PK Portfolio

Category: အရှေးအဟောင်းများ

မြန်မာ့ကြက်ခြေနီ ဖခင်ကြီး

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၅ ရက် (စနေနေ့) ဒေါက်တာစံစီပိုးဟာ အမေရိကန်နိုင်ငံမှ ဆေးပညာပါရဂူ (MD) ဘွဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ပုသိမ်မြို့မှာ အစိုးရအမှုကို ထမ်းဆောင်နေတယ်။ ရှေးဦးသူနာပြုခြင်း အတတ်ပညာရဲ့ ကျေးဇူးကြီးမားလှပုံကို သိတဲ့အလျောက် ရှေးဦးသူနာပြု အတတ်သင်တန်းတွေ ဖွင့်ပြီး ကိုယ်တိုင်ကိုယ်ကျပ် သင်ကြားပေးတယ်။ ဒါအပြင် ဒေါက်တာစံစီပိုးဟာ `ဒါဏ်ရာရှိသူနာတို့ကို ပဌမကုနည်း´ လို့နာမည်ရတဲ့ `ဂီလာနုပဌက´ ကိုလည်း ရှေးဦးသူနာပြု အတတ်ပညာကျမ်းတစ်စောင် အနေနဲ့ ရေးသားပြုစုခဲ့တယ်။ ၁၉၀၇ ခုနစ် မေလမှာ ပုသိမ်ပုံနှိပ်တိုက်ကနေ ပုံနှိပ်ထုတ်ဝေတယ်။ ကျမ်းစာဟာ ကိုယ်တွေ့ဖြစ်ရပ်များကို အခြေခံထားပြီး ထိုစဉ်က ပလိပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မို့ ပလိပ်ရောဂါအကြောင်းပါ ထည့်သွင်း ဖော်ပြပေးထားတယ်။ကျမ်းစာအုပ်မှာ လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ အရိုးအဆစ်များ၊ အသားပြင်၊ […]

Continue reading →

မြန်မာအစ ???

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၁ ရက် (အင်္ဂါနေ့) ပုဂံသမိုင်းကို ပြောရင် တုတ်ထမ်းပြီး ပြောရမယ်တဲ့။ ဒါပေမယ့် တကယ်တမ်းတော့ မြန်မာ့သမိုင်းကို တုတ်ထမ်းပြီး ပြောရမယ်ဆိုရင် ပိုမှန်လိမ့်မယ်။ ကျနော်တို့တွေ ငယ်ငယ်ကတည်းက သင်ရိုးညွှန်းတန်းနဲ့ သင်ထားခဲ့တဲ့ မြန်မာရဲ့ အစ သမိုင်းက ဘယ်လောက် မှန်ကန်မှု ရှိနေမလဲ။ ကျနော်တို့ အားလုံး ကြားဖူးကြမယ်။ `မြန်မာအစ တကောင်းက´ တဲ့။ ဒါကို မြန်မာသမိုင်းသုတေသန လောကမှာ ထိတ်ထိတ်ကြဲ ကျော်ကြားခဲ့တဲ့ ဆရာကြီးတွေက လက်မခံကြဘူး။ အခုခေတ် ကျနော်တို့နဲ့ လက်လှမ်းမီခဲ့တဲ့ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း ကိုယ်တိုင်ကလည်း ဒါကို လုံး၀ လက်မခံဘူး။ သူရဲ့ စကားလေးကို ကျနော် နားလည်သလို ပြန်ပြောပြပါ့မယ်။ […]

Continue reading →

၁၇၇၄ ခုနစ်မှ ရှေးမြန်မာ့ သင်္ချာကျမ်းကြီး

ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်း ( ၁၇၇၄ ) မြန်မာ့သိပ္ပံပညာဆိုင်ရာ ကျမ်းတွေ စာပေတွေဟာ ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် (၁၇၈၂ – ၁၈၁၉) မှာ အခြေတကျ စပြီး ထွန်းကားလာတယ်လို့ ပညာရှင်အများက လက်ခံ ယုံကြည်ထားကြတယ်။ အဲဒီလို လက်ခံရတဲ့ အကြောင်းကတော့ ဗဒုံမင်းဟာ အိန္ဒိယနိုင်ငံနဲ့ သီဟိုဠ်နိုင်ငံကနေ ကျမ်းပေါင်း (၂၀၀) ကျော်ကို မြန်မာနိုင်ငံသို့ ယူဆောင်စေခဲ့တယ်။ အဲဒီလို ယူလာတဲ့ ကျမ်းတွေရဲ့ မြန်မာပြန်မူတွေကို အခုအချိန်အထိ လက်ဆုတ်လက်ကိုင် ပြနိုင်သေးတယ်။မြန်မာ့သင်္ချာ ပညာသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ကျမ်းပြုသူ အစောဆုံး ခြေရာကောက်မိတဲ့ သင်္ချာကျမ်းကတော့ သင်္ချာပကာသက အမည်ရှိတဲ့ ကျမ်းဖြစ်တယ်။ အဲဒီကျမ်းက ၁၄ ရာစု နှစ်ဦးပိုင်းကတည်းက ယိုးဒယားနိုင်ငံက တဆင့် မြန်မာနိုင်ငံကို […]

