PK Portfolio

Category: သိပ္ပံပညာ

သေရွာပြန်အတွေ့အကြုံနှင့် အာရုံကြောသိပ္ပံရှုထောင့်

ဆရာဦးအေးမောင် ရေးတဲ့ “သေသည်၏ အခြားမဲ့၌” ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးကြမယ် ထင်ပါတယ်။ အဲဒီစာအုပ်ထဲမှာ သေရွာပြန်တွေရဲ့ အတွေ့အကြုံတွေကို ထည့်ရေးထားတယ်။ သေရွာပြန် ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို အများစုကတော့ သိပြီးသား နေမှာပါပဲ။ ဒါပေမယ့် သေချာအောင် ထပ်ပြောပြရရင် သေပြီလို့ ယူဆခံထားတဲ့ လူက သေရာကနေ (မြောနေရာကနေ) ပြန်နိုးလာတယ်။ အဲဒီလူကို သေရွာပြန်လို့ ခေါ်ကြတာပေါ့။ ဒီနေရာမှာ သေပြီလို့ ယူဆရတဲ့ အကြောင်းအရင်းက အဲဒီလူဟာ အသက်မရှူတော့တာလည်း ဖြစ်ရမယ်၊ ဒါမှမဟုတ် နှလုံးမခုန်တော့တာလည်း ဖြစ်ရမယ်။ အဲဒီလို လူကို သေပြီလို့ သတ်မှတ်ကြတာပေါ့။ အခုနောက်ပိုင်း သိပ္ပံပညာတွေ တိုတက်လာတဲ့ အခါမှာ အဲဒီသတ်မှတ်ချက် နှစ်ခုနဲ့တင် မလုံလောက်တော့မှန်း သိလာရတယ်။ သဘောက ယာယီ […]

ဆက်ဖတ်ရန် →

ဦးနှောက်များကို စိုးမိုးချုပ်ကိုင်မယ့် ကပ်ပါးကောင်

ကျွန်တော်တို့ဟာ ကိုယ့်ကြမ္မာကို ကိုယ်တိုင် စီမံပိုင်ခွင့် ရှိတယ်လို့ ယူဆရတာ သဘောကျကြတယ်။ ကျွန်တော်တို့ရဲ့ အပြုအမူတွေကို တခြားသူ တစ်ဦးတစ်ယောက်က ထိန်းချုပ်နိုင်လောက်တယ် ဆိုတဲ့ အတွေးမျိုးက ကျွန်တော်တို့ကို မသက်မသာ ဖြစ်သွားစေတာ အမှန်ပဲ။ ကျွန်တော်တို့ဟာ သူတစ်ပါးရဲ့ ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်ရဲ့ အဖြစ်မျိုးကို အဖြစ်မခံချင်ကြဘူး။ သတင်းမီဒီယာတွေ၊ ကုမ္ပဏီကြီးတွေရဲ့ တစ်ဖက်သတ် ညှို့ငင်သွေးဆောင်မှုတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ကြတယ်။ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေရဲ့ ဦးနှောက်ဆေးတာကိုလည်း ကျွန်တော်တို့ စက်ဆုပ်ကြတယ်။ ဒါပေမယ့် စကားလုံးတွေ၊ ရုပ်ပုံတွေက ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ အတွေးတွေကို သက်ရောက်မှု ရှိစေတဲ့ တစ်ခုတည်းသော အရာဝတ္ထုတွေတော့ မဟုတ်ကြဘူး။ တခြားသတ္တဝါတွေ … အတိအကျပြောရရင် ကပ်ပါးကောင်တွေ … ဒီထက်ပိုပြီး အတိအကျ ပြောရရင် […]

ဆက်ဖတ်ရန် →

When Animals Dream & The Mind of a Bee

ဒီရက်ပိုင်း ဖတ်ဖြစ်တဲ့အထဲမှာ ထူးခြားတဲ့ စာအုပ်နှစ်အုပ်ပါပဲ။ နှစ်အုပ်စလုံးက Neuroscience နဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေတယ်။ ဒီစာအုပ်နှစ်အုပ်ကို ဖတ်ပြီးတဲ့အခါမှာ ပိုပြီး သဘောကျမိတာက Neuroscience ကြောင့် မဟုတ်ဘဲ သူတို့ရဲ့ သုတေသနလုပ်တဲ့ research methodology တွေပဲ။ ပြောရရင် သူတို့တွေက လူမဟုတ်တော့ သူတို့ရဲ့ ခံစားချက်၊ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေကို ဘာသာစကား တစ်ခုခုနဲ့ ဖော်ပြနိုင်စွမ်း မရှိကြဘူး။ ဒီတော့ လူက အဲဒါကို သိအောင် ဘယ်လို လုပ်မလဲ။ ဒါက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ဥပမာ ပြောရရင် ပျားတွေက စိတ်ဆိုးတတ်သလား၊ စိတ်လှုပ်ရှားတတ်သလား ဆိုတာမျိုးပေါ့။ တိရစ္ဆာန်တွေရဲ့ subjective experience ပုဂ္ဂလိကအတွေ့အကြုံကို တိုက်ရိုက် မလေ့လာနိုင်တော့ […]

ဆက်ဖတ်ရန် →

ချင်ပန်ဇီတွေကို လူတွေလို တွေးတတ်ခေါ်တတ်၊ စီမံကိန်း ချတတ်အောင် ပြုပြင်ယူလို့ ရနိုင်သလား။

