PK Portfolio

Category: About Me

တို့စိတ်တွေ လေနေတဲ့ မေ (၃၁)

မနက်ဖြန်ဆိုရင် သူ ထွက်ခွာသွားတာ (၁၂) နှစ် တင်းတင်းပြည့်သွားပါပြီ။ သူနဲ့ ပတ်သက်တဲ့အကြောင်းကို ကျနော် တံခါးခေါက်သံများ ဆိုပြီး အပိုင်း (၂၊ ၃၊ ၄) မှာ ရေးခဲ့ဖူးပါတယ်။ ကျနော်တို့ အင်မတန်မှ ခင်မင်ရတဲ့ ခင်မင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်၊ သူငယ်ချင်း အားလုံးအပေါ်မှာ အနွံတာ ခံနိုင်တဲ့ ညီအကိုတစ်ယောက်၊ အမေကို အစွမ်းကုန် စိတ်ချမ်းသာစေချင်တဲ့ သားကောင်း တစ်ယောက်။ အဝေမွှေးပေမယ့် အကြွေစောခဲ့တဲ့ သူငယ်ချင်း။ တကယ် ပြန်တွက်ကြည့်ရင် သူ့အသက်က (၂၁)၊ တစ်ချိန်မှာ အင်မတန်မှ မှည့်ဝင်းရွှန်းစိုမယ့် အသီးတစ်လုံးလို့ အားလုံးက မျှော်လင့်ထားခဲ့ပေမယ့် နုနုနယ်နယ်နဲ့ပဲ အကြွေ စောခဲ့ရတယ်။ သူ အဲဒီတုန်းက ကွန်ပြူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျနော် […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၇)

လူတစ်ယောက်ကို မေ့ဖို့ တမင်သက်သက် လုပ်ယူနေရသရွေ့ နှစ်ဆတိုးတဲ့ နှုန်းနဲ့ တိုးတိုးပြီး သတိရနေတတ်တယ်။ မေ့ဖို့ ကြိုးစားလေလေ မေ့မရလေပေါ့။ မမေ့လို့ အသားကို နာအောင် လုပ်မိခါမှ အသားနာတိုင်း သတိရနေမိတော့တယ်။ တကယ်တမ်း ကျနော် မန္တလေး ပြန်ရောက်ကတည်းက သူနဲ့ ကျနော် ဖုန်းအဆက်အသွယ်က လွဲလို့ ဘာမှ မရှိတော့ဘူး။ တစ်ခါတလေ သူက ဖုန်းဆက်လာတတ်တယ်။ အင်မတန် နည်းပါတယ်။ တစ်ခါတလေတော့ ကျနော် ခေါ်တယ်။ နှစ်ယောက်စလုံးကို အပြန်အလှန် ခင်တဲ့ သူငယ်ချင်းလည်း မရှိလေတော့ ကျနော် သူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဖုန်းဆက်မှ သိရတယ်။ အဲဒီလိုပါပဲ သူလည်း ကျနော်နဲ့ ပတ်သက်လို့ ဖုန်းအဆက်အသွယ် မရရင် ဘာမှ ကြားရမှာ မဟုတ်တော့ဘူး။ […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၆)

သေနတ်ကို ကျည်အပြည့်နဲ့ ချိန်ထားပြီးခါမှ မပစ်ရတော့တဲ့ ဖီလင်၊ မေတ္တာကို ခူးဆွတ်ဖို့ ခြင်းတောင်း အသင့်နဲ့ လက်လှမ်းပြီးခါမှ ပြန်ရုပ်လိုက်ရတဲ့ ဖီလင်၊ ပါးစပ်ထဲကို လှမ်းထည့်လိုက်တဲ့ မုန့်တစ်တုံး ချော်ပြီး မြေကြီးပေါ် ကျသွားလို့ ခံစားလိုက်ရတာတွေဟာ အတူတူပဲ နှိုင်းယှဉ်လို့ ရပါ့မလား။ အဲဒီ ကတိကို ပေးလိုက်တဲ့ အချိန်မှာ ကျနော် မြင်ယောင်မိတာ တစ်ယောက်တည်း။ အဲဒါ အမေပါ။ ဖုန်းချပြီးတော့မှ ဆက်တိုက်ဆိုသလို လူတွေ အများကြီး တစ်ယောက်ပြီးတစ်ယောက် မြင်ယောင်လာပြီး အတွေးတွေ အားလုံး ထွေနေတော့တယ်။ ပထမဆုံး တွေးလိုက်မိတာက သူ့အကြောင်း။ ဟုတ်တယ်။ အိစုအကြောင်းပါ။ ကျနော် ဘာဆက်လုပ်ရမလဲ ဆိုတာ ဆက်စပ် တွေးလိုက်တဲ့အခါမှာ မျက်နှာပူလာတယ်။ မျက်လုံးထဲမှာ ဝိုင်းလှော်ပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၅)

