PK Portfolio

Posts

Thoughts, notes, and things to share.

မြန်မာ့ရာဇဝင်မှ သာသနာဖျက် မင်းများ (၁)

မြန်မာနိုင်ငံတော်ရယ်လို့ ဖြစ်လာတဲ့ ပုဂံခေတ်ကနေ စပြီး ဗုဒ္ဓဘာသာ နိုင်ငံပါလို့ လက်မ ထောင်ခဲ့ကြတယ်။ ခေတ်အဆက်ဆက် မင်းအဆက်ဆက် ဗုဒ္ဓဘာသာမင်းတွေ ဖြစ်ကြပြီး ဗုဒ္ဓဘာသာကို အထူး ဦးစားပေး ကိုးကွယ်လာခဲ့ကြတာ မြန်မာတွေ အားလုံး အသိပါပဲ။ ဗုဒ္ဓဘာသာ ဆိုတာထက် အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာပေါ့။ ပုဂံခေတ်ကမှ မဟုတ်ပါဘူး ပုဂံခေတ်ထက် စောတဲ့ ပျူခေတ် ရာမညခေတ်၊ (မွန်မင်းဆက်)၊ ရခိုင်မင်းဆက်၊ စော်ဘွားအဆက်ဆက် တွေမှာလည်း ဗုဒ္ဓဘာသာကိုပဲ အများဆုံး ကိုးကွယ်ခဲ့ကြတာပါပဲ။ ဒါပေမယ့် မဟာယနနဲ့ ဗြဟ္မဏဝါဒတွေလည်း ပြန့်နှံ့နေတာပါ။ အရည်းကြီးဝါဒ နဲ့ နတ်ကိုးကွယ်မှုတွေလည်း ရှိတော့ ရှိကြတယ်။ ဒါပေမယ့် တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေ ကိုယ်နှိုက်က ဗုဒ္ဓဘာသာပါလို့ ခံယူကြတော့ ဗုဒ္ဓဘာသာက ခေတ်အဆက်ဆက် ပိုပြီး […]

Continue reading →

နောက်ကျသွားသော အပြုံး (၅)

<- အပိုင်း (၄) သို့နေ့တိုင်းလိုလိုပါပဲ။ သူ ကလေးအတွက် ဆိုပြီး ပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုး ၀ယ်၀ယ်လာတယ်။ ကလေးအ၀တ်အစားတွေ၊ ကလေးအသုံးအဆောင်တွေ၊ ကစားစရာတွေနဲ့ ကလေးတွေ ကြိုက်မယ့် စာအုပ်တွေက အစပေါ့။ သူ့အခန်း ပြည့်မတက် နေ့တိုင်း အထုပ်ကြီး အထုပ်ငယ်နဲ့ ၀ယ်၀ယ်လာတတ်တယ်။ နှင်းကတော့ နည်းနည်းလေးမှကို ဂရုစိုက်မနေပါဘူး။ မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်။ သူရဲ့ မျော့ကွင်းထဲ အမိခံလို့ ဘယ်ဖြစ်မလဲ။ နှင်းက နည်းနည်းလေးမှ မျက်နှာသာ မပေးတော့ အချိန်ရှိတိုင်း အခန်းထဲမှာပဲ အောင်းနေတော့တယ်။ သူ့အခန်းထဲက ကီးဘုတ်နှိပ်တဲ့အသံ တစ်ဂျောက်ဂျောက် တစ်ဂျက်ဂျက် ကြားနေရတယ်။ အော် သူ ချက်တင်ထိုင်ပြီး အင်တာနက် စွဲနေပြီ ထင်တယ်လို့ တွေးမိရုံက အပ နှင်းအပူ တစ်ပြားသားမှ မပါတော့ဘူးလေ။ […]

Continue reading →

နောက်ကျသွားသော အပြုံး (၄)

