ရယ်နိုင်တော့သည်။ နောက်မှ ဖုန်းလာနေသည်ကို သတိရမိ၍ ဖုန်းရှိရာသို့ ပြေးရပါတော့သည်။ […]

Continue reading →

တို့စိတ်တွေ လေနေတဲ့ မေ (၃၁)

မနက်ဖြန်ဆိုရင် သူ ထွက်ခွာသွားတာ (၁၂) နှစ် တင်းတင်းပြည့်သွားပါပြီ။ သူနဲ့ ပတ်သက်တဲ့အကြောင်းကို ကျနော် တံခါးခေါက်သံများ ဆိုပြီး အပိုင်း (၂၊ ၃၊ ၄) မှာ ရေးခဲ့ဖူးပါတယ်။ ကျနော်တို့ အင်မတန်မှ ခင်မင်ရတဲ့ ခင်မင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်၊ သူငယ်ချင်း အားလုံးအပေါ်မှာ အနွံတာ ခံနိုင်တဲ့ ညီအကိုတစ်ယောက်၊ အမေကို အစွမ်းကုန် စိတ်ချမ်းသာစေချင်တဲ့ သားကောင်း တစ်ယောက်။ အဝေမွှေးပေမယ့် အကြွေစောခဲ့တဲ့ သူငယ်ချင်း။ တကယ် ပြန်တွက်ကြည့်ရင် သူ့အသက်က (၂၁)၊ တစ်ချိန်မှာ အင်မတန်မှ မှည့်ဝင်းရွှန်းစိုမယ့် အသီးတစ်လုံးလို့ အားလုံးက မျှော်လင့်ထားခဲ့ပေမယ့် နုနုနယ်နယ်နဲ့ပဲ အကြွေ စောခဲ့ရတယ်။ သူ အဲဒီတုန်းက ကွန်ပြူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျနော် […]

Continue reading →

အစေ့ဥပဒေသ

နျူတန်ဆိုတာနဲ့ မသိတဲ့သူ မရှိသလောက်ပါပဲ။ သိပ္ပံပညာကို တစ်ခေတ်ဆန်းစေခဲ့သူ၊ မဟာပုဂ္ဂိုလ်ကြီးတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ သူရဲ့ တွေ့ရှိချက်တွေထဲက လူသိများတာကတော့ ကမ္ဘာမြေရဲ့ ဆွဲအားကို တွေ့ရှိခြင်းပါပဲ။ တွေ့တာက ပန်းသီးပင်အောက်မှာ ထိုင်ရင်းနဲ့ ဆိုတာလည်း အားလုံးသိကြတယ်။ ကျနော် ငယ်ငယ်က သရက်ပင်အောက် ခဏခဏ ရောက်ဖြစ်တယ်။ သရက်သီး သွားဆွတ်တာပေါ့။ သူ့ဖာသာ ကြွေကျရင်လည်း ကောက်လိုက်တယ်၊ မကြွေကျရင် တမင် ချွေချတယ်။ သရက်သီးတွေ အလုံး အရာအထောင် ကောက်ခဲ့ဖူးတယ်၊ သူ့လို ဘာလို့ အသီးဟာ ကြွေရင် ဘာလို့ အောက်ကိုပဲဆင်းပြီး အပေါ် ပြန်တက်မသွားတာလဲ လို့တော့ တစ်ခါမှ မစဉ်းစားဖူးဘူး။ အဲဒီ စဉ်းစားဖော်ရတာ နျူတန်ရဲ့ ထူးခြားချက်ပေါ့။ နေ့စဉ်တော့ တွေ့နေတာပဲ သတိမမူမိဘူး။ ဒါပေမယ့် […]

Continue reading →

သာဓုခေါ်ကြောင်း ကောင်းမှုမင်္ဂလာ (၂)

ကျနော်တို့ ပတ်ဝန်းကျင်မှာ ကျင်လည်နေကြတဲ့ ဒုက္ခိတ မကျွတ်မလွတ်သေးတဲ့ သတ္တဝါတွေကို ဘဝကောင်းစားရေးအတွက် ပေးချင်တယ် ကမ်းချင်တယ်ဆိုရင်၊ တစ်နည်းပဲ ရှိပါတယ်။ အဲဒါ သူတို့အတွက် အမျှဝေပြီး သာဓုခေါ်ခိုင်းဖို့ပါ။ သူတို့ သာဓု မခေါ်ခဲ့ဘူးဆိုရင် အဲဒီ အမျှက မရပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင် ဇနကာဘိဝံသ ဟောတဲ့ အခြေပြုပဋ္ဌာန်းထဲမှာ ပါပါတယ်။ ကျောင်းအမကြီး တစ်ယောက်အကြောင်း (နာမည် မေ့နေပါပြီ)။ အဲဒီ ကျောင်းအမကြီးက သူ့ဘဝမှာ ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ခဲ့ပေမယ့် အရေးအကြီးဆုံး အချိန်ဖြစ်တဲ့ သေခါနီးမှာ အကုသိုလ်နိမိတ် ထင်သွားတာကြောင့် သူဟာ နတ်ပြည်နတ်ဘုံကို ရောက်ရမယ့် အစား ပြိတ္တာသွားဖြစ်တယ်။ (ကုသိုလ် ဧရာမ ကြီးကြီးမားမားတွေ ဘယ်လောက်များများ လုပ်ထားလျက်ပါနဲ့ မကောင်းတဲ့ဘုံတွေကို ရောက်တတ်တယ်၊ ရောက်ရတဲ့အကြောင်းကို အလျဉ်းသင့်ရင် ရေးပါဦးမယ်။) အဲဒီ ကျောင်းအမကြီးရဲ့ ရက်လည်မှာပဲ […]