တံခါးခေါက်သံများ ခေါင်းစဉ်နဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်က (၁)၊ (၂)၊ (၃)၊ (၄) ဆိုပြီး အပိုင်း(လေး) အထိ ရေးပြီး ဆက်မရေးဖြစ်တော့ဘူး။ ကျနော့်ဘဝရဲ့ ကောက်ကြောင်းတချို့ကို ချရေးတာဆိုတော့ အပိုင်းတွေ အများကြီး အများကြီး ထပ်ရေးလို့ ရနေသေးတာပေါ့။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ အတော်ကို ကြွေကျလုမတက် ဆွေးမြေ့လာတယ်။ ဖတ်နေတဲ့လူတော့ မပြောတတ်ဘူး။ အေးပေါ့လေ။ ကျနော်က တကယ် အဖြစ်မှန်နဲ့ ကြုံတွေ့ခဲ့ရတဲ့ သူဆိုတော့ ပြန်တွေးမိတိုင်း အဟောင်းတွေ အသစ်အသစ် ဖြစ်ဖြစ်လာတာတော့ အမှန်ပဲ။ ဒီ အပိုင်း (၅) ကို ဆက်ရေးရတော့မယ် ဆိုရင် ပိုပြီးတော့ကို စိတ်ထိခိုက်စေမယ့် လူတစ်ယောက်အကြောင်း ဖြစ်နေလို့ ကျနော် လွန်ခဲ့တဲ့ ခြောက်လကတည်းက ရေးဖို့ လက်တွန့်ခဲ့တယ်။ တံခါးခေါက်သံများ […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၄)

ဆရာဝန်နဲ့ အေးဆေး စကားပြောဖြစ်တော့ (၇) ရက် စောင့်ရတဲ့ အကြောင်းအရင်းကို မေးကြည့်ဖြစ်တယ်။ ဆရာဝန်ကလည်း အသေအချာ ရှင်းပြပါတယ်။ ဘာလို့လဲဆို ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး ရောဂါတွေ ထဲမှာ ခွေးရူးပြန်ရောဂါလည်း တစ်ခု ပါဝင်နေလို့ပါ။ ခွေးရူးရောဂါပိုးဟာ အရေပြား အပေါက်အပြဲကနေ တဆင့် ခန္ဓာကိုယ်ထဲကို ရောက်နေတတ်ပါတယ်။ အဓိက သယ်ဆောင်လာပေးတဲ့ ကြားခံဟာ ခွေးသွားရေပါ။ အဓိက ကူးစက်စေတဲ့ သတ္တဝါဟာ ခွေးဖြစ်တာမို့ ခွေးရူးပြန်ရောဂါလို့ ကင်းပွန်းတပ်တာ ဖြစ်ပါလိမ့်မယ်။ ဆရာဝန်ရဲ့ ပြောပြချက်အရဆိုရင် ခွေးတိုင်းမှာ ခွေးရူးပြန်ရောဂါပိုး ရှိနေတတ်ပါတယ်။ ကာကွယ်ဆေး ထိုးမထားတဲ့ ခွေးတိုင်းမှာပေါ့။ တစ်ခါတလေ အိမ်မွေးခွေး တချို့က ကိုယ်ရဲ့ သခင်ကို ချစ်စနိုးနဲ့ လက်ကိုဖြစ်ဖြစ်၊ ခြေကိုဖြစ်ဖြစ် ခဲထားတတ်ပါတယ်။ ခွေးသွားရေမှာ […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၃)

