PK Portfolio

Posts

Thoughts, notes, and things to share.

Brain On Fire – Susannah Cahalan

နယူးယောက် မက်ဟန်တန်မှာ နေတဲ့ အသက် ၂၀ ကျော် ကောင်မလေးတစ်ယောက်။ သူ့နာမည်က စူဆန်နာ (Susannah Cahalan)၊ သူက New York Post သတင်းစာတိုက်မှာ Reporter အနေနဲ့ အလုပ်လုပ်နေတယ်။ တစ်နေ့ည အိပ်မက်တစ်ခု မက်တယ်။ သူ အိပ်နေတဲ့ သူ့အိမ်က အိပ်ရာထဲမှာ ကြမ်းပိုးတွေ ရှိနေတယ်တဲ့။ အိပ်ရာက လန့်နိုးလာတော့ သူ့လက်ဖျံပေါ်မှာ အနီကွက်နှစ်ကွက် တွေ့လိုက်ရတော့ သူ လန့်ဖျပ်သွားတယ်။ ဒါနဲ့ ကြမ်းပိုးနှိမ့်နင်းရေး ကုမ္ပဏီကို ဆက်သွယ်ပြီး ကြမ်းပိုးသတ်ခိုင်းပါလေရော။ ကုမ္ပဏီက လာကြည့်ပေးတယ်။ စစ်ဆေးပေးတယ်။ ဘာမှ မတွေ့ဘူး။ တစ်ကောင်တလေတောင် မတွေ့ဘူး။ အဲဒီအကြောင်းကို စူဆန်နာကို ပြောပြတော့ သူက မယုံဘူး။ ဒီလူတွေ အလုပ်အကိုင် ပေါ့လျော့တယ်၊ […]

Continue reading →

တရုတ်ပြည်တွင်းစစ် (၁၉၄၅-၁၉၄၉) – Michael Lynch

အခုချိန်မှာ မြို့သိမ်းတိုက်ပွဲတွေ တစ်ခုပြီးတစ်ခု ကြားလာရတော့ မြန်မာပြည် ပြည်တွင်းစစ်သဘောက ထင်ရှားသထက် ထင်ရှားလာတယ်။ ကျနော်က နိုင်ငံရေး သုခမိန်လည်း မဟုတ်လေတော့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဘာညာသာရကာ စာအရှည်ကြီး မရေးချင်ပါဘူး။ ဒါပေမယ့် စာဖတ်ဝါသနာပါသူ တစ်ယောက်ပီပီ ကမ္ဘာ့သမိုင်း လည်စောင်းပြီး ငဲ့ကြည့်လိုက်မိတယ်။ ဖြစ်ပြီးပျက်ပြီးတဲ့ ကမ္ဘာ့သမိုင်းစဉ် တစ်လျှောက်မှာ လက်ရှိ ဖြစ်စဉ်နဲ့ အနီးစပ်ဆုံး ဒါမှမဟုတ် ဆင်ဆင်တူတဲ့ သမိုင်းဖြစ်စဉ် ဘာများ ရှိမလဲပေါ့။ ဒါနဲ့ တရုတ်ပြည်တွင်းစစ်ကို သတိရမိသွားတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မြို့သိမ်းတိုက်ပွဲတွေ၊ ဒါမှမဟုတ် ပြည်တွင်းစစ် ပုံစံနဲ့ တရုတ်ပြည်တွင်းစစ်နဲ့ တူများ တူလေမလားလို့ စာအုပ်တွေ ရှာဖတ်ကြည့်မိတယ်။ အောက်မှာ ပုံပြထားတဲ့ စာအုပ်ကတော့ တရုတ်ပြည်တွင်းစစ် (၁၉၄၅-၁၉၄၉) ကို […]