Continue reading →

သာဓုခေါ်ကြောင်း ကောင်းမှုမင်္ဂလာ (၁)

ကျနော်ဟာ အင်မတန် ကံကောင်းတဲ့ လူတစ်ယောက်လို့ ကိုယ့်ဖာသာကိုယ် ယုံကြည်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော်ရဲ့ မိဘအသိုင်းအဝိုင်းကြောင့် ကျနော်ဟာ ငယ်ငယ်ကတည်းက ဘာသာရေးနဲ့ မဝေးခဲ့လို့ပါ။ ကျနော်ရဲ့ မိသားစုကြီး (မိဘတင်မက အဘွား၊ ဦးလေးအဒေါ်ရဲ့ မိသားစုတွေ အားလုံးပေါင်းပြီး) ထဲမှာ တစ်နှစ်ကို အလှူကြီးတွေ သုံးလေးကြိမ်လောက်တော့ နှစ်စဉ် ကြုံကြရတယ်။ နှစ်ပတ်လည် ဆွမ်းကပ်ကြတာ အများဆုံးပဲပေါ့။ ဒီတော့ ကျနော်က ငယ်ငယ် ကတည်းက ဘာသာရေး လိုက်စားရတာ ဝါသနာပါလာခဲ့တယ်။ လူမှုရေးလည်း ကျနော် လိုက်စားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့် အဖေက စီးပွားရေးသမားဆိုတော့ ခရီး ခဏခဏ ထွက်တယ်။ ဒီတော့ အဖေ့နာမည်နဲ့ တပ်ပြီး အလှူ ဖိတ်တာတို့ မင်္ဂလာဆောင် ဖိတ်တာတို့ဆို ကျနော်ပဲ သွားရတယ်။ ဒီတော့ […]

Continue reading →

(၄) နှစ်ပြည့် ဧရာဝတီအလွမ်း

ကျနော်တို့ ဒုတိယကမ္ဘာစစ်ကို မမီလိုက်ပါ။ ကျနော်တို့ မျိုးဆက်မှာ ကံကောင်းသည်ဟု ပြောရမည်။ ဖက်ဆစ်တော်လှန်ရေး စစ်ကို မမီခဲ့သလို၊ ပြည်တွင်းစစ်နဲ့လည်း မကြုံခဲ့ပါ။ နယ်စပ်မှာ နေတာမဟုတ်တော့ နယ်စပ်မှာ ဖြစ်တဲ့ မဲသဝေါလို၊ အခုနောက်ပိုင်း ဖြစ်တဲ့ နယ်စပ်စစ်ပွဲတွေကိုလည်း မမြင်မတွေ့ဖူးပါ။ ဒါပေမယ့် နိုင်ငံခြားရုပ်ရှင်တွေ ကြည့်ရတော့ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို မြင်ဖူးနေတယ်။ စာတွေထဲမှာ လူတွေ ဘယ်လောက် ဒုက္ခရောက်တယ်လို့ သင်ရတော့ စစ်ပွဲဆိုတာကို စက်ဆုပ်ရွံမုန်းမိတယ်။ အဲဒီ စစ်ပွဲတွေကြောင့် မဖြစ်ခင်မှာလည်း လူသားတွေ ကြောက်ရွံ့စိတ်နဲ့ စိတ်ဆင်းရဲရ၊ ဖြစ်နေတုန်းမှာလည်း ပြေးရလွှားရနဲ့ စိတ်ဆင်းရဲရ၊ ဖြစ်ပြီးသွားတဲ့အခါမှာလည်း စစ်ပွဲရဲ့ အကြွင်းအကျန် အနိဋ္ဌာရုံတွေနဲ့ စိတ်ဆင်းရဲရ။ ကိုယ်ရော၊ စိတ်ပါ နလန်ထူဖို့ကို အတော်လေး အချိန်ပေးရလိမ့်မယ်။ အဲဒီလို စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ကျနော်တို့ မျိုးဆက်ဟာ မမီလိုက်ရပေမယ့် သဘာဝကြီးက ဆင်နွှဲသွားတဲ့ စစ်ပွဲကြီးတစ်ပွဲကိုတော့ ကျနော်တို့ မြင်လိုက်ရဖူးတယ်။ ကြုံလိုက်ရဖူးတယ်။ ခံစားလိုက်ရဖူးပါတယ်။ အဲဒီ […]

Continue reading →

ပညာရေး ရှုမြင်ကွင်း (၃)