ကာကွယ်ဆေး ထိုးဖို့ ငွေ (၃၀၀၀၀) ကျပ် သူ့အတွက် မတတ်နိုင်ဘူး ဆိုတာ သူ့ဆီမှာ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ သူ့ဆီမှာ အဲဒီ ငွေ ပမာဏ အဲဒီ အချိန်က သူ့လက်ထဲမှာ ရှိနေပါတယ်။ ဒါဆို ဘာလို့ သွားမထိုးတာလဲလို့ စာဖတ်သူ အနေနဲ့ မေးချင်လိမ့်မယ်။ ကျနော်လည်း အဲဒီ အချိန်က မေးဖြစ်ခဲ့တယ်။ အရှင်းဆုံး ပြောရရင် သူ ခွေးရူးကိုက်တဲ့ ဒဏ်ရာကြောင့် သေရလိမ့်မယ်လို့ သိမထားလို့ပေါ့။ နောက်တစ်ချက်က အဲဒီ ငွေ သုံးသောင်းကို သူ နှမြောတယ်။ လွန်ခဲ့တဲ့ ၉ နှစ်က သုံးသောင်းဆိုတဲ့ ပမာဏက သူ မပြောပါနဲ့၊ တော်ရုံ လူတစ်ယောက် အနေနဲ့တောင် မတတ်နိုင်ပါဘူး။ မသုံးရက်ဘူးလို့ […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၂)

ကျနော်ဘဝမှာ အင်မတန်မှ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ပါတယ်။ အခုအချိန်ထိလည်း ချစ်နေရတဲ့ သူငယ်ချင်းပါ။ ဒါပေမယ့် သူ မရှိရှာတော့ဘူး။ သူနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်ထံမှ ဆိုတဲ့ ပို့စ်မှာ အနည်းအကျဉ်း ရေးဖူးပါတယ်။ ကျနော်အကြောင်း ရေးတဲ့ ပို့စ်မှန်သမျှမှာလည်း သူ့အကြောင်း မပါတဲ့ ပို့စ် မရှိသလောက်အောင် ချစ်ခဲ့ကြတယ်။ ကျနော်တို့ အရမ်း ချစ်ခဲ့ကြသလို ကျနော်တို့ နှိပ်စက်တာကိုလည်း အတော် ခံခဲ့ရတာပါ။ သူရဲ့ သူငယ်ချင်းအပေါ် ယုံလွယ်တဲ့ စိတ်နဲ့တင်ကို ခဏခဏ အနိုင်ကျင့် ခံခဲ့ရတယ်။ အရိုးခံစိတ်နဲ့ ကျနော်တို့ကို ပေါင်းတာဆိုတော့ ကျနော်တို့ လှိမ့်သမျှလည်း ခံနေရတာပေါ့။ အဲလောက်တုံး၊ အဲလောက် အ,ပါလားလို့ အပြစ်တင် မစောပါနဲ့။ ကျနော်တို့ သူငယ်ချင်း (၈) ယောက်ထဲမှာ […]

ဆက်ဖတ်ရန် →

တံခါးခေါက်သံများ (၁)

“ဒေါက်၊ ဒေါက်၊ ဒေါက်” ဆိုတဲ့ အသံက ကိုယ်ရဲ့ တံခါးမှာ မြည်နေပြီဆိုရင် ဧည့်သည် တစ်ယောက်ယောက် ကိုယ့်အိမ်ရှေ့ ရောက်နေတယ်လို့ လူတိုင်း ယူဆလိုက်ကြတယ်။ ကိုယ့်တံခါးက ခေါက်သံမြည်မှတော့ ကိုယ့်အိမ် ဧည့်သည်လာတာပေါ့၊ ဒါ ဘာထူးဆန်းသလဲလို့ မေးချင်တဲ့သူတွေ ရှိပါလိမ့်မယ်။ ကျနော် ဆက်စပ်ပြီး တွေးလိုက်မိတာက တံခါးခေါက်သံ ကြားပြီး မကြာခင်မှာ အိမ်ထဲကို လူတချို့ ဝင်လာတော့မယ် ဆိုတာ သေချာသလောက်ပဲ။ တစ်ခါတလေတော့ တံခါးခေါက်တဲ့သူက အိမ်ထဲ မဝင်တော့ဘဲ အိမ်ထဲကသူကို အိမ်ပြင် ခေါ်ထုတ်သွားတတ်တယ်။ ဥပမာ သူငယ်ချင်းတွေပေါ့။ သူတို့ လာရင် လက်ဘက်ရည်ဆိုင် သွားရအောင်ဆိုပြီး ခေါ်သွားလေ့ရှိတယ်။ နေ့တိုင်းလိုလို လူတိုင်းနီးပါး တံခါးခေါက်သံကို ကြားနေကြရမှာပါ။ ဒါပေမယ့် ရည်ရွယ်သူသာ ကြားရတဲ့ တံခါးခေါက်သံမျိုး […]

