သူငယ်ချင်း တစ်ယောက်ထံမှ ….
ဆုလေးက သူငယ်ချင်းအကြောင်း ရေးဖို့ တက်ထားတာ အတော်ကလေးကို ကြာနေပါပြီ။ ရေးမယ်လို့ ချိန်ဆတော့လည်း ဘယ်သူ့အကြောင်းကို ရေးရမလဲ ဆိုတာကလည်း ပြဿနာလေ။ သူငယ်ချင်းတွေက များတော့ ရွေးရတော့ ခက်သား။ နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက်ကို သွားသတိရတယ်။ သူက ကျနော့်ဘဝမှာ သူမတူအောင် မှတ်တမ်းတင်ထိုက်တဲ့ လူတစ်ယောက်ပါ။ အမှန်အတိုင်း ပြောရရင် သူ့အကြောင်း သိပ်မရေးချင်ပါဘူး။ စဉ်းစားမိတိုင်း စိတ်မကောင်း ဖြစ်လို့ပါ။ သူနဲ့ ကျနော်တို့ (၈) တန်း ကျောင်းသား ဘဝကတည်းက တစ်တန်းတည်း အတူနေ အရမ်းခင်လာခဲ့ကြတာပါ။ ကမျင်းဖော် ကမျင်းဖက်၊ သောင်းကျန်းဖော် သောင်းကျန်ဖက်တွေပါ။ အတန်းထဲမှာ အဆိုးဆုံး၊ အဂျစ်ဆုံး၊ အပေဆုံး၊ အကပ်ဆုံးလို့ ပြောလို့ ရသလိုပဲ အတော်ဆုံးလည်း ဖြစ်ပါတယ်။ (၉) တန်းတုန်းက […]