PK Portfolio

Category: ရောက်တက်ရာရာ

မိတ္ဆက္ပြဲေလးတစ္ပြဲ

ကြွရောက် အားပေးကြသူ အားလုံးကို မင်္ဂလာ အပေါင်းနဲ့ ခညောင်းကြပါစေလို့ ပထမဦးစွာ မေတ္တာ ပို့သလိုက်ရပါတယ်။အခမ်းအနားမှူးအနေနဲ့ ကျနော် ပီကေကနေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားက မိတ်ဆက်ပွဲလေး ဆိုတော့ ပရိသတ်အနေနဲ့ ဘာကို မိတ်ဆက်မှာလဲ ဆိုတာကို အတော်လေး စိတ်ဝင်နေကြမှာပါ။ ဘာကို မိတ်ဆက်မလဲလို့ မပြောခင်မှာ အခမ်းအနား အစီအစဉ်လေး တစ်ချက်လောက်တော့ ပြောပါရစေ။ ဒီအခမ်းအနာမှာ ဘလော့ဂ်တစ်ခုနဲ့ မိတ်ဆက်ပေးမှာပါ။ မိတ်ဆက်ရင်းနဲ့ပဲ ပေါ်လာပုံလေးရယ်၊ ရည်ရွယ်ချက်ကလေးရယ်၊ ရှေ့ဆက်လျှောက်မယ့် ခရီးစဉ်ရယ်၊ ချမှတ်ထားတဲ့ အစီအစဉ်အတွက် အကြံဉာဏ်ကိုပါ တစ်ပါတည်း တောင်းခံသွားမှာ ဖြစ်ပါတယ်။ အခု အခမ်းအနား အစီအစဉ် တစ် အရ မိတ်ဆက်ပွဲလေး စတင်ပါပြီ ခင်ဗျာ။ ကျနော် အခု အားလုံးနဲ့ မိတ်ဆက်ပေးချင်တာကတော့ […]

Continue reading →

ကိတ်မုန့်လေး သုံးဆောင်သွားပါဦး

ခရစ္စမတ် အကြိုအနေနဲ့ကော ခရစ္စမတ်နေ့ အတွက်ပါ ကျနော့်ဆီ လာလည်ကြတဲ့ သူငယ်ချင်းတွေ အားလုံးကို ကိတ်မုန့် လှလှလေးတွေနဲ့ ဧည့်ခံလိုက်ပါတယ်။ ကျနော့်မှာ ကိတ်မုန့်လေးတွေ လှလွန်းလို့ မစားရက်ဘဲ ဖြစ်နေတယ်ဗျာ။ ပထမဆုံး ကိုယ့်သူငယ်ချင်းတွေကို သတိရမိလို့ အားလုံးကို ဖိတ်ခေါ်ပြီး ကျွေးလိုက်ပါတယ်။ ကိတ်မုန့်က စုစုပေါင်း ၄၂ လုံးတောင် ဆိုတော့ လုစားစရာ မလိုဘူးပေါ့ဗျာ။ နောက်ပြီး အဲဒီ ကိတ်မုန့်မှာ ပါတဲ့ ပစ္စည်းတွေ အားလုံးက တစ်ခုမကျန် စားလို့ ရတယ်နော်။ မစားဘဲ လွှင့်မပစ်နဲ့ဦး။ အကုန်စားသွားနော်။ မသိသေးတဲ့ သူငယ်ချင်းတွေကော လမ်းကြုံရင် ပြောပေးပါဦး။ ကိုယ်စားလေး ဖိတ်ပေးပါဦးနော်။ အကယ်၍ မမြင်ရဘူး ဆိုရင် ဒီမှာ ကလစ်နှိပ်ပြီး သုံးဆောင်ကြပါဗျာ။