Continue reading →

Prisoners of Geography – Tim Marshall

ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ စာအုပ်သုံးအုပ်ကတော့ နိုင်ငံရေးနဲ့ စပ်ဆိုင်တဲ့ စာအုပ်တွေပဲ။ အတိအကျ ပြောရရင်တော့ ပထဝီနိုင်ငံရေး ဒါမှမဟုတ် နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေပါ။ ရေးသူကတော့ တစ်ဦးတည်းပဲ။ Tim Marshall တဲ့။ ပထဝီနိုင်ငံရေးအကြောင်း လေ့လာမယ်ဆိုရင် မဖတ်မဖြစ်တဲ့ စာအုပ်တွေပေါ့။ ပထမစာအုပ်ဖြစ်တဲ့ Prisoners of Geography ကို ၂၀၁၅ ခုနှစ်က ထုတ်ခဲ့တယ်။ ဒုတိယစာအုပ် Power of Geography ကိုတော့ ၂၀၂၁ မှာ ထုတ်ခဲ့တယ်။ တတိယစာအုပ် Future of Geography ကတော့ ထွက်တော့ မကြာသေးဘူး။ ဒီနှစ် (၂၀၂၃) မှာ ထွက်ထားတာပဲ။ နိုင်ငံတကာဆက်ဆံရေးအကြောင်း ပြောရပြီဆိုရင် Geopolitics အကြောင်းကို နားမလည်လို့ မရဘူး။ […]

Continue reading →

When Animals Dream & The Mind of a Bee

ဒီရက်ပိုင်း ဖတ်ဖြစ်တဲ့အထဲမှာ ထူးခြားတဲ့ စာအုပ်နှစ်အုပ်ပါပဲ။ နှစ်အုပ်စလုံးက Neuroscience နဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေတယ်။ ဒီစာအုပ်နှစ်အုပ်ကို ဖတ်ပြီးတဲ့အခါမှာ ပိုပြီး သဘောကျမိတာက Neuroscience ကြောင့် မဟုတ်ဘဲ သူတို့ရဲ့ သုတေသနလုပ်တဲ့ research methodology တွေပဲ။ ပြောရရင် သူတို့တွေက လူမဟုတ်တော့ သူတို့ရဲ့ ခံစားချက်၊ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေကို ဘာသာစကား တစ်ခုခုနဲ့ ဖော်ပြနိုင်စွမ်း မရှိကြဘူး။ ဒီတော့ လူက အဲဒါကို သိအောင် ဘယ်လို လုပ်မလဲ။ ဒါက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ဥပမာ ပြောရရင် ပျားတွေက စိတ်ဆိုးတတ်သလား၊ စိတ်လှုပ်ရှားတတ်သလား ဆိုတာမျိုးပေါ့။ တိရစ္ဆာန်တွေရဲ့ subjective experience ပုဂ္ဂလိကအတွေ့အကြုံကို တိုက်ရိုက် မလေ့လာနိုင်တော့ […]

Continue reading →

ဂုဂျိယဖ်နိဒါန်း – ဇေ

ဂုဂျိယဖ် Gurdjieff (၁၈၇၇-၁၉၄၉) ခရစ်ယာန်ဘာသာထဲကို စရဏလို့ ခေါ်တဲ့ အကျင့်တွေ၊ ဒါမှမဟုတ် ကျင့်စဉ်တွေ ထည့်ထပ်ပြီး ဥရောပနဲ့ အမေရိကားမှာ သာသနာပြုခဲ့တဲ့ နာမည်ကျော် ပုဂ္ဂိုလ်ကြီး။ ဘယ်လို ကျင့်စဉ်တွေ ထပ်ထည့်သလဲ ဆိုတော့ ဥရောပမှာ ရှေးရှေး အမှောင်ခေတ်က ခေတ်စားခဲ့တဲ့ ဂမ္ဘီရကျင့်စဉ်တွေ၊ အရှေ့အလယ်ပိုင်းမှာ တွင်ကျယ်တဲ့ ဆူဖီကျင့်စဉ်တွေ (ဒါက အစ္စလာမ်ဘာသာဝင်တွေဆီကနေ သင်ယူထားခဲ့တာ)၊ အိန္ဒိယက ဂန္ဓာရီကျင့်စဉ်တွေ၊ နောက်ပြီး တိဘက်နဲ့ အိန္ဒိယမြောက်ပိုင်းက ရလာတဲ့ ဇင်ကျင့်စဉ်နဲ့ တန္တရကျင့်စဉ်တွေ။ စတဲ့ ကျင့်စဉ်တွေကို သူ သဘောကျသလို ကောင်းနိုးရာရာတွေ ထုတ်နုတ်စုစည်းပြီး သူက သူ့တပည့်တွေကို သင်ကြား ပြသပေးတယ်။ သူကိုယ်တိုင်ကလည်း နှစ်ပေါင်း နှစ်ဆယ်လောက် တိဘက်၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကမြောက်ပိုင်းနဲ့၊ […]