“အရွယ်ရောက်နေတဲ့ သားသမီးတွေကို အိမ်ပြန်လာခွင့်ပေးတဲ့ သတ္တဝါဆိုလို့ လောကမှာ လူ တစ်မျိုးပဲ ရှိတယ်။“ ဆိုတဲ့ နိုင်ငံခြား အဆိုအမိန့်လေးတစ်ခု ကျနော် ဖတ်ဖူးတယ်။ ဒါက ဘာကို အဓိက ရည်ညွှန်းချင်သလဲ ဆိုတော့ လူတွေမှာ ရှိတဲ့ မိဘရဲ့ မေတ္တာပေါ့။ မိဘရဲ့ မေတ္တာ ကြီးမားပုံ၊ အကန့်အသတ်မဲ့ပုံကို တခြား သတ္တဝါတွေနဲ့ နှိုင်းပြလိုက်တယ်လို့ နားလည်မိတယ်။ ကျနော့အနေနဲ့ ပြောရရင် မိဘမေတ္တာ အင်မတန်မှ ကြီးမားပါတယ် ဆိုတာကို နည်းနည်းလေးမှ သံသယ မရှိပါဘူး။ မိဘတွေ သားသမီးတွေအပေါ်မှာ ထားတဲ့ ချစ်ခြင်းကို ဘယ်တုန်းကမှ ပေါ့ပေါ့တန်တန် မတွက်ခဲ့ဖူးဘူး။ ဒါပေမယ့် ကျနော် သံသယရှိနေတာက မိဘတွေဟာ ကိုယ့်သားသမီးကို ချစ်ပါတယ်လို့ အားရပါးရ ခံယူထားကြပေမယ့် တကယ်ကော ချစ်တတ်ရဲ့လား ဆိုတာကို အင်မတန် သံသယ ရှိပါတယ်။ အထူးသဖြင့် […]

Continue reading →

ပညာရေး ရှုမြင်ကွင်း (၂)

ကျနော်တို့အားလုံး လူငယ်ဘဝမှာ အိမ်မက် ကိုယ်စီ၊ ရည်မှန်းချက် ကိုယ်စီ ရှိခဲ့ကြတာပါ။ အဲဒီ လူငယ်တွေရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်အောင် သူနေတဲ့ တိုင်းပြည်က ဘယ်လောက် အထောက်အပံ့ ပေးနိုင်သလဲ။ ဒါ တော်တော်လေး အရေးကြီးလိမ့်မယ် ထင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ  ဒီအချက် လေးချက်ကို ကြည့်ပြီး အဲဒီနိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်း တွက်ချက် နိုင်မယ်လို့ ကျနော်ကတော့ ယူဆတယ်။ ကျနော် မှတ်မိနေသေးတယ်။ နင်ကြီးလာရင် ဘာလုပ်မလဲလို့ ကျနော်ကို ငယ်ငယ်က မေးလာရင် အင်ဂျင်နီယာလုပ်မယ်လို့ ဖြေလေ့ရှိတယ်။ တခြား သူငယ်ချင်းတွေကို မေးရင်လည်း တချို့က ဆရာဝန် ဖြစ်ချင်ကြတယ်။ တချို့က ဆရာမ လုပ်မယ်ပေါ့။ ကျနော် ထင်တယ်။ ဘယ်ကလေးမှတော့ ကြီးလာရင် သူတောင်းစား […]

Continue reading →

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းအား အဆင့်မြှင့်တင်ခြင်း

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ဆိုပြီး ၂၀၀၈ ခုနှစ်မှာ ဘလော့ဂ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ သတ်ပုံကျမ်းစာအုပ် အလွယ်တကူ မရနိုင်တဲ့ နိုင်ငံခြားရောက် မြန်မာတွေအတွက် ရည်ရွယ်တာပါ။ Web Programming လည်း ကောင်းကောင်း နားမလည်တော့ ကိုယ် နားလည်တတ်ကျွမ်းတဲ့ Blogging နဲ့ပဲ အဲဒီ သတ်ပုံကျမ်း Website ကို ဖန်တီးခဲ့တာပါ။ အခုအချိန်ထိဆို Page View ပေါင်း တစ်သိန်းကျော် ရှိတာကို တွေ့ရတော့ အများအတွက် အသုံးတည့်နေတယ်လို့ ယူဆမိတယ်။ ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။ တကယ်တမ်းတော့ ဒီဆိုဒ်လေးဟာ ဘလော့ဂ် မဟုတ်ဘူးဆိုရင် ပိုကောင်းလိမ့်မယ်လို့ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ အခုအတိုင်းဆိုရင် စာလုံးတစ်လုံး ရှာရတာ နည်းနည်း ခက်နေသလိုပဲ။ ဘလော့ဂ်ဆိုတော့လည်း ဘလော့ဂ်နဲ့ တူအောင် ကန့်သတ်ချက်တွေ ရှိနေတာကိုး။ ၂၀၀၈ ခုနှစ်က ဒီဆိုဒ်လေးကို မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ဆိုတဲ့ မြန်မာစာဌာနက […]

Continue reading →