Continue reading →

ပီကေကပ်သော ဆိုင်းဘုတ်များ

ကျနော် အရင် နှစ်တွေတုန်းက ခရီး သိပ်ထွက်ဖြစ်တယ်။ ခရီးထွက်တိုင်းလည်း ဒေသန္တရ ဗဟုသုတ ရချင်လို့ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ စိတ်ဝင်တစား ပတ်ဝန်းကျင်ကို အမြဲ အကဲခတ်တတ်တယ်။ ဟိုး အရင်က ဘလော့ဂ်တွေ မပေါ်သေးတော့ ကျနော်ရဲ့ ဒိုင်ယာရီထဲမှာပဲ ခရီးသွား မှတ်တမ်းလေးတွေ ရေးမှတ်ထားခဲ့တယ်။ ခရီးစဉ် တလျှောက်လုံးမှာ ကုန်ခဲ့ရတဲ့ အသုံးစားရိတ်တွေ၊ ဖြစ်ခဲ့ရတဲ့ ကမောက်ကမတွေ၊ တက်ခဲ့ရတဲ့ ပြဿနာတွေ၊ ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ ရယ်ခဲ့ရတဲ့ ဟာသတွေ၊ မောခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ဆုံခဲ့ရတဲ့ လူတွေ၊ မြင်ခဲ့ရတဲ့ ကိုးယိုးကားယားတွေ၊ ဒါတွေ ဒါတွေကို အခု ပြန်ဖတ်ကြည့်တော့ အမောပြေ၊ အလွမ်းပြေ၊ အဆာပြေ၊ အညစ်ပြေ အနှစ်တွေ ဖြစ်နေတယ်။ ကျနော် ခရီးသွားရင်း (သို့) […]

Continue reading →

သူငယ်ချင်း တစ်ယောက်ထံမှ ….

ဆုလေးက သူငယ်ချင်းအကြောင်း ရေးဖို့ တက်ထားတာ အတော်ကလေးကို ကြာနေပါပြီ။ ရေးမယ်လို့ ချိန်ဆတော့လည်း ဘယ်သူ့အကြောင်းကို ရေးရမလဲ ဆိုတာကလည်း ပြဿနာလေ။ သူငယ်ချင်းတွေက များတော့ ရွေးရတော့ ခက်သား။ နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက်ကို သွားသတိရတယ်။ သူက ကျနော့်ဘဝမှာ သူမတူအောင် မှတ်တမ်းတင်ထိုက်တဲ့ လူတစ်ယောက်ပါ။ အမှန်အတိုင်း ပြောရရင် သူ့အကြောင်း သိပ်မရေးချင်ပါဘူး။ စဉ်းစားမိတိုင်း စိတ်မကောင်း ဖြစ်လို့ပါ။ သူနဲ့ ကျနော်တို့ (၈) တန်း ကျောင်းသား ဘဝကတည်းက တစ်တန်းတည်း အတူနေ အရမ်းခင်လာခဲ့ကြတာပါ။ ကမျင်းဖော် ကမျင်းဖက်၊ သောင်းကျန်းဖော် သောင်းကျန်ဖက်တွေပါ။ အတန်းထဲမှာ အဆိုးဆုံး၊ အဂျစ်ဆုံး၊ အပေဆုံး၊ အကပ်ဆုံးလို့ ပြောလို့ ရသလိုပဲ အတော်ဆုံးလည်း ဖြစ်ပါတယ်။ (၉) တန်းတုန်းက […]

Continue reading →

ပီကေရဲ့ ဧည့်ခံပွဲလေး

လည်လည်လာကြတဲ့ သယ်ရင်းများ အားလုံး အတွက် ဟိုဟာကို ဂုဏ်ပြုသောအားဖြင့် ကော်ကော်တိုက်ချင်စိတ်လေး ပေါက်လာတယ်ဗျာ။ အားလုံး ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်နဲ့ သောက်ချင်သလောက် သောက်လို့ရအောင် Vending Machine လေး ထားပေး ထားပါတယ်။ ကြိုက်သလောက် သောက်လို့ရအောင် အကြွေလည်း လိုသလောက် ပေးထားတယ်နော်။ ဧည့်သည်များတော့ ကိုယ်တိုင် ဧည့်မခံနိုင်တာ ခွင့်လွတ်ပါနော်။ ကိုယ်တိုင်ယူ စနစ် (Self-service) လေးနဲ့ ကော်ဖီကို အပူကြိုက်ကြိုက် အအေးကြိုက်ကြိုက် ရွေးသောက်သွားကြပါ။ ဒီကော်ဖီစပ်တဲ့ ဖော်မြူလာကို တောင်အမေရိက ကနေသယ်လာတာဆိုတော့ အရင်သောက်ဖူးတဲ့ ကော်ဖီနဲ့ မတူတာတော့ အမှန်ပဲဗျို့။ သောက်ပြီးရင် ကြိုက်မကြိုက် မိုက်မမိုက် ပြောခဲ့ဦးနော်။ ကောင်းရင်လည်း နေ့တိုင်း လာသောက်ပါ။ အဖော်လည်း အများကြီး ခေါ်လာလို့ ရတယ်လေ။ ကဲကဲ […]