<- အပိုင်း (၃) သို့ကောင်မလေးက နှင်းကို တစ်ချက် မော့ကြည့်လိုက်၊ ကို့ကို တစ်ချက် လှမ်းကြည့်လိုက် လုပ်ပြီး မတ်တပ် ထရပ်လိုက်တယ်။ သူ ထွက်သွားမယ် အလုပ်မှာ ကိုက သူ့လက်ကို လှမ်းဖမ်းထားလိုက်ပြီး ပြန်ထိုင်ဖို့ အချက်ပေးလိုက်တာ နှင်း သတိထားမိလိုက်တယ်။ နောက်တော့ ကိုဟာ စိန်ခေါ်တဲ့ အနေနဲ့ စူးစူးရှရှကြီး နှင်းကို ပြန်ကြည့်လာတယ်။ အဲဒီအချိန်မှာ နှင်း ကြားနေရတာက တစ်ချက်ချင်း ခုန်နေတဲ့ နှင်းရဲ့ ရင်ခုန်သံပါပဲ။ သေခါနီး လူနာတစ်ယောက်လို လေးလေးပင်ပင်ကြီး ခုန်နေလေရဲ့။ နည်းနည်း ကြာကြာသာ ဆက်ရပ်နေမယ်ဆိုရင် နှင်းရဲ့ ဒေါသကြောင့် ကလေးရော နှင်းပါ ဒုက္ခရောက်သွားနိုင်တယ် ဆိုတဲ့ အသိလေး ၀င်လာချိန်မှာ ကိုယ့်ဖာသာကိုယ်ပဲ စားသောက်ဆိုင်ထဲက ထွက်လာလိုက်တော့တယ်။ […]

Continue reading →

နောက်ကျသွားသော အပြုံး (၃)

<- အပိုင်း (၂) သို့ကိုယ်ဖြစ်ချင်တဲ့ အရာတွေဟာ ဘာတစ်ခု ဖြစ်မလာခဲ့ပါလား လို့ စိတ်ပျက်အားငယ်စွာနဲ့ပဲ အငှားယာဉ်ပေါ်မှာ မျက်ရည်စိုစို ရွှဲခဲ့ရသေးတယ်။ `ဘာကြောင့်လဲ။ ငါတို့အချစ်ဟာ လောကဓံရဲ့ ရိုက်ချက်တစ်ချက်လေးတောင် ခံနိုင်ရည် မရှိခဲ့ပါလား။´ လို့ တွေးမိတိုင်း ၀မ်းနည်းလို့ မဆုံးဘူး။ အိမ်ပြန်ရောက်တော့လည်း ဘာမှ လုပ်ချင်စိတ် မရှိတာနဲ့ အိပ်ယာပေါ်ပဲ လှဲနေလိုက်တယ်။ မျက်စိမှိတ်လိုက်တိုင်း ကိုရဲ့ စူးရဲလွန်းတဲ့ သူစိမ်းဆန်လွန်းတဲ့ အကြည့်တွေပဲ ပြန်ပြန် မြင်ယောင်နေမိတယ်လေ။ နှင်း အားရပါးရ ငိုချပစ်လိုက်တယ်။ ညဉ့်နက်သန်းခေါင်ကျော်မှာ အံဆွဲ အဖွင့်အပိတ် အသံကြောင့် နှင်း လန့်နိုးလာခဲ့တယ်။ မီးဖွင့်ကြည့်လိုက်တော့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ တွင်တွင်စီးနေတဲ့ ကို့ကို မြင်လိုက်ရတယ်။ သူ ပိုက်ဆံတွေ ယူပြီး အိတ်ထဲ ထည့်နေလေရဲ့။ […]

Continue reading →

နောက်ကျသွားသော အပြုံး (၂)

->ဒီအိမ်မှာ ပြေးကြည့်လို့မှ သားအမိလေး သုံးယောက်ရှိပါတယ်။ တစ်ယောက်က တမင်သက်သက် အပြင်မှာ ထွက်စားနေတယ်ဆိုတော့ ဘယ်ကောင်းမလဲ။ ဒါကို နှင်းသိပါတယ်။ ဒါပေမယ့် နှင်းကြောင့် အမေနဲ့နှင်းအကြားမှာ ကို အနေမခက်စေချင်ဘူးလေ။ ကို့အနေနဲ့ သားကောင်းတစ်ယောက်ရဲ့ တာ၀န်နဲ့အတူ ခင်ပွန်းကောင်းတစ်ယောက်လည်း ဖြစ်ချင်သေးတာ မဟုတ်လား။ ကို နေရခက်အောင် နှင်း မလုပ်ချင်လို့ မလုပ်ရက်လို့ နှင်း အပြင်မှာ ထွက်စားခဲ့တာပါ။ နှင်းမှာ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး ကို။ အခုတော့ ကိုက နှင်းကို အထင်လွဲနေပြီ ထင်တယ်။ ရပါတယ် ကိုရယ်။ ကို့သဘောအတိုင်း နှင်း ကိုတို့နဲ့အတူ နံနက်စာ စားမှာပေါ့။ ကို အနေမခက်စေပါဘူး။ နှင်း ကြိုးစားပါ့မယ်။ ကိုပြောခဲ့သလိုပဲ ကို့အတွက်ပါ။ နှင်း အိမ်မှာပဲ […]