Continue reading →

ချင်ပန်ဇီတွေကို လူတွေလို တွေးတတ်ခေါ်တတ်၊ စီမံကိန်း ချတတ်အောင် ပြုပြင်ယူလို့ ရနိုင်သလား။

Planet of Apes ရုပ်သံဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ အဲဒီဇာတ်ကားတွေထဲမှာ ချင်ပန်ဇီတွေဟာ လူတွေလို တွေးတတ်လာပြီး လူသားမျိုးနွယ်တွေနဲ့ ပဋိပက္ခ ဖြစ်ကြရတဲ့ အကြောင်းကို ရိုက်ထားတယ်။ The Rise of Planet of Apes ဇာတ်ကားထဲမှာတော့ အဲဒီ မျောက်ဝံတွေက ဘယ်လိုကနေ ဘယ်လို လူတွေလို အသိဉာဏ် ရှိလာရတာလဲ ဆိုတဲ့အကြောင်းကို ထည့်ရိုက်ထားတယ်။ ရုပ်ရှင်ထဲမှာ ပါတာကတော့ အယ်ဇိုင်းမားရောဂါကို ကုနိုင်ဖို့ ဆေးထွင်ရင်းနဲ့ မတော်တဆ တွေ့ရှိတာ ဆိုတဲ့ ပုံစံမျိုးနဲ့ ရိုက်ပြထားတယ်။ ဒီတော့ မေးချင်တဲ့ မေးခွန်းက ချင်ပန်ဇီတွေကို လူလို တွေးတတ်လာအောင် တကယ်လက်တွေ့မှာ လက်ရှိသိပ္ပံပညာနဲ့ လုပ်လို့ ရနိုင်မလား။ နောက်တစ်မျိုး ပြောင်းမေးရရင် မျောက်ဝံတွေရဲ့ […]

Continue reading →

လူက လေကို မမြင်ရတော့ ရေသတ္တဝါတွေကရော ရေကို မြင်ရသလား

စိတ္တဇဂရုတစ်ခုမှာ အဲဒီလို မေးထားတာတွေ့လို့ ဟိုးအရင်တစ်ချိန်က ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးအတိုလေးကို ပြန်သတိရသွားတာနဲ့ ပြန်ရှာပြီး မြန်မာလို ပြန်ပေးလိုက်ပါတယ်။ ဦးနှောက်က အမြင်အာရုံအတွက် အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေကို အလိုအလျောက် ဖယ်ထုတ်ပေးတယ်။ အနံ့ခံအာရုံမှာလည်း အဲဒီသဘောပဲ။ ကျနော်တို့ လေရဲ့ အနံ့ကို မရကြဘူး။ အဲဒီလိုပဲ မျက်စိကလည်း လေကို မြင်ရမှာ မဟုတ်ဘူး။ ဦးနှောက်က ကျနော်တို့ အမြဲဆက်ဆံထိတွေ့နေရတဲ့ လေရဲ့အဆင်းကို အမြင်အာရုံကနေ အလိုအလျောက် ဖယ်ထုတ်ပေးထားတယ်။ တကယ်လို့သာ ဖယ်ထုတ်မထားရင် ကျနော်တို့ရဲ့ အမြင်မှာ ကန့်လန့်ကာတစ်ခု ကာထားသလို ဖြစ်နေတော့မှာပေါ့။ ဒါကြောင့် လေအပြင် လေနဲ့ သဘောဆင်တူတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်က အလိုအလျောက် filter လုပ်ပေးထားတယ်။ ဒါမှလည်း ကုန်းနေသတ္တဝါတွေ အနေနဲ့ ပြင်ပလောကကို […]