Continue reading →

ယိုင္တုိင္တုိင္ အေတြးမ်ား

လျော့ရဲရဲ အပြုံးတွေနဲ့ ခပ်ရိရိ လောကကြီး။ (ငိုပြနေဦးမယ်)ချိနဲ့နဲ့ ခြေလှမ်းတွေနဲ့ အလည်လွန်တဲ့ မျှော်လင့်ချက်။ (ပျံသန်းပစ်လိုက်မယ်)စိမ်းရွှင်ရွှင် အကြည့်တွေနဲ့ ခပ်ကျဲကျဲ ခွင့်လွှတ်ခြင်း။ (လက်စားချေနေတယ်)စပ်ဖြီးဖြီး အမုန်းတွေနဲ့ ခပ်တည်တည် ဖော်ရွေမှု။ (ကျင့်သုံးကြမယ်လေ)စင်းလုံးချော အပြစ်တွေနဲ့ ရောင်စုံခြယ် ကိုယ်ချင်းစာတရား။ (ကြင်နာကြပါစို့လား)အရှုံးပြ နှလုံးသားနဲ့ ခပ်ပေါပေါ သစ္စာ။ (ရယ်မောနေလိုက်တယ်)ခပ်ပျစ်ပျစ် ဟန်ဆောင်မှုနဲ့ အဖာတစ်ရာ ကရုဏာ။ (သနားပါတယ်နော်)ဆန်းသစ်တဲ့ မနက်ဖြန်နဲ့ ခေါက်ရိုးကျိုးနေတဲ့ အချိန်တွေ။ (အား မွေးထားတယ်)ပျိုမျစ်တဲ့ အရှုံးနဲ့ တိုက်စစ်မှူးလေး နောင်တ။ (ယစ်မူးကြဦးစို့)ရိုးတိုးရိပ်တိတ် ပွင့်လင်းမှုနဲ့ မုံယိုနေတဲ့ သမာဓိ။ (အပို ဆောင်ထားကြပါ)ပေါ့ပျက်ပျက် ဒေါသနဲ့ ခက်ထန်တဲ့ အကြင်နာတရား။ (ယမယ်မရှာပါနဲ့)မှုန်ဝါးဝါး အနာဂတ်နဲ့ စူးရှနေတဲ့ ထိုင်းမှိုင်းမှု။ (ခဏ နားသွားပါဦး)ဖျော့တော့တော့ စေတနာနဲ့ ရင့်မာနေတဲ့ နူးညံ့မှု။ […]

Continue reading →

မချစ်တတ်သေးပါ

အချစ်အကြောင်း ပြောပြဖို့ မေပျို က တက် (TAG) ထားတယ်လေ။ သူ့အကိုရဲ့ ဇာတ်လမ်းတွေ ကြားချင်ပုံ ရတယ်။ ဒါပေမယ့် စိတ်မကောင်းပါဘူး သဲရယ်။ အချစ်အကြောင်း ရေးမယ်လို့ အပီအပြင် အားတင်းပြီး ညစ်ထုတ် ကြိုးစားပေမယ့်လည်း တစ်လုံးမှ ထွက်မလာဘူးလေ။ သူငယ်ချင်း တစ်ယောက်က အကို့ကို “Intellectual Robot” လို့ သမုတ်ဖူးတယ်။ အသိတရား ရှိတဲ့ စက်ရုပ်ပေါ့။ လူလို ကောင်းကောင်း မခံစား တတ်ဘူးတဲ့လေ။ ၅ တန်းကတည်းက ခင်လာတဲ့ သူငယ်ချင်းဆိုတော့ သူပြောတဲ့ စကားကို ငြင်းဖို့ အတော် ခက်နေတယ်။ ဒါပေမယ့် ဟုတ်ပါတယ်လို့ ဝန်မခံခဲ့ဘူး။ ငါ ခံစားတတ်ပါတယ် လို့ပဲ ယုံကြည်ခဲ့တာလေ။ သူပြောတဲ့ စကားကို အတော်ကြာကြာ […]