Continue reading →

ရှေးခေတ် ဓာတုဗေဒ ပညာရပ်

မြန်မာနိုင်ငံမှာ ဓာတုဗေဒ ဓာတ်ဆေး (Chemicals) တွေကို ပုဂံခေတ် ကတည်းက စပြီး သုံးတတ်တဲ့ အလေ့အဓ ရှိနေပြီလို့ ကျောက်စာ အထောက်အထား အရ သိရပါတယ်။ ပုဂံမြို့ဟောင်း စောလှဝန်းဘုရား အနီး အမတ် အသဝတ် ဓမ္မာမယား ကျောက်စာမှာ တွေ့နိုင်ပါတယ်။ ကျမ်းကိုး ကျမ်းကားနဲ့ စပြီး တွေ့ရတာကတော့ ၁၇၅၉ ခုနစ်က သင်္ဘောဆေးစာ အမည်ရှိတဲ့ ပေစာမူအရ သိရတယ်။ ကုန်းဘောင်ခေတ်အစ အလောင်းမင်းတရား လက်ထက်မှာ ရေးမှတ်ထားခဲ့တဲ့ သင်္ဘောဆေးစာ ဆိုတဲ့ ပေမူဟာ ဓာတုဗေဒကျမ်း တစ်ဆူပါပဲ။ အထဲမှာ ပါတဲ့ စာသားတချို့အရ အဲဒီကျမ်းဟာ မြန်မာနိုင်ငံနဲ့ အဲဒီအချိန်က အဆက်အသွယ် ရှိနေတဲ့ ပေါ်တူဂီတွေ ဆီကနေ ကူးယူထားတယ်လို့ သိရတယ်။မူရင်းကျမ်းမှာ ထုတ်လုပ်နည်းပေါင်း […]

Continue reading →

မြန်မာနိုင်ငံမှ ငွေစက္ကူများ

ကိုလိုနီခေတ်ကနေစပြီး မြန်မာနိုင်ငံမှာ သုံးဖူးတဲ့ ငွေစက္ကူတွေကို ရနိုင်သလောက် စုစည်းပြီး တင်ပြလိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဖြစ်နေကြပါလျက်နဲ့ ဒီနိုင်ငံမှာ လက်ရှိသုံးစွဲလို့ရနေသေးတဲ့ ငွေစက္ကူတွေအားလုံးကို လူငယ်တချို့ မြင်တောင်မမြင်ဖူးတော့ပါဘူး။ ဒီကွက်လပ်လေးကို ဖြည့်ပေးချင်လို့ ကိုယ့်မှာရှိတဲ့ ငွေစက္ကူရော၊ မရှိတာတွေကို အင်တာနက်မှာ ရှာပြီးတော့ အခုလို တင်ပြလိုက်တာပါ။ ဗဟုသုတရမယ်လို့ ယုံကြည်ပါတယ်။ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်း ထုတ်ဝေတဲ့ ငွေစက္ကူအားလုံးနီးပါး ကျွန်တော်အပြင်မှာ မြင်ဖူးပါတယ်။ ဂျပန်ခေတ်နဲ့ ကိုလိုနီခေတ်က ငွေစက္ကူတွေကိုတော့ အင်တာနက်ကပဲ ရှာထားတာပါ။ကိုယ်ကြည့်ပြီးလို့ရှိရင်လည်း တခြားလူတွေကို ညွန်ပေးစေချင်ပါတယ်။ နောက်ပြီး ဒီမှာရှိတဲ့ ငွေစက္ကူပုံတွေကို ကျွန်တော် အသည်းအသန်ရှာထားတာ ဆိုပေမယ့်လည်း အားလုံးကို သိစေချင်တဲ့ဆန္ဒ အပြည့်နဲ့ပါ။ ဒါကြောင့် ဒီငွေစက္ကူပုံတွေကို ကြိုက်သလို ကူးယူပြန့်ပွါးပေးကြပါ။ အကယ်၍ ကျွန်တော့ဆီမှာ လိုအပ်နေတဲ့ပုံတချို့ ရှိမယ်ဆိုရင်လည်း […]

Continue reading →