Continue reading →

နောက်ကျသွားသော အပြုံး (၁)

နှင်းတို့ အိမ်ထောင်ပြုပြီး နှစ်နှစ်ကျော်လာတဲ့အခါမှာ ကိုဟာ သူ့အမေကို နှင်းတို့နဲ့အတူ အိမ်မှာခေါ်ထားဖို့ အဆိုပြုလာတယ်။ ကို့အမေဆိုတာ နှင်းအမေပဲ မဟုတ်လား။ နှင်းဟာ ကို့လို ကံကောင်းတဲ့သူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ အခုချိန် ကို့မှာ လုပ်ကျွေးစရာ အမေဆိုတာ ရှိပေမယ့် နှင်းမှာက မိဘမပြောနဲ့ ဆွေမျိုးသားချင်းတောင် မရှိတဲ့ တစ်ကောင်ကြွက်ပါ။ ဒါကြောင့်မို့လည်း ကိုဟာ နှင်းရဲ့ တစ်ခုတည်းသော ကမ္ဘာပါပဲ။ အခု ကိုက အမေ့ကို အိမ်မှာ ခေါ်ထားမယ်ဆိုတော့ နှင်းအနေနဲ့ ကန့်ကွက်စရာ မရှိတဲ့အပြင် ကိုးကွယ်စရာ အမေတစ်ယောက် ရလိုက်တာကြောင့် အင်မတန် ဝမ်းသာရပါတယ်။ စိုးရိမ်မိတာ တစ်ခုပဲ ရှိပါတယ်။ ကိုကော နှင်းကောက အလုပ်ကိုယ်စီနဲ့ မဟုတ်လား။ နှင်းအနေနဲ့ ချွေးမတစ်ယောက်ရဲ့ တာဝန်၊ သမီးတစ်ယောက်ရဲ့ ဝတ္တရား […]

Continue reading →

သရုပ်ပြ မာတိကာကျမ်း မိတ်ဆက်

ကျနော် ကွန်ပျူတာရှေ့ ထိုင်ပြီး အင်တာနက် သုံးတိုင်း မြန်မာနိုင်ငံရဲ့ အင်တာနက်လောကနဲ့ ပတ်သက်ပြီး ဘယ်လိုမှ စိတ်တိုင်းမကျတဲ့ အရာတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ မြန်မာနိုင်ငံ၊ မြန်မာစာနဲ့ ပတ်သက်တာ ဘာပဲ ရှာရှာ၊ အင်တာနက်မှာ ရှာမတွေ့ဘူး။ ဒါ အရင်တုန်းကတော့။ အခုတော့ အထိုက်အလျောက် ရှာလို့ ရလာပါပြီ။ ဟိုးအရင် ၅ နှစ်၊ ၆ နှစ်ကဆိုရင် မြန်မာသီချင်းကိုတောင် အင်တာနက်မှာ ရှာဖို့ သိပ်မလွယ်ဘူး။ အင်မတန် နာမည်ကြီးတဲ့ သီချင်းလောက်ပဲ ရှိတယ်။ ဂူဂယ်လင်း လုပ်ပြီး ရှာလိုက်တိုင်း မတွေ့တာချည်းပဲ။ သူများနိုင်ငံမှာဆို (အဓိကတော့ အမေရိကားပေါ့) သီချင်းစာသားယူမလား၊ ရုပ်ရှင်ကားထဲက စကားပြော Dialogue ယူမလား။ အကုန် အွန်းလိုင်းမှာ ရှိတယ်။ ဥပမာ […]

Continue reading →

လူ့စရိုက်နှင့် စိတ်နေသဘောထား (၁)

လူဆိုးတစ်ယောက်ဟာ လူကောင်းဖြစ်လာဖို့ ခက်သလောက်၊ အချိန်ပေးရသလောက် လူကောင်းတစ်ယောက်ဟာ လူဆိုးဖြစ်သွားဖို့ မခက်ဘူး၊ အချိန်ပေးစရာ မလိုပါဘူး။ အဲသလိုပဲ … လူကောင်းတစ်ယောက်ဟာ မဟုတ်တာ လုပ်ရင် ယုံဖို့ တော်တော်ကြီး ခက်သလို လူဆိုးတစ်ယောက်ဟာ ဟုတ်တာတွေ လုပ်နေရင် လက်ခံပေးဖို့ တော်တော်ကြီး ခက်နေကြတယ်။ ကျနော် လူငယ်လေးတစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။ အခုဆို သူက အသက် (၂၀) ကျော်လောက် ရှိရောပေါ့။ သူ့အကြောင်း ဆိုတာက သူ့ ဆယ်ကျော်သက်အရွယ်ရဲ့ အဖြစ်အပျက် မဟုတ်ပါဘူး။ သူ စကား မပီကလာ ပီကလာ ပြောတတ်တဲ့ အရွယ်က အကြောင်းပါ။ အဲဒီ အရွယ်ဟာ ဘဝမှာ အရိုးရှင်းဆုံးနဲ့ အရိုးသားဆုံးပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ထူးဆန်းတာကလေ၊ သူ့မှာ […]

