တရုတ်ပြည်တွင်းစစ် (၁၉၄၅-၁၉၄၉) – Michael Lynch
အခုချိန်မှာ မြို့သိမ်းတိုက်ပွဲတွေ တစ်ခုပြီးတစ်ခု ကြားလာရတော့ မြန်မာပြည် ပြည်တွင်းစစ်သဘောက ထင်ရှားသထက် ထင်ရှားလာတယ်။ ကျနော်က နိုင်ငံရေး သုခမိန်လည်း မဟုတ်လေတော့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဘာညာသာရကာ စာအရှည်ကြီး မရေးချင်ပါဘူး။ ဒါပေမယ့် စာဖတ်ဝါသနာပါသူ တစ်ယောက်ပီပီ ကမ္ဘာ့သမိုင်း လည်စောင်းပြီး ငဲ့ကြည့်လိုက်မိတယ်။ ဖြစ်ပြီးပျက်ပြီးတဲ့ ကမ္ဘာ့သမိုင်းစဉ် တစ်လျှောက်မှာ လက်ရှိ ဖြစ်စဉ်နဲ့ အနီးစပ်ဆုံး ဒါမှမဟုတ် ဆင်ဆင်တူတဲ့ သမိုင်းဖြစ်စဉ် ဘာများ ရှိမလဲပေါ့။ ဒါနဲ့ တရုတ်ပြည်တွင်းစစ်ကို သတိရမိသွားတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မြို့သိမ်းတိုက်ပွဲတွေ၊ ဒါမှမဟုတ် ပြည်တွင်းစစ် ပုံစံနဲ့ တရုတ်ပြည်တွင်းစစ်နဲ့ တူများ တူလေမလားလို့ စာအုပ်တွေ ရှာဖတ်ကြည့်မိတယ်။ အောက်မှာ ပုံပြထားတဲ့ စာအုပ်ကတော့ တရုတ်ပြည်တွင်းစစ် (၁၉၄၅-၁၉၄၉) ကို […]