Planet of Apes ရုပ်သံဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ အဲဒီဇာတ်ကားတွေထဲမှာ ချင်ပန်ဇီတွေဟာ လူတွေလို တွေးတတ်လာပြီး လူသားမျိုးနွယ်တွေနဲ့ ပဋိပက္ခ ဖြစ်ကြရတဲ့ အကြောင်းကို ရိုက်ထားတယ်။ The Rise of Planet of Apes ဇာတ်ကားထဲမှာတော့ အဲဒီ မျောက်ဝံတွေက ဘယ်လိုကနေ ဘယ်လို လူတွေလို အသိဉာဏ် ရှိလာရတာလဲ ဆိုတဲ့အကြောင်းကို ထည့်ရိုက်ထားတယ်။ ရုပ်ရှင်ထဲမှာ ပါတာကတော့ အယ်ဇိုင်းမားရောဂါကို ကုနိုင်ဖို့ ဆေးထွင်ရင်းနဲ့ မတော်တဆ တွေ့ရှိတာ ဆိုတဲ့ ပုံစံမျိုးနဲ့ ရိုက်ပြထားတယ်။ ဒီတော့ မေးချင်တဲ့ မေးခွန်းက ချင်ပန်ဇီတွေကို လူလို တွေးတတ်လာအောင် တကယ်လက်တွေ့မှာ လက်ရှိသိပ္ပံပညာနဲ့ လုပ်လို့ ရနိုင်မလား။ နောက်တစ်မျိုး ပြောင်းမေးရရင် မျောက်ဝံတွေရဲ့ […]

ဆက်ဖတ်ရန် →

လူက လေကို မမြင်ရတော့ ရေသတ္တဝါတွေကရော ရေကို မြင်ရသလား

စိတ္တဇဂရုတစ်ခုမှာ အဲဒီလို မေးထားတာတွေ့လို့ ဟိုးအရင်တစ်ချိန်က ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးအတိုလေးကို ပြန်သတိရသွားတာနဲ့ ပြန်ရှာပြီး မြန်မာလို ပြန်ပေးလိုက်ပါတယ်။ ဦးနှောက်က အမြင်အာရုံအတွက် အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေကို အလိုအလျောက် ဖယ်ထုတ်ပေးတယ်။ အနံ့ခံအာရုံမှာလည်း အဲဒီသဘောပဲ။ ကျနော်တို့ လေရဲ့ အနံ့ကို မရကြဘူး။ အဲဒီလိုပဲ မျက်စိကလည်း လေကို မြင်ရမှာ မဟုတ်ဘူး။ ဦးနှောက်က ကျနော်တို့ အမြဲဆက်ဆံထိတွေ့နေရတဲ့ လေရဲ့အဆင်းကို အမြင်အာရုံကနေ အလိုအလျောက် ဖယ်ထုတ်ပေးထားတယ်။ တကယ်လို့သာ ဖယ်ထုတ်မထားရင် ကျနော်တို့ရဲ့ အမြင်မှာ ကန့်လန့်ကာတစ်ခု ကာထားသလို ဖြစ်နေတော့မှာပေါ့။ ဒါကြောင့် လေအပြင် လေနဲ့ သဘောဆင်တူတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်က အလိုအလျောက် filter လုပ်ပေးထားတယ်။ ဒါမှလည်း ကုန်းနေသတ္တဝါတွေ အနေနဲ့ ပြင်ပလောကကို […]

ဆက်ဖတ်ရန် →

သင့်ကို ဘယ်သူက အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်နေသလဲ။

တစ်ချိန်တုန်းက ဖတ်ခဲ့ဖူးတဲ့ သိပ္ပံဆောင်ပါးတစ်ပုဒ်ကို အမှတ်ရမိတယ်။ သုတေသနပညာရှင်တွေက သူတို့ရဲ့ အောင်မြင်မှုတစ်ခုကို ထုတ်ပြန်ကြေညာတယ်။ သူတို့ရဲ့ စမ်းသပ်မှုက ဆေးသိပ္ပံအတွက်လည်း အကျိုးများပြီး အနာဂတ် လူ့လောကကိုလည်း အကြီးအကျယ် ပြောင်းလဲလာနိုင်တဲ့ အောင်မြင်မှု တစ်ခုပါပဲ။ ပထမဆုံး သုတေသန လုပ်ရတဲ့ ရည်ရွယ်ချက်က လေဖြတ်လို့ပဲဖြစ်ဖြစ် ဦးနှောက်တစ်ပိုင်း သေသွားတဲ့ ဝေဒနာရှင်တွေအတွက် ရည်ရွယ်ပြီး သုတေသနပြုကြတာပဲ။ Neuroscience ပေါ့။ လေဖြတ်ပြီး ကိုယ်အင်္ဂါတချို့ လှုပ်ရှားလို့ မရတော့တဲ့ သူတွေဟာ ခြေလက် မသန်စွမ်းတော့လို့ မဟုတ်ဘဲ ဦးနှောက်ရဲ့ အစိတ်အပိုင်းတချို့ ချွတ်ယွင်းသွားလို့သာ ဖြစ်တယ်ပေါ့။ အတိအကျပြောရရင် ဦးနှောက်က အမိန့်ပေးတဲ့ အမိန့်တွေဟာ သက်ဆိုင်ရာ ကိုယ်အင်္ဂါဆီ မရောက်အောင် တားဆီးခံရတယ်၊ ဒါမှမဟုတ် အမိန့်ပေးတဲ့ အစိတ်အပိုင်း ကိုယ်နှိုက်က ချွတ်ယွင်းသွားတာမျိုးလည်း […]

ဆက်ဖတ်ရန် →