Continue reading →

အတော်ခွကျသော ယောက်ျားနှင့် လက်ျာဆိုသော စကားလုံးများ

မြန်မာလူမျိုးအတော်များများဟာ ယောက်ျား ဆိုတဲ့ စကားလုံးကို မြင်တာနဲ့ ယောက်ကျား ဆိုပြီး ဘယ်သူမဆို အသံထွက်တတ်ကြပါတယ်။ လက်ျာ ဆိုတဲ့ စကားလုံးကို မြင်ရင်လည်း လက်ယာ လို့ အတော်များများ ဖတ်တတ်နေကြတယ်။ ဒီစာလုံးနှစ်လုံးက ဘာတွေ ထူးခြားနေတယ် ဆိုတာကိုတော့ စဉ်းစားမိတဲ့သူ အတော်နည်းမယ် ထင်တယ်။ ကျနော်က ငယ်ငယ်ကတည်းက အတော်ခွ (ဂွ) ကျတဲ့သူ ဆိုတော့ ငယ်ငယ်ကတည်းက ဒီစကားလုံး နှစ်လုံးကို မျက်စိ ဆံပင်မွှေး ဆူးနေခဲ့တယ်။ ဟိုးငယ်ငယ်က မှတ်မိသေးတယ်။ ကျောင်းဖတ်စာထဲမှာ လက်ျာ ဆိုတဲ့ စကားလုံးပါလာတော့ ကျနော်က လက်ကျာ ဆိုပြီး အော်ကြီးဟစ်ကျယ် ဖတ်ပစ်လိုက်တယ်။ ဆရာမက ငေါက်တယ်။ လက်ယာ လို့ ဖတ်ပါဟဲ့ တဲ့။ အဲ့တော့ သူပြောတဲ့အတိုင်း […]

Continue reading →

စိတ်ဟူသော ကန်ရေပြင်

ကန်ရေပြင်ဟာ ငြိမ်သက်နေမယ်ဆိုရင် ရွံ့နွံ့စတဲ့ အနောက်အကျိတွေ ကင်းပြီး ကြည်လင်လာတယ်။ ရေပြင်ဟာ ကြည်လင်လာပြီ ဆိုတာနဲ့ ကန်အောက်ခြေကို အနှောက်အယှက်မရှိ ရှင်းရှင်းကြီး မြင်ရပါပြီ။ အောက်ခြေမှာ ညစ်ပတ်နေလည်း အတိုင်းသား မြင်ရတယ်။ သန့်ရှင်းနေရင်လည်း အထင်းသား မြင်နေရတယ်။ အဲဒီလိုပါပဲ။ ကန်ရေပြင်နဲ့ တူတဲ့ စိတ်ဟာလည်း အနှောက်အယှက်ကင်းအောင် ထားနိုင်ရင် တည်ငြိမ်လာပါမယ်။ တည်ငြိမ်လာတာနဲ့ တစ်ပြိုင်နက် ကိလေသာနဲ့ တူနဲ့ ရွံ့နွံတွေ ကင်းစင်ပြီး စိတ်ဟာ ကြည်လင်လာမယ်။ စိတ်ကလေး ကြည်လာတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကန်ရဲ့ အခြေကို မြင်ရသလို စိတ်ရဲ့ အနက်ရှိုင်းဆုံးမှာ ရှိတဲ့ အစစ်အမှန်ပညာ ကိုလည်း  ရှင်းရှင်းလင်းလင်း မြင်လာရမယ်။ နောက်ပြီး ကိုယ့်ရဲ့ အတွင်းထဲမှာ ခိုအောင်းနေတတ်တဲ့ မကောင်းတဲ့ ဉာဉ်တွေကိုလည်း ထင်ထင်ကြီး မြင်လာရမယ်။ အပြစ်ဆိုတာ […]

Continue reading →