တို့စိတ်တွေ လေနေတဲ့ မေ (၃၁)
မနက်ဖြန်ဆိုရင် သူ ထွက်ခွာသွားတာ (၁၂) နှစ် တင်းတင်းပြည့်သွားပါပြီ။ သူနဲ့ ပတ်သက်တဲ့အကြောင်းကို ကျနော် တံခါးခေါက်သံများ ဆိုပြီး အပိုင်း (၂၊ ၃၊ ၄) မှာ ရေးခဲ့ဖူးပါတယ်။ ကျနော်တို့ အင်မတန်မှ ခင်မင်ရတဲ့ ခင်မင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်၊ သူငယ်ချင်း အားလုံးအပေါ်မှာ အနွံတာ ခံနိုင်တဲ့ ညီအကိုတစ်ယောက်၊ အမေကို အစွမ်းကုန် စိတ်ချမ်းသာစေချင်တဲ့ သားကောင်း တစ်ယောက်။ အဝေမွှေးပေမယ့် အကြွေစောခဲ့တဲ့ သူငယ်ချင်း။ တကယ် ပြန်တွက်ကြည့်ရင် သူ့အသက်က (၂၁)၊ တစ်ချိန်မှာ အင်မတန်မှ မှည့်ဝင်းရွှန်းစိုမယ့် အသီးတစ်လုံးလို့ အားလုံးက မျှော်လင့်ထားခဲ့ပေမယ့် နုနုနယ်နယ်နဲ့ပဲ အကြွေ စောခဲ့ရတယ်။ သူ အဲဒီတုန်းက ကွန်ပြူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျနော် […]