Continue reading →

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် – ကျမြီး

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် (ဘာသာပြန်သူ ကျမြီး) စာအုပ်က မဂ္ဂဇင်းဆိုဒ် စာမျက်နှာ ၆၀၀ ကျော်ပါတဲ့ စာအုပ်အထူကြီးဆိုတော့ အတော်လေး ဖတ်ယူခဲ့ရတယ်။ စာအုပ်ရဲ့ မူရင်းစာရေးသူက ဆာ ဝီလီယံ ဆလင်း။ သူက ၁၉၄၂ ခု အင်္ဂလိပ်တပ်တွေ မြန်မာပြည်ကနေ အိန္ဒိယပြည်ထဲ ဆုတ်ခွာတော့ သူက ဦးစီးခဲ့ရတယ်။ နောက်ပြီး ၁၉၄၄ ခုကနေ စပြီး မြန်မာပြည်ကို ပြန်သိမ်းတော့လည်း Burma Campaign ရဲ့ စစ်သေနာပတိအနေနဲ့ ဦးဆောင်ပြီး သိမ်းခဲ့တာဆိုတော့ ဒီစာအုပ်က သူရဲ့ မြန်မာပြည်စစ်မှတ်တမ်းလို့ ပြောလို့ရတယ်။ ဒီစာအုပ် မဖတ်ခင်က သိချင်နေခဲ့တဲ့ အချက်တချို့ ရှိခဲ့တယ်။ ၁၉၄၂ ခုနှစ်လောက်မှာ ဗြိတိသျှဟာ ပြိုင်ဘက်မရှိ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတစ်နိုင်ငံအနေနဲ့ ရပ်တည်နေနိုင်တုန်းပဲ။ (အဲဒီအချိန်မှာ […]

Continue reading →

ကမ္မဝါဒီများနှင့် ကမ္မဝါဒများအကြောင်း (၁)

“ကံ၊ ကံ၏အကျိုးကို ယုံကြည်မှ ဗုဒ္ဓဘာသာ ဖြစ်တယ်” ဆိုတဲ့ စကားတွေ ကြားနေရတဲ့အခါမှာ စိတ်ထဲ ခိုးလိုးခုလု ဖြစ်မိတယ်။ တချို့ ဘုန်းတော်ကြီးတွေကလည်း တရားဟောတဲ့အခါမှာ ကံကံ၏အကျိုးကို ယုံကြည်ရုံနဲ့ ဗုဒ္ဓဘာသာ ဖြစ်တာလိုလို ဟောနေတာ ကြားရတော့ စိတ်ထဲ ယားကျိကျိနဲ့။ တကယ်တမ်း ကံကံ၏အကျိုးကို ယုံကြည်ရုံနဲ့၊ ကမ္မဝါဒီ ဖြစ်ရုံနဲ့ ဗုဒ္ဓဘာသာ ဖြစ်ပါပြီလို့ ပြောလို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကံကံ၏အကျိုးကို ယုံကြည်တဲ့ ဘာသာကြီး သုံးခု ရှိတယ်။ ဒါကို သိထားဖို့ လိုပါတယ်။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ဘာသာတွေ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ မြစ်ဖျားခံ မွေးဖွားခဲ့တဲ့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာ သုံးခုစလုံးဟာ ကမ္မဝါဒတွေ ဖြစ်ကြတယ်။ အဲဒီ ဘာသာ […]

Continue reading →

အောက်ကမြစ် (သို့) အောက်မြစ် (သို့) အ-မြစ်

အောက်ကမြစ် (သို့) အောက်မြစ် (့) ကို အများစုက သာမန်ကာလျှံကာပဲ အောက်ကမြင့် (သို့) အောက်မြင့်လို့ ဖတ်ကြတယ်။ မြန်မာစာမှာ အောက်မြစ်ရဲ့ မူလအသုံးက tone လို့ခေါ်တဲ့ အသံအနိမ့်အမြင့်ကို ဖော်ပြတဲ့ သင်္ကေတတစ်ခုပေါ့။ အသံပြောင်းသင်္ကေတ တစ်ခုပေါ့။ အနိမ့်သံကို ဖော်ပြချင်တဲ့ အခါ၊ အသံရှည်ကို တိုအောင်ဖြတ်ချလိုတဲ့အခါမှာ အောက်မြစ်ထည့်သုံးရတာပေါ့။ ဥပမာ အာ့၊ အာ၊ အား ဆိုတာလိုပဲ။ ပါဠိဘာသာမှာက အနိမ့်သံဖြစ်တဲ့ အောက်မြစ် (့) သင်္ကေတလည်း မရှိသလို အမြင့်သံဖြစ်တဲ့ ဝစ္စပေါက် (း) သင်္ကေတလည်း မရှိဘူး။ ပြောရရင် အောက်မြစ် ဆိုတဲ့ သင်္ကေတဟာ မြန်မာတွေ ထွင်ခဲ့တဲ့ သင်္ကေတတစ်ခုလို့ ပြောလို့ရတယ်။ အောက်မြစ်ရဲ့ သမိုင်း မြန်မာအက္ခရာရယ်လို့ ပထမဆုံး […]

Continue reading →