Continue reading →

ကျွန်တော်နှင့် ဘလော့ဂ်

ကျနော် ရန်ကုန်ကို စရောက်တော့ ကွန်ပြူတာ သင်တန်း စတက်ဖြစ်တယ်။ အဲဒီတုန်းက တွဲတဲ့ သူငယ်ချင်း (၇) ယောက်ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အခုအချိန်မှာ (၅) ယောက်ပဲ တွဲဖြစ်တော့တယ်။ ကျနော်တို့ ငါးယောက်အဖွဲ့က ယောကျ်ားလေးတွေ ချည်းပဲ။ အခုဆိုရင် သူငယ်ချင်း မျက်လုံး ပဲ အနားမှာ ရှိတော့တယ်။ ကျန်တဲ့ သူငယ်ချင်းတွေက နိုင်ချံဂါးမှာလေ။ ဒါပေမယ့် ၁၉၉၈ ခုနစ်မှာ မန်းကနေ သူပုန်တစ်သိုက် ရန်ကုန်ကို ရောက်လာလို့ သူတို့နဲ့ ခင်မင်ပြီး လူဆိုးတစ်ယောက် ကနေ လူမိုက်လုံးလုံး ဖြစ်သွားတယ်။ မန်းကရောက်လာကြတာ မိန်းကလေး (၅) ယောက်ပါ။ ဒါနဲ့ ကျနော်တို့ အဖွဲ့က စုစုပေါင်း (၁၀) ယောက်အဖွဲ့ ဖြစ်သွားတယ်။ ဒါပေမယ့် […]

Continue reading →

မိမိကိုယ်ကို အတင်းတုတ်ခြင်း

ကျနော့်ကို သူများအကြောင်းချည်း ပြောနေတယ် ဆိုပြီး လာအော်တယ်ဗျ။ ကိုယ့်အကြောင်းလည်း ပြောပါဦးပေါ့။ နောက် ညီမလေး မေပျိုကလည်း လာတက်ထားတယ်လေ။ ဒီတော့ ကျနော် သိသလောက်တော့ ပြောပြမယ်။ ကျနော်က တစ်ခါတစ်လေကျ ကိုယ့်ကိုယ်ကိုတောင် ဘာလုပ်လို့ လုပ်နေမှန်း သိပ်မသိချင်ဘူး။ ဒါကြောင့် ကျနော် သိသလောက် ရေးမယ်လို့ ပြောလိုက်တာပါ။ ကိုယ့်အကြောင်းကို ပြောရမယ် ဆိုရင် သေမလောက် ကြောက်ပါတယ်။ ဒါပေမယ့် ရင်းရင်းနှီးနှီး ခင်ရတော့မယ်လို့ ထင်လိုက်မိရင်တော့ အဲဒီလူကို သိထားသင့်သလောက် ကျနော် အမြဲ ပြောပြတတ်ပါတယ်။ ကျနော်က လူတစ်ယောက်ကို ခင်တော့မယ်ဆိုရင် အဲဒီလူကို အရင် အကဲခတ်တတ်ပါတယ်။ အဓိကက သူ့ရဲ့ စိတ်ဓါတ်ပါ။ နောက် အပြုအမူပေါ့။ နောက်ပြီး အကျင့်။ ဒီ သုံးခုကို […]

Continue reading →

ကျနော်၏ ကျေးဇူးရှင်ကြီးများ (စာပေ)

ရေးမယ် ရေးမယ်နဲ့ ချိန်ရင်းနဲ့ပဲ အကြွေးကလည်း တစ်နေ့တစ်ခြား ပုံလအော် တိုက်လာပြီ။ တစ်ခုချင်းဆီ အမြန်ဆပ်မှ ဖြစ်မယ်လေ။ တော်ကြာ နောင်ဘဝကျ ဆပ်နေရမယ်။ ကျနော် အရင်ဆုံးနဲ့ အပြောချင်ဆုံး ကတော့ စာအုပ်တွေ နဲ့ သူတို့ရဲ့ စာရေးသူတွေ အကြောင်းပါ။ ကျနော့်ကို တက် (TAG) ထားတာကတော့ အကြိုက်ဆုံး စာရေးဆရာတွေကို ပြောဖို့ပါပဲ။ ဒါပေမယ့် သူတို့တွေ ရေးတဲ့ စာအုပ်ထဲက အကြိုက်ဆုံး စာအုပ်တချို့ကိုလည်း ထုတ်ပြချင်သေးတယ်။ အခု ကောင်းတယ်ဆိုတဲ့ အမြင်တွေက ကျနော် အမြင်ပဲ ဖြစ်လို့ မှားကောင်းမှားပါမယ်။ အနည်းဆုံး ကျနော် ဘာကို ကြိုက်သလဲ ဆိုတာတော့ စာဖတ်သူတွေ ရိပ်စားမိသွားမှာပါ။ကျနော် စာဖတ်လာတဲ့ သက်တမ်းက အတော် နုပါသေးတယ်။ လွန်ခဲ့တဲ့ […]

Continue reading →