ဆက်ဖတ်ရန် →

မွေးနေ့လက်ဆောင် ”ပီကေကပ်သော အတွေးစုများ” pdf

ဒီနေ့ဟာ ကျနော်ရဲ့ မွေးနေ့ပါ။ သူများတွေ မွေးနေ့ဆိုရင် မှတ်မှတ်ရရလေးတွေ လုပ်တတ်ကြတယ်။ တတ်နိုင်တဲ့သူက တတ်နိုင်တဲ့အလျောက်ပေါ့။ ပါတီပွဲတွေ လုပ်ပြီး တချို့တော့လည်း ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြ ပျော်ကြပါးကြနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်တတ်ကြပါတယ်။ ဘလော့ဂ်မှာ ဆိုရင်လည်း ဖွယ်ဖွယ်ရာရာ စားကောင်း သောက်ဖွယ်တွေကို စားချင့်စဖွယ် ပုံနဲ့တကွ တင်ပြီး ဘလော့ဂ် သူငယ်ချင်းတွေကို ဖိတ်ခေါ် ကျွေးမွေးတတ်တဲ့ အလေ့အကျင့်ကလည်း ရှိနေတယ်။ကျနော်အနေနဲ့ ဒီနှစ်မှာ ထူးထူးခြားခြား အစီအစဉ်တစ်ခု လုပ်မယ်လို့ စိတ်ကူးပေမယ့် စိတ်သာရှိတယ်။ အချိန်မရတာကြောင့် လုပ်မှ လုပ်နိုင်ပါ့မလားလို့ အတွေးနဲ့ စိုးရိမ်နေမိတယ်။ ဒါပေမယ့် လုပ်ချင်ဇောကြောင့် အတင်းကို မရမက မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ပိုင်း ဖြတ်ပြီး မနေ့ညပိုင်းက စပြီး အကောင်အထည် ဖော်မိတယ်။ […]

ဆက်ဖတ်ရန် →

ပို့စ် အသစ်ရေးရန် အရှိန်ယူခြင်း …

ဘလော့ဂ်နဲ့ တစ်ဆယ့်ငါးရက်လောက် အဆက်အသွယ် ပြတ်ပြီး တကာလ အခု စာပြန်ရေးမယ်ဆိုတော့ ဘယ်ကဘယ်လို စရေးရမလဲ စဉ်းစားရ ခက်နေတယ်။ ဇန္နဝါရီလ (၂၁) ရက်နေ့ စထွက်လိုက်တဲ့ ခရီးက မနေ့ မနက်မှ ရန်ကုန် ပြန်ရောက်တော့တယ်။ ဒီ ခရီးစဉ် (၁၅) ရက် ကာလအတွင်းမှာ စာ မရေးဖြစ်ပေမယ့် စာရေးဖို့ အတွက် ကုန်ကြမ်းတွေ အတော်များများ စုဆောင်းမိပါတယ်။ ဘလော့ဂ် မရေးဖြစ်ပေမယ့် သုံးရက်ခြား တစ်ခါလောက်တော့ ဘလော့ဂ်ကို သွားကြည့်မိတယ်၊ အီးမေးလ် စစ်ဖြစ်ပါတယ်။ ကျနော် စာ လုံးဝ မရေးဖြစ်တဲ့ (၁၅) ရက်တာ ကာလအတွင်းမှာ လာရောက် လည်ပတ်သူ မပြတ် တွေ့ရတော့ အတော်လေး ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ […]

ဆက်ဖတ